Lifestyle

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ ကချင်တိုင်းရင်းသား အောင်လအင်ဆန်းနှင့် ရုရှားနိုင်ငံသား Bigdash တို့၏ Light of the Nation လက်ဝှေ့ ထိုးသတ်ပွဲကို သုဝဏ္ဏ အားကစားခန်းမတွင် ၃၀.၆.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများမှာ ၁ သောင်းမှ ၂ သိန်းကျပ် အထိသတ်မှတ်ထားကြောင်း သိရသည်။

၂။ မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင် ခေတ်အသွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲနှင့် ယှဉ်ပြိုင်တေးစကား လေဒီစတား ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ၊ အမျိုးသား ကဇာတ်ရုံတွင် ၂၉.၆.၂၀၁၇ နှင့် ၃၀.၆.၂၀၁၇ ရက်နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံကျော်၊ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ်နှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပြီး လက်မှတ်များကို အမျိုးသား ကဇာတ်ရုံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

၃။ မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း တို့ ပါဝင်ယှဉ်ပြိုင်ကြမည့် Kanbawza Bank cup 2017 ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင်၂၈.၆.၂၀၁၇ ၊ ၃၀.၆.၂၀၁၇ ရက်နှင့် ၂.၇.၂၀၁၇ ရက်နေ့များ နေ့စဉ် ညနေ ၆ နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်သည်။ ဘောလုံးပွဲလက်မှတ်များကို ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀ ကျပ်သတ်မှတ်ထားပြီး သုဝဏ္ဏ အားကစားကွင်း၊ လှည်းတန်းစင်တာနှင့် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းတို့ တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

၄။ ရာပြည့်စာအုပ်တိုက် နှစ်ပတ်လည် အထူးလျော့ဈေး စာအုပ်အရောင်းပွဲတော်ကို ပန်းဆိုးတန်း (အထက်) လမ်းနှင့် ဦးထွန်းလင်းခြံလမ်းရှိ ရာပြည့်စာအုပ်တိုက်များတွင် ၁.၇.၂၀၁၇ မှ ၇.၇.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရာပြည့်စာအုပ်တိုက်နှင့် ဖူးပွင့်ဝေေ၀ စာအုပ်တိုက်များမှ ထုတ်ဝေသည့် စာအုပ်များကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၅။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဘဏ်များနှင့် ချိတ်ဆက်ထားသည့် အိမ်ခြံမြေ အရောင်းပြပွဲကြီးကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် ၃၀.၆.၂၀၁၇ မှ ၂.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆို ပါအရောင်းပြပွဲကြီးတွင် ဘဏ်များမှ ပြပွဲရက်အတွင်း အိမ်ရာများ ဝယ်ယူနိုင်ရန် ချေးငွေပမာဏသိန်း ၂၀၀ မှစ၍ အထူးနှုန်းထားများဖြင့် ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး အိမ်ခြံမြေလောကမှပညာရှင်များ ကလည်း လိုအပ်သည့်အချက်အလက် ဗဟုသုတများ ဟောပြောပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၆။ Wednesday Night Music: Acoustic Session ဂီတဖျော်ဖြေပွဲကို ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ ရှိ 50th Street Café Restaurant Bar တွင် ၂၈.၆.၂၀၁၇ ရက်နေ့ည ၈ နာရီ ၃၀ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲတွင် ရဲလင်းအောင်နှင့် BRIAN EVISTON တို့က ဂန္ထဝင်ဂီတ၊ Pop ဂီတများ သီဆို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

၇။ Open Mic Unplugged ကို လှည်းတန်းစင်တွင် ၂၈.၆.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လူငယ်များ စင်မြင့်စကားပြော စွမ်းရည်ကို တိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

၈။ အဆိုရှင် ၁၂ ဦးပါဝင်သည် Pouring [email protected] The West ဂီဖျော်ဖြေပွဲကို ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Building D, G12 တွင် ၃၀.၆.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲတွင် ဂီတအမျိုးအစား စုံလင်စွာ ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ ၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

၉။ ဧရာဝတီမြစ်အတွင်း လှည့်လည် အပန်းဖြေရင်း မြူးကြွသည့်ဂီတ၊ အက၊ ဂိမ်းအစီစဉ်များ၊ စားသောက်ဖွယ်ရာများ ပါဝင်မည့် Tranceportation 2 (သင်္ဘောပေါ်မှ ဂီတပွဲတော်) သင်္ဘောသည် ဝါးတန်းဆိပ်ကမ်းမှ ၁.၇.၂၀၁၇ ရက်နေ့ နေ့လည် ၁၂ မှ စတင်ထွက်ခွာမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၁၅၀၀၀ ကျပ်သတ်မှတ်ထားကာ ဖုန်း 09796140175 သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်းသိရသည်။

၁၀။ ကိုရီးယား-မြန်မာပန်းချီအနုပညာရှင်များ၏ Platform of the Peace အနုပညာပြပွဲကို ရွှေတောင်ကြားလမ်း ရှိ New Treasure Art Gallery တွင် ၁.၇.၂၀၁၇ မှ ၆.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကိုရီးယား အနုပညာရှင် ၁၀ ဦးနှင့် မြန်မာပန်းချီပညာရှင်များ၏ အနုပညာလက်ရာများကို ပြသသွားမည် ဖြစ်ပြီး ဖွင့်ပွဲရက်တွင် ကိုရီးယားနှင့် မြန်မာရိုးရာဂီတအက ဖျော်ဖြေမှုများကိုလည်း တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading