Lifestyle

အောက်တိုဘာမှာ လက်ထပ်တော့မယ့် ဆောင်ဂျွန်ကီနဲ့ဆောင်းဟေဂို

Want create site? Find Free WordPress Themes and plugins.

Descendants of The Sun ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲထဲက စစ်သားနဲ့ဆရာဝန်မလေးအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ ဆောင်ဂျွန်ကီနဲ့ဆောင်းဟေဂိုတို့ဟာ အောက်တိုဘာလ ၃၁ ရက်နေ့(Halloween Day)မှာ လက်ထပ်ကြတော့မယ်လို့ သူတို့နှစ်ယောက်ရဲ့ Agency တွေဖြစ်တဲ့ Blossom Entertainment Agency နဲ့ United Artists Agency တို့က ဇူလိုင်လ ၅ ရက်နေ့ ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

“လက်ထပ်တာက ကိုယ်ရေးကိုယ်တာ ကိစ္စတင်မဟုတ်ဘဲ မိသားစုတွေနဲ့ပါ သက်ဆိုင်ပြီး နက်နဲလွန်းပါတယ်။ လက်မထပ်ခင်မှာ အရမ်းသတိထားရတဲ့အတွက် ဒီသတင်းကို ကြေညာလိုက်လိုက်တာပါ။ မင်းသားနဲ့မင်းသမီးအတွက် အကောင်းဆုံးဆုတောင်းပေးကြပါ” လို့ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ Descendants of The Sun ဇာတ်ကားမှာ စတွေ့ခဲ့ကြပြီး ရုပ်ရှင်ရိုက်ရင်းနဲ့ချစ်ကြိုက်သွားခဲ့ကြတာပါ။ ပြည်ပခရီးတိုတွေလည်း အတူတူသွားကြပါတယ်။ ဆောင်းဟေဂိုက ဆောင်ဂျွန်ကီနဲ့မတွဲခင်ကလည်း မင်းသားတယောက်နဲ့ တွဲရတာ သက်သောင့်သက်သာ မရှိဘူးလို့ ခံစားရတယ်ဆိုပြီး ပြောထားသေးတယ်လို့ သူတို့နှစ်ဦးနဲ့ ရင်းနှီးသူက OSEN မီဒီယာမှာ ပြောပြခဲ့ပါတယ်။

သူတို့ရဲ့ဆက်ဆံရေးကိုလည်း မီဒီယာတွေက ရေးသားနေတာတွေကိုလည်း မကြိုက်ဘဲ သူတို့အကြောင်းကို သူတို့ ကိုယ်တိုင်ပြောချင်ပါတယ်လို့လည်း ဖွင့်ဟထားပါတယ်။

အခုဆို မိသားစုနှစ်စုလည်း အချင်းချင်းတွေ့ဆုံပြီးပါပြီ။ ပရိသတ်တွေလည်း သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းကို ဂုဏ်ပြု ဝမ်းမြောက်နေကြပါတယ်။

ဆောင်းဟေဂိုဟာ မြန်မာပရိသတ်တွေရင်ထဲသို့ “ဆောင်းဦးရွက်ကြွေချစ်သက်သေ”ဆိုတဲ့ ဇာတ်လမ်းတွဲထဲက အွန်စောအဖြစ်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆောင်ဂျွန်ကီကတော့ Descendants of The Sun ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အတူ မြန်မာပရိသတ်တွေအကြား ရေးပန်စားအောင်မြင်ခဲ့သူပါ။

Ref: soompi/ allkpop

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading