ထိုင်းနိုင်ငံရဲ့ အရည်အသွေးမြင့် အိမ်မွေးတိရစ္ဆာန်အစာ ရောင်းချမှုဟာ ယခုနှစ်မှာ “Asian Seafood Coldstorage Pcl” ရဲ့ ကုမ္ပဏီရှယ်ယာကို ၂၀၄ ရာခိုင်နှုန်းထိ ရောက်ရှိစေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်မှာလည်း ရှယ်ယာ အစုပေါင်း ၆၀၀ နီးပါး ရောင်းချနိုင် ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ အရည်အသွေးမြင့် အိမ်မွေးတိရစ္ဆာန်အစာ ရောင်းချမှုဟာ ယခုနှစ်မှာ “Asian Seafood Coldstorage Pcl” ရဲ့ ကုမ္ပဏီရှယ်ယာကို ၂၀၄ ရာခိုင်နှုန်းထိ ရောက်ရှိစေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်မှာလည်း ရှယ်ယာ အစုပေါင်း ၆၀၀ နီးပါး ရောင်းချနိုင် ခဲ့ပါတယ်။
အိမ်မွေးတိရစ္ဆာန် ခွေးနဲ့ ကြောင်တွေဟာ ပိုင်ရှင်တွေ အတွက်တော့ ထိန်းသိမ်း ပြုစုရ ခက်ခဲလှပေမယ့် ယခုနှစ်ရဲ့ “the best performing stock in Thailand” ဆုကို ရရှိခဲ့တဲ့ ထိုင်းနိုင်ငံအခြေဆိုက် စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ “Asian Seafood Coldstorage Pcl” အတွက်ကတော့ ကောင်းမွန်တယ် လို့ ပြောရမှာပါ။
ကုမ္ပဏီရဲ့ ဘဏ္ဍာငွေဟာ ၂၀၁၆ ခုနှစ်မှာ ထိုင်းဘတ်ငွေ ၉ ဒသမ ၄ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ၁၄ ဒသမ ၅ ဘီလီယံ အထိ ရောက်ရှိမှာ ဖြစ်ကြောင်း အကြီးတန်း ငွေကြေးအရာရှိ တဦးဖြစ်သူ “Hendrikus van Westendorp” က အင်တာဗျူး တခုမှာ ဖြေကြားသွားပါတယ်။
“အိမ်မွေးတိရစ္ဆာန်အစာ ရောင်းဝယ်ရေးဟာ အမြတ်အစွန်းရဖို့ အလားအလာ ရှိတဲ့ ကျနော်တို့ရဲ့ အဓိက စီးပွားရေးပါ။ လူ အများစု ကလည်း အဆင့်မြင့် တိရစ္ဆာန်အစာ ရောင်းဝယ်ရေး လုပ်ငန်းမှာ ရင်းနီးမြုပ်နှံဖို့ ဆန္ဒရှိနေကြပါတယ်” ဆိုပြီး အသက် ၅၃ နှစ် အရွယ် မစ္စတာဗန်ဝပ်စတန်ဒေါ့ပ်က တနင်္လာနေ့က ပြောကြားခဲ့တာပါ။
Asian Seafood ရဲ့ ရှယ်ယာတွေဟာ ၆ ဒသမ ၆ ရာခိုင်နှုန်းထိရောက်ရှိခဲ့ပီး ထိုင်းဘတ်ငွေ ၁၄ ဒသမ ၆၀ အထိ ဖြစ်လာခဲ့ ပါတယ်။ တနင်္လာနေ့ ည ထိုင်း စံတော်ချိန် ၁၂:၁၆ မှာတော့ စံသတ်မှတ်ချက်မှ သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၄ ဒသမ ၂၀ ဘတ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
Asian Seafoods ကုမ္ပဏီမှ တင်သွင်းတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ ကတော့ အမေရိကန်မှ “Rachael Ray”၊ ယူကေမှ “Applaws” နဲ့ ဂျပန်မှ “Aixia” တို့ဖြစ်ပါတယ်။ Asian Seafood ရဲ့ သတင်းအချက်အလက်တွေ အရ ဘဏ္ဍာငွေ ရဲ့ လေးပုံတစ်ပုံ ခန့်ဟာ တိရစ္ဆာန် အစားအစာ လုပ်ငန်းက ဖြစ်ပြီး ၂၀၁၄ ခုနှစ်ရဲ့ ပထမလေးလမှာ ၄ ရာခိုင်နှုန်း အထိ ရှိလာတာပါ။
ဆက်လက်ပြီး မစ္စတာဗန်က ကုမ္ပဏီရဲ့ ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး “၂၀၂၀ ခုနှစ်မှာ အိမ်မွေးတိရစ္ဆာန်အစာ ရောင်းချမူကို ထိုင်းဘတ်ငွေ ၄ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁၅၀ ရာခိုင်နှုန်း အထိ ရောင်းချနိုင်အောင် ပင်လယ်စာများကို ထိုင်းဘတ်ငွေ ၇ ဒသမ ၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း အထိ တိုးလာစေရန် အမြတ်အစွန်းအနေနဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားကြောင်း” ပြောကြားပါတယ်။
“ကုမ္ပဏီရဲ့ အမြတ်ငွေ တိုးတက်လာမူဟာ ကျေနပ်အားရဖွယ် ရှိနိုင်ပေမယ့် ဈေးကွက်ထပ်မံ ချဲ့ထွင်နိုင်ဖို့ အတွက် စားသုံး သူများရဲ့ လိုအပ်ချက်တွေကို ရှာဖွေပေးနိုင်ဦး မလား ဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါ” လို့ ဘန်ကောက်မြို့ Capital Nomura Securities Pclမှ Ploenjai Jirajarus က သုံးသပ် ပြောကြားပါတယ်။
ပို့ကုန်အနေနဲ့ ၆၂ ရာခိုင်နှုန်း အထိ ဖြစ်ခဲ့ပြီး ပထမနှစ် ဝက်မှာ အသားတင် ဝင်ငွေ ၁၀၅ ဒသမ ၈ မီလီယံ အထိ ရှိပါတယ်။ မနှစ်ကထက် ၁၀ ဒသမ ၈ မီလီယံ အထိ တိုးတက်ခဲ့ပါတယ်။ ကုန်စည် စီးဆင်းမူဟာ ပြီးခဲ့တဲ့ မေလ လယ် လောက် အထိ တရှိန်ထိုး တိုးတက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ရှယ်ယာ စာရင်းအရ တနှစ်တာ ကုန်သွယ်မူဟာ မျှော်မှန်းထားတာထက် ၁၃ ဒသမ ၃ ဆ ရှိခဲ့ပြီး ၅ နှစ်တာ အတွင်း ပျမ်းမျှ ၁၁ ဒသမ ၄ ဆ တိုးတက်လာတာ ဖြစ်ကြောင်း သိရပါတယ်။ ။
Ref: bangkokpost.com