အားလုံးသိကြတဲ့ အဆိုတော် ဆယ်လီနာ(Selena Gomez) ဟာ အမေရိကန်နိုင်ငံရဲ့ ၂၄၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သူမရဲ့ပရိသတ်တွေ ပျော်ရွှင်ပြီး အမှတ်တရဖြစ်စေဖို့ ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Snapchats မှာ ၇ စက္ကန့်စာ ဗီဒီယိုအတိုလေးတခုတင်ပြီး လွတ်လပ်ရေးနေ့ကို ပါဝင်ဆင်နွှဲခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့မှာ ဆယ်လီနာဟာ အဆိုတော် မိုင်လေ ဆိုင်းရပ်စ်(Miley Syrus)ရဲ့ အောင်မြင်ပြီးသား သီချင်းတပုဒ်ဖြစ်တဲ့ Party in the U.S.A အမည်ရ သီချင်းကိုဖွင့်ကာ သူမရဲ့ချစ်စဖွယ်အမူအရာနဲ့အတူ အဆိုပါတေးသီချင်းကို လိုက်သီဆိုရင်း “Happy Independence Day” စာတမ်းနဲ့လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စွာဆင်နွှဲနေတာကို တွေ့မြင် ခဲ့ရတာပါ။
အဆိုပါ ဗီဒီယိုကြောင့် အတိတ်မှာ မကျေလည်မှုတွေ ရှိခဲ့ကြတဲ့ ဆယ်လီနာနဲ့မိုင်လေတို့နှစ်ဦးဟာ ပြန်လည်သင့်မြတ်သွားပြီဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြထားပါတယ်။
သူတို့နှစ်ဦးရဲ့သီဆိုမှုပုံစံတွေဟာ လုံးဝကို ကွဲပြားခြားနားတယ်ဆိုပေမယ့် ယခုလို ပြန်လည်သင့်မြတ်မှုရတဲ့ အနေနဲ့ ပူးတွဲဖျော်ဖြေမှုတွေ လုပ်လာမလားဆိုတာကိုတော့ သူတို့တွေကို ချစ်တဲ့ပရိသတ်တွေအတွက် တော့ စိတ်ဝင်တစားနဲ့စောင့်ကြည့်ရဦးမှာပါ။
Ref:teenvogue
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။