၁။ တင်မောင်ဆန်းမင်းဝင်းနှင့် မင်းရွှေရောင်တင် ရွှေမန်းသဘင်၏ မိုးရာသီ အပတ်စဉ် အထူး ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် အပတ်စဉ် သောကြာ၊ စနေနေ့ ည ၇ နာရီအချိန် တင်ဆက်သွားမည်ဖြစ်သည်။ ဖျော်ဖြေပွဲ လက်မှတ် များကို ဖုန်း ၀၉-၇၉၂၈၆၆၃၇၀ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ ရာပြည့် စာအုပ်တိုက် နှစ်လည်အထူးလျှော့ဈေး အရောင်းပွဲတော်ကို ပန်းဆိုးတန်း(အထက်)လမ်းနှင့် ဦးထွန်းလင်း ခြံ လမ်းရှိ ရာပြည့်စာအုပ်တိုက်များတွင် ၁.၇.၂၀၁၇ မှ ၇.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဈေးရောင်း ပွဲတော်တွင် ရာပြည့်နှင့် ဖူးပွင့်ဝေေ၀ စာအုပ်တိုက်ထုတ် စာအုပ်များကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးနေ ကြောင်း သိရသည်။
၃။ Wednesday Night Music: Acoustic Session ဂီတဖျော်ဖြေပွဲကို ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ ရှိ 50th Street Café Restaurant Bar တွင် ၅.၇.၂၀၁၇ ရက်နေ့ည ၈၀ နာရီခွဲအချိန်၌ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် ရဲလင်းအောင်နှင့် BRIAN EVISTON တို့က ဂန္ထဝင်ဂီတ၊ Pop ဂီတများကို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
၄။ Reggae အဆိုတော် စောဖိုးခွား ဖျော်ဖြေမည့် Reggae Night ဂီတပွဲကို ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel တွင် ၅.၇.၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲ၌ စတင်မည်ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး Reggae ဂီတ ချစ်မြတ်နိုးသူများ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
၅။ ပန်းချီချစ်သူများ ပါဝင်ဆင်နွှဲနိုင်မည့် Paint and Sip for Charity အနုပညာလှုပ်ရှားမှုကို ပန်းဆိုးတန်း (အထက်လမ်း) ရှိ Pansodan Scene Gallery တွင် ၉.၇.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီခွဲ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ပါဝင်ဆင်နွှဲမည့် သူများသည် ၂၅၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ပြီး ထိုငွေများကို ရေးမြို့နယ်ရှိ မူလတန်းကျောင်းသို့ ပြန်လည် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ International Chocolate Day အထိမ်းအမှတ်နေ့ကို ကမ်းနားလမ်းရှိ Strand Hotel တွင် ၇.၇.၂၀၁၇ ရက်နေ့ နေ့လယ် ၂ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ချောကလက် အရသာမျိုးစုံကို သုံးဆောင်နိုင်ပြီး ပါဝင်ဆင်နွှဲလိုသူများသည် ၀၁-၂၄၃၃၇၇ သို့ ဆက်သွယ်ကာ စာရင်းပေးနိုင်ကြောင်း သိရသည်။
၇။ စင်ကာပူနိုင်ငံမှ ဂီတပညာရှင် Daniel Chia ၏ Smooth Jazz ဂီတ ဖျော်ဖြေပွဲကို ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ The West Steak House တွင် ၇.၇.၂၀၁၇ ရက်နေ့ ည ၈ နာရီ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ဂျက်ဂီတ ချစ်မြတ်နိုးသူများ ပါဝင်ဆင်နွှဲနိုင်ပြီး ဝင်ကြေး ကျပ် ၁ သောင်း သတ်မှတ်ထားသည်။
၈။ ၂ နှစ်အထက် ကလေးငယ်များ ပါဝင်ဆင်နွှဲနိုင်မည့် မေမေတို့ရဲ့ကြယ်ပွင့်လေးများ ပျော်ပွဲရွှင်ပွဲကို Junction Mawtin တွင် ၉.၇.၂၀၁၇ ရက်နေ့၌ ပြုလုပ်သွားမည် ဖြစ်သည်။ ကလေးငယ်များ အတွက် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များ၊ မိခင်များ အတွက် ဗဟုသုတရဖွယ် အစီအစဉ်များ၊ အာဟာရ ပြည့်ဝစေသည့် အစားအသောက် ပြင်ဆင်မှုများနှင့် လက်ဆောင် ပစ္စည်းများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ကိုရီးယားအနုပညာရှင် Youngjeong Oh ၏ Another Round အနုပညာပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၂ လမ်းရှိ Open Space Yangon အနုပညာပြခန်းတွင် ၁.၇.၂၀၁၇ မှ ၅.၇.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်ပြီး လူသားတို့၏ မှတ်ဉာဏ်နှင့် ပတ်သက်သည့် အနုပညာဖန်တီး တင်ဆက်မှုများကို ကြည့်ရှုခံစားရမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီမင်းသူရိန်၏ SUDDENLY တကိုယ်တော် ပန်းချီပြပွဲကို ယုဇနဥယျာဉ်မြို့တော်ရှိ ၁၅ လမ်း A Block ရှိ အင်တာနယ် ပန်းချီပြခန်းတွင် ၁.၇.၂၀၁၇ မှ ၃၁.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် နာဂစ်၊ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များကို အခြေခံသည့် ပန်းချီလက်ရာများ ပြသသွားမည်ဖြစ်ပြီး ကဗျာရွတ်ဖတ်ခြင်း နှင့် Street Art လှုပ်ရှားမှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။