Lifestyle

ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” Mini Album ထွက်တော့မည်

Want create site? Find Free WordPress Themes and plugins.

တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” လို့ အမည်ပေးထားတဲ့ Mini Album ကို  ဇူလိုင်လ ၇ ရက်နေ့၊ ရန်ကုန်မြို့ ၈ မိုင်ရှိ The Loft House Bar & Restaurant မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်ပါတယ်။တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” လို့ အမည်ပေးထားတဲ့ Mini Album ကို  ဇူလိုင်လ ၇ ရက်နေ့၊ ရန်ကုန်မြို့ ၈ မိုင်ရှိ The Loft House Bar & Restaurant မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်ပါတယ်။

“ဒီအခွေလေးကို သေသေချာချာ အကုန်အကျခံပြီး လုပ်ထားပါတယ်။ ပုံမှန် ကုန်ကျစရိတ်ထက် ၅ ဆ၊ ၆ ဆ လောက် အကုန်ကျခံ ထားပါတယ်။ သီချင်းပုံစံလေးတွေ Change (ပြောင်း) ထားပါတယ်။ ဒီကြားထဲ “ဂါ” အခွေကလည်း ထွက်ထားတာ မကြာသေးဘူး ဆိုတော့ Mini album  အနေနဲ့ပဲ ထွက်ဖြစ်တာပါ” လို့ ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ၆ ခွေမြောက် ဖြစ်တဲ့ ယင်း တကိုယ်တော် “မယ်သီတာ” အယ်လ်ဘမ်လေးမှာ သီချင်း ၆ ပုဒ်ပါ ဝင်ပြီး၊ တေးရေး ရွှေဂျော်ဂျော်၊ အောင်လ၊ ဝေကြီး၊ ဝေယံမင်းသူ တို့ ပါဝင်ရေးသားပေးထားကာ တေးသံရှင် အောင်လ ကလည်း  တွဲဖက် သီဆိုပေးထားပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ “မယ်သီတာ” တေးစီးရီးကို ဇူလိုင် ၁၆ ရက်နေ့က စပြီး စီးတီးမတ် အရောင်းဆိုင်များ အပါအဝင် အမြို့မြို့ အနယ်နယ်ရှိ အရောင်းဆိုင်တွေမှာ ဝယ်ယူအားပေးနိုင်တယ် လို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading