မင်းသား ကင်ဆိုးဟွန်ရဲ့ စရိုက်နှစ်မျိုးနဲ့ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ Real အက်ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့ ဆိုးဝါးတဲ့ဝေဖန်မှုတွေကို အပြင်းအထန်ခံရပြီး ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံး ဇာတ်ကားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Dream High, Moon Embracing The Sun, My Love from Another Star စတဲ့ ဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကင်းဆိုဟွန်က ၄ နှစ်အကြာမှ ခေါင်းဆောင်မင်းသားနေရာကနေ စရိုက်နှစ်မျိုးနဲ့ ရိုက်ကူးခဲ့တဲ့ အဆိုပါ Real အက်ရှင်ဇာတ်ကားဟာ သူ့ အသက် ၃၀ မပြည့်ခင်မှာ နောက်ဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
အဆိုပါ Real အက်ရှင်ဇာတ်ကားကို ဇွန်လ ၂၇ ရက်နေ့မှာ ပရိသတ်တွေကို ချပြခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ စတင်ထုတ်လွှင်ခဲ့ပါတယ်။
Real ဇာတ်ကားဟာ ကိုရီးယားနိုင်ငံမှာတင်သာမက မြန်မာနိုင်ငံရဲ့ဖေ့စ်ဘွတ်တခွင်မှာလည်း တော်တော်လေး ဝေဖန်မှုတွေ များခဲ့ပါတယ်။ ဆိုးဆိုးဝါးဝါးဝေဖန်ခံရတဲ့အကြောင်းရင်းကတော့ ကိုရီးယားအဆိုအဖွဲ့ f(x) ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်သူ ဆူလီက ဇာတ်ကားထဲမှာ ကင်ဆိုးဟွန်နဲ့ ညစ်ညမ်းတဲ့အခန်းကို သရုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်လို့ သိရပါတယ်။
သို့ပေမယ့် ကင်ဆိုးဟွန်ကတော့ ဒီလို ဝေဖန်မှုတွေများနေတဲ့ကြားက ဒီ ဇာတ်ကားကို ကြိုက်နှစ်သက်ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ လူနှစ်ယောက်က လူတယောက်ထဲ အသွင်ဆောင်ရတဲ့အတွက် သူ့အနေနဲ့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။
ဇာတ်ကားမထွက်ခင်မှာ ဇာတ်ကားကို လက်ခံနိုင်ဖို့အတွက် တကြိမ်ထက်ပိုပြီး ကြည့်သင့်တယ်လို့ ကြိုတင် သတိပေးထားခဲ့ပါတယ်။
“ဝေဖန်မှုတွေ ရှိတာကတော့ ပုံမှန်ပါပဲ။ ပရိသတ်တွေက ဇာတ်ကားရဲ့ အဓိကအနှစ်သာရကို မမြင်သေးလို့ နေမှာပါ။ ကျနော် ကိုယ်တိုင်တောင် ဇာတ်ညွှန်းကို တော်တော်လေး နားလည်အောင်လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီ ဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်”လို့ ကင်ဆိုးဟွန်က ပြောပါတယ်။
ကင်ဆိုးဟွန်ဟာ ဒီဇာတ်ကားမှာ ကိုယ်တိုင်သရုပ်ဆောင်ထားရုံသာမက အရင်းအနှီး ဒေါ်လာ ၇ သန်းကိုလည်း စိုက်ထုတ်ခဲ့ရပါတယ်။
Box Office မှာ Real ဇာတ်ကားကို နာမည်ကြီးစေချင်တာအမှန်ပါပဲလို့လည်း ဖွင့်ဟခဲ့ပါတယ်။
Ref:koreaportal
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။