ဥရောပအလည်ပိုင်းမှာ တည်ရှိတဲ့ ချက်သမ္မတနိုင်ငံဟာ ခရစ်စတယ်နဲ့ ကြွေထည်လုပ်ငန်းကို နှစ်ပေါင်းရာချီ လုပ်ကိုင်လာခဲ့ပြီး မီးဆိုင်း၊ ခရစ်စတယ်၊ ကြွေထည် အလှဆင်ပစ္စည်းများနဲ့ လက်ဝတ်ရတနာများကို ကမ္ဘာတလွှား နိုင်ငံများစွာ တင်ပို့ရောင်းချခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ယနေ့ထက်တိုင်ပါ။
နာမည်ကျော် ဒီဇိုင်နာတွေ ပြုလုပ်ထားတဲ့ ကြွေထည်ပစ္စည်းတွေ၊ ခရစ်စတယ် လက်ဝတ်ရတနာ ပစ္စည်းတွေကို ဥရောပ၊ မြန်မာလက်ရာ ဒီဇိုင်းကောင်းကောင်းနဲ့ ရှေးခေတ်ပုံစံ၊ ယနေ့ခေတ်ပုံစံ စသဖြင့် “Traditional Czech Crystal Company Limited” မှာ စိတ်ကြိုက် အော်ဒါမှာယူနိုင်တယ်လို့ သိရပါတယ်။
ရှေးခေတ် ဒီဇိုင်းများနဲ့ ပြုလုပ်ထားတဲ့ ချက်နိုင်ငံထုတ် လက်လုပ် ခရစ်စတယ် ပစ္စည်းတွေ၊ မြန်မာ့ လက်ရာ ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အရောင်အသွေးစုံ၊ အနုလက်ရာ ဒီဇိုင်းတွေနဲ့ ဝယ်ယူ ရရှိနိုင်ပါတယ်။
“Traditional Czech Crystal Co, Ltd” မှာ မိတ်ဖက် ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Glass Bor, Halama Glass, Crystal Glamour, Senyr Bijoux, Crystalex, Thun 1794, Art Glass နဲ့ Jitka Skuhrava Glass တို့က ထုတ်လုပ်တဲ့ ခရစ်တယ် လက်ဝတ်ရတနာပစ္စည်းတွေ၊ မီးဆိုင်းတွေ၊ စားပွဲတင် အလှဆင် ပစ္စည်းတွေ ရှိပါတယ်။
“မြန်မာ့လက်ရာ ဒီဇိုင်းတွေမှာဆိုရင် ဒေါင်းပုံ၊ ဆင်ပုံ၊ ကြာပန်းပုံ၊ ရွှေရောင်ပန်းများ စတဲ့ မြန်မာ့ဟန် အငွေ့အသက်တွေ ပါတဲ့ လက်ရာမျိုးစုံကို စိတ်ကြိုက်မှာယူနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ရှေးဟောင်းလက်ရာ ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရစ်စတယ် လက်ဝတ်ရတနာတွေ၊ အသုံးဆောင် ပစ္စည်းတွေနဲ့ မီးဆိုင်းတွေလည်း ရနိုင်ပါတယ်” လို့ Traditional Czech Crystal Company Limited မှ Design Consultant ဖြစ်သူ Ms.Andrea Hyniova’ က ဧရာဝတီကို ပြောပါတယ်။
ချက်နိုင်ငံထုတ် မီးဆိုင်း၊ မီးအုပ်ဆောင်းတွေမှာဆိုရင် ဂန္ဓဝင်ခရစ်စတယ် ဖြတ်စလက်ရာများ၊ အရောင်စုံလက်ရာများ၊ ရွှေပြားခေတ်၊ ကြေးရောင်တောက်၊ ကြေးရောင်မှိန်၊ ရှေးဟောင်း ကြေးရောင်၊ နီကယ်တောက်၊ ရှေးဟောင်းနီကယ်၊ အစိမ်း၊ အစိမ်းလွင်လွင်၊ ရွှေဖြူစတဲ့ အရောင်များနဲ့ ဒီဇိုင်းစုံ လက်ရာတွေကို စိတ်ကြိုက် မှာယူနိုင်တယ်လို့ သိရပါတယ်။
ဆေးခြယ် အရုပ်ထွင်းထားတဲ့ မီးအုပ်ဆောင်းနဲ့ လိုက်ကာ အဆင်တန်ဆာတွေကိုလည်း မြန်မာ့ဟန် မြန်မာ့လက်ရာများနဲ့ မြန်မာလူမျိုးများအကြိုက် ကြာပန်းပုံ၊ ကနုတ်ပန်းပုံ စသဖြင့် ပြုလုပ်မှာယူ နိုင်ပါတယ်။
“မြန်မာနိုင်ငံကို အစောဆုံးရောက်ရှိခဲ့တဲ့ ပထမဆုံး ချက်မီးဆိုင်းဟာ ၁၈၉၅ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ မီးဆိုင်းကို ယခုအခါ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ မြင်တွေ့နိုင်ပြီး နေပြည်တော်က လွှတ်တော် အဆောက်အဦးတွေမှာ အသုံးပြုထားတဲ့ မီးဆိုင်းတွေဟာလည်း ချက်နိုင်ငံထုတ် မီးဆိုင်းတွေ ဖြစ်တယ်” လို့ Ms.Andrea Hyniova’ က ဆိုပါတယ်။
ချက်ဖန်ထည် ပြုလုပ်သူများဟာ ၁၈ ရာစုမှာ အခြားတန်ဖိုးကြီး ကျောက်မျက်ရတနာများကို အတုယူပြီး ဖန်ထည် လက်ဝတ်ရတနာများကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ချက်နိုင်ငံထုတ် ခရစ်စတယ်၊ မီးဆိုင်းများနဲ့ လက်ဝတ်ရတနာများ သမိုင်းဟာ နှစ်ပေါင်းရာချီခဲ့ပြီ ဖြစ်ပါတယ်။
ဘိုဟီးမီးယားလို့ လူသိများခဲ့တဲ့ အလယ်ဥရောပကနေ ချက်ဘုရင့်နိုင်ငံမှာ ခရစ်စတယ်ပစ္စည်းတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။
ဘိုဟီးမီးယားမြောက်ပိုင်းဒေသမှာ ဖန်ချက်ရာမှာ အသုံးပြုတဲ့ သဲ၊ သစ်များ ပေါများတာကြောင့် ဖန်ထည်ပစ္စည်းများကို ပြုလုပ်တဲ့ အတတ်ပညာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး လှပထူးခြားတဲ့ ဖန်ထည် ပစ္စည်း ဒီဇိုင်းတွေကြောင့် ကမ္ဘာတလွှား လူကြိုက်များခဲ့ပြီး ကမ္ဘာ့ဒေသအနှံ့ကို တင်ပို့ရောင်းချခဲ့တာ ယနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။
ချက်နိုင်ငံထုတ် ခရစ်စတယ်၊ ဖန်ထည်၊ လက်ဝတ်ရတနာများ၊ အလှဆင်ပစ္စည်းများ၊ မီးဆိုင်းများ၊ ဥရောပဟန်၊ မြန်မာ့ဟန် လက်ရာဒီဇိုင်းများကို မှာယူ၊ ဝယ်ချင်တယ်ဆိုရင် ရန်ကုန်မြို့ ဆူးလေ ပလာဇာ ပထမထပ်မှာရှိတဲ့ “Traditional Czech Crystal Company Limited” မှာ သွားရောက် မှာယူ ဝယ်နိုင်ပါတယ်။