အသက် ၃၅ နှစ်အရွယ် R&B အဆိုတော်ဘီယွန်းဆေး(Beyonce) ဟာ ဇွန်လ ၁၂ ရက် တနင်္လာနေ့မှာ အမွှာ သားလေးနဲ့သမီးလေးကို မွေးဖွားခဲ့ကြောင်း TMZ မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
အမွှာ ကလေးငယ်များကို လမစေ့ဘဲ မွေးခဲ့တဲ့အတွက် မွေးပြီး တပတ်နီးပါး အမွှာလေးတွေရဲ့အခြေအနေကို ဆေးရုံမှာ စောင့်ကြည့်နေခဲ့ရပါတယ်။ အရမ်း စိုးရိမ်စရာမရှိပေမယ့် အမွှာလေးများကို မီးရောင်အောက်မှာထားပြီး အနီးကပ် စောင့်ရှောက်ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။
အမွှာလေးတွေရဲ့အမည်ကိုတော့ မကြေညာသေးဘူးလို့ သိရပါတယ်။ ဘီယွန်းဆေးရဲ့ဖခင်ဖြစ်သူကလည်း သမီးဖြစ်သူက အမွှာသားနဲ့သမီးလေးကိုမွေးတဲ့အတွက် အရမ်းဝမ်းသာခဲ့တယ်လို့ ဆိုပါတယ်။ အင်စတာဂရမ်မှာ အမွှာလေးတွေအတွက် မွေးနေ့ဆုတောင်းရေးသားခဲ့ပြီး ဆုတောင်းစာအဆုံးမှာ “ဖိုးဖိုး”ဆိုပြီးရေးသားခဲ့ပါတယ်။
ပရိသတ်အများကလည်း ဘီယွန်းစေးရဲ့ မိသားစုပုံကို ကာတွန်းရေးဆွဲပြီး အမွှာလေးတွေအတွက် ဆုတောင်း ပေးကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဘီယွန်းဆေးက သူမရဲ့ ဒုတိယမြောက်ကိုယ်ဝန်ဟာ အမွှာလေးတွေဖြစ်ကြောင်းကို မိခင်ဘုရင်မတယောက်လို ပုံစံမျိုးနဲ့ဝတ်ဆင်ပြီး ပရိသတ်တွေကို အင်စတာဂရမ်မှာကြေညာခဲ့တာပါ။ အဆိုပါပုံဟာ တစ်ရက်အတွင်း Like ပေါင်း ၈ သန်း ရရှိခဲ့ပါတယ်။
အမွှာကလေးများအတွက် သူနာပြုစရိတ်ကို ဒေါ်လာ ၅ သိန်းအထိ သုံးစွဲခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
Ref: life and style
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။