ကမ္ဘာလှည့်ဖျော်ဖြေတာတွေ ရပ်နားတော့မယ်လို့ အဒဲလ် ကြေညာ
“Rolling in the deep” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော် အဒဲလ် (Adele) ဟာ ဂရမ်မီဆုများစွာကို ပိုင်ဆိုင်ထားသူပါ။
သူမဟာ အခုချိန်မှာတော့ ကမ္ဘာအရပ်ရပ်ကို လှည့်လည်ဖျော်ဖြေတာတွေကို ရပ်ဆိုင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ ဆိုပြီး ပြောဆိုလိုက်ပါပြီ။
ဒီသတင်းကတော့ အဒဲလ်ကို ချစ်တဲ့ပရိသတ်တွေအတွက်ကတော့ တကယ့်ကို သတင်းဆိုးလို့ ဆိုရမှာပါ။
ဘာအကြောင်းကြောင့် ရပ်ဆိုင်းချင်ရသလဲဆိုတာကိုတော့ သူမကိုချစ်တဲ့ပရိသတ်များအတွက် သူမကိုယ်တိုင် ရေးထားတဲ့စာမှာ ရှင်းပြထားပါတယ်။
“ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေနဲ့ပတ်သက်ပြီး ကျမနဲ့သဟဇာတမဖြစ်ဘဲ တမျိုးကြီးဖြစ်နေလို့ပါ။ နောက်ပြီး ကျမ အိမ်မှာနေပြီး အိမ်မှုကိစ္စတွေ လုပ်ရတာကို ပိုကြိုက်လို့ပါ။ ဒါ့အပြင် ကျမမှာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး ဆိုးဝါးလှတဲ့အတိတ်တွေရှိနေလို့ပါ။ အခုချိန်ထိပါဘဲ” လို့ ဆိုပြီး အင်စတာဂရမ်မှာ သူမကိုယ်တိုင်ရေးသားဖော်ပြခဲ့တာပါ။
သူမနေနဲ့ အခုလို ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ရပ်ဆိုင်းတော့မယ့်အကြောင်း ပြောဆိုခဲ့တာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း တကြိမ် ပြောခဲ့ဖူးပါသေးတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ လေးနှစ်အရွယ်သားငယ် အန်ဂျလို အတွက် ဦးစားပေး ပြုစုပျိုးထောင်ဖု့ိအကြောင်းကို အရင်ကပြောဆိုခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် ယခုထိ ဆက်လက်ဖျော်ဖြေနေခဲ့တာပါ။
ပုံမှာမြင်တွေ့ရတဲ့အတိုင်းသူမဟာ “ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ရပ်ဆိုင်းဖို့ စီစဉ်ထားပေမယ့် ပရိသတ်များရဲ့တောင်းဆိုမှုကြောင့် ယခုအချိန်အထိ ၁၅ လကြာအောင် ထပ်မံဖျော်ဖြေခဲ့တာပါ။ အခုတော့ နောက်ဆုံးဖျော်ဖြေပွဲအနေနဲ့ လန်ဒန်မှာပြုလုပ်မှာပါ။ နောက်ထပ်ဖျော်ဖြေပွဲတွေပြုလုပ်ဖို့က မသေချာတော့ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့ဇာတိဖြစ်တဲ့ လန်ဒန်မှာ နောက်ဆုံးအနေနဲ့ပြုလုပ်တာပါ” လို့ ရေးသားခဲ့ပါတယ်။
Ref:yahoo
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။