Lifestyle

Coach အလှကုန်အမှတ်တံဆိပ်ရဲ့ မော်ဒယ်လ်ဖြစ်လာသူ ဆယ်လီနာ

Want create site? Find Free WordPress Themes and plugins.

နာမည်ကြီး အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Coach New York မှ အဆိုတော်၊သရုပ်ဆောင်နဲ့ ထုတ်လုပ်သူတဦးဖြစ်တဲ့ ဆယ်လီနာဂိုးမတ်ဇ်နဲ့ ကုန်အမှတ်တံဆိပ်ရဲ့ ၂၀၁၇ ခုနှစ်အတွက် စည်းရုံးလှုံဆော်တဲ့ ကြော်ငြာတခုကို ရိုက်ကူး ခဲ့ပါတယ်။

သူမဟာ Coach အမှတ်တံဆိပ် လက်ကိုင်အိတ်ကိုလွယ်ကာ ကားပေါ်မှာမှီပြီး ခရီးတိုတခုသွားတော့မယ့် ပုံစံမျိုးကို ဓာတ်ပုံဆရာ Steven Meisel နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒီလိုမျိုး ရိုက်ကူးခဲ့ခြင်းဟာ လွတ်လပ်ပေါ့ပါးမှုကို ဖော်ညွှန်းချင်တဲ့ ဆယ်လီနာရဲ့ စိတ်ကူးဖြစ်ပါတယ်။

ဆယ်လီနာဟာ အင်စတာဂရမ်မှာ ပရိသတ်ပေါင်း ၁၂၂ သန်းရှိပြီး Disney ရဲ့ နာမည်ကျော်သရုပ်ဆောင်၊ အဆိုတော် ဖြစ်တဲ့အပြင် သူမရဲ့ စိတ်ဓာတ်ကျမှုတွေကို ပရိသတ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်။

Coach ရဲ့ Creative Director တဦးဖြစ်သူ Stuart Vevers ပြောပုံအရ ဆယ်လီနာဟာ စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်သလို လက်တွေ့ဆန်သူတဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ Vevers လိုချင်တဲ့ပုံစံဖြစ်ပြီး Vevers က ဆယ်လီနာကို မော်ဒယ်လ်အဖြစ်ရွေးချယ်လိုက်တာက လူငယ်တွေကို အဓိကဆွဲဆောင်ချင်တဲ့အတွက်ကြောင့်ဖြစ်ကာ သူထင်ထားသလို ဖြစ်လာတယ်လို့လည်း ပြောပါတယ်။

တန်ဖိုးကြီးလက်ကိုင်အိတ်များ ထုတ်လုပ်တဲ့ Coach ရဲ့ The Rogue, The Coach Swagger, The Edie ဆိုတဲ့ လက်ကိုင်အိတ်ကြော်ငြာ ၃ ခုကိုလည်း နယူးယောက်မြို့မှာ ဆယ်လီနာနဲ့ ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Cocah ရဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များဟာ ကမ္ဘာတဝှမ်းမှာသာမက မြန်မာနိုင်ငံမှာပါ လူကြိုက်များတဲ့ အလှကုန်ပစ္စည်များ ဖြစ်ပါတယ်။

Ref: blouinartinfo

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading