Lifestyle

ကျောင်းသား၊ ကျောင်းသူများအတွက် “Samsung Quiz Show” အစီအစဉ်

Want create site? Find Free WordPress Themes and plugins.

Samsung Myanmar မှ MNTV ရုပ်သံလိုင်းနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို အဖွဲ့လိုက်ယှဉ်ပြိုင် ဖော်ထုတ်ပြသကြရမယ့် “Samsung Quiz Show” ပညာရေးထောက်ကူ ဉာဏ်စမ်း ရုပ်မြင်သံကြားအစီအစဉ်ကို ယနေ့၊ ဇွန်လ ၂၇ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

“ဒီ အစီအစဉ်ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဖော်ဆောင်ရာမှာ ပညာရေးက အရမ်းအရေးကြီးတယ်။ လူငယ်တွေကို ငယ်စဉ်ကတည်းက ကောင်းမွန်စွာ ပြုစု ပျိုးထောင်ပေးမှ နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်တယ်ဆိုတာ မီးမောင်း ထိုးပြတာပါ” လို့ Samsung Myanmar ရဲ့ Head of Marketing, Mr.Richard See က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာရှိတဲ့ စာသင်ကျောင်းများမှ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသား၊ ကျောင်းသူများကို တကျောင်းလျှင် ၃ ဦးနှုန်း ရွေးချယ်ခဲ့ပြီး တနိုင်ငံလုံး စုစုပေါင်း စာသင်ကျောင်း ၃၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၉၉ ဦးတို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ ဒီ အစီအစဉ်ကို ၂၀၁၃ ခုနှစ်တုန်းက တကြိမ်ပြုလုပ်ဖူးပါတယ်။ အခုက ဒုတိယအကြိမ်ပါ။ ဒီတကြိမ်မှာတော့ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေအတွက် တင်ဆက်ပုံ အသစ်နဲ့ လက်ရှိအနေအထားတွေပေါ် မူတည်ပြီး ပြန်လည် အသက်သွင်းထားပါတယ်” လို့ Mr.Richard See က ဆိုပါတယ်။

ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူများကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ Final Round ဆိုပြီး Level တခုချင်းစီမှာ အမျိုးအစားမတူညီတဲ့ပုံစံများနဲ့ အဖွဲ့လိုက် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ဉာဏ်စမ်းမေးခွန်းများအပြင် ဂိမ်းအစီအစဉ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။

“နောက်ဆုံးအဆင့် Final မှာ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတပါ စစ်ဆေးမယ်။ အဖွဲ့ ၃ ဖွဲ့ကို ဆု ၃ ဆု ပေးမယ်။ ဆုကြေးငွေအပြင် ကိုရီးယားကို အလည်ခေါ်မယ့် ကိုရီးယားမှာရှိတဲ့ Samsung Headquarter ကို သွားရောက်လေ့လာခွင့်ပြုမယ်။ ဆုကြေးငွေ သိန်း ၄၀၀ နဲ့အတူ နိုင်ငံတကာက ကလေးတွေရဲ့ ကြိုးစားနေပုံပါ လေ့လာခွင့်ရမယ်” လို့ Samsung Myanmar ရဲ့PR and Citizenship Manager ကိုစိုးသူရက ပြောပါတယ်။

“Samsung Quiz Show” ပညာရေးထောက်ကူ ဉာဏ်စမ်း ရုပ်မြင်သံကြား အစီအစဉ်ကို ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး MNTV ရုပ်သံလိုင်းမှာ အပတ်စဉ်၊ သောကြာနေ့ ညနေ ၅ နာရီခွဲတိုင်း ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading