Lifestyle

အချစ်ရေးအတွက် ထိရောက်တဲ့အဖြေမရှိသေးဘူးလို့ဆိုတဲ့ နေတိုး

Want create site? Find Free WordPress Themes and plugins.

အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းခံရတဲ့အထဲ တဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ထိရောက်တဲ့ အဖြေမရှိသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အချစ်ရေးကတော့ ဒီအတိုင်းပါပဲ။ နှလုံးသားရေးနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ အဖြေကိုပေးဖို့အတွက် အခွင့်အရေးမရှိသေးပါဘူး။ ဒီအတိုင်းပါပဲ” လို့ သရုပ်ဆောင် နေတိုးက ဧရာဝတီကို ပြောပါတယ်။

နေတိုးက သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ထွက်ရှိနေတဲ့ ကောလဟလများနဲ့ ပတ်သက်လို့ မသိတဲ့အတွက် ပြောစရာမရှိကြောင်းနှင့် နှလုံးသားရေးနဲ့ပတ်သက်လို့ တကယ်ကို နှစ်နှစ်ကာကာ သစ္စာရှိရှိနဲ့ ချစ်တဲ့အချစ်မျိုးကိုတော့ စိတ်ကူးယဉ်ဖူးပါတယ်လို့ ဆိုပါတယ်။

လက်ရှိ သူ့ရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဇူလိုင်လ ၉ ရက်နေ့တွင် “ကြောက်ကြောက်ကြောက်” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရုံတင်တော့မှာဖြစ်ပြီး ၁၀ ရက်နေ့တွင် ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ ပြင်ဦးလွင်မှာ ရုပ်ရှင် သွားရိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

အနုပညာလုပ်ငန်းအပြင် စီးပွားရေးလုပ်ဖို့လည်းရှိပြီး စီးပွားရေးလုပ်တဲ့အခါမှာလည်း အနုပညာနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်လောက်မှာ လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်“နှင်းဆီအဖွဲ့”အနေနဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့ Rose Rider ဆိုတဲ့ရုပ်ရှင်ကားကြီး ရိုက်ကူးသွားမှာဖြစ်ပြီး လာမယ့် ၉ လပိုင်းမှာလည်း “နှင်းဆီအဖွဲ့” နဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ ဖျော်ဖြေသွားဖို့ရှိတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading