Samsung Myanmar မှ ကမ္ဘာ့ပထမဆုံး ရာနှုန်းပြည့် အရောင်ထွက်အားကောင်းမွန်၍ ကြည်လင်ပြတ်သားသော QLED TV သစ်ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Junction city မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
“အခုခေတ်မှာ တီဗီအရွယ်အစား ကြီးလာတာနဲ့အမျှ အရည်အသွေးကောင်းတဲ့ ပုံရိပ်အရည်အသွေးကလည်း သုံးစွဲသူတွေရဲ့ အဓိကဦးစားပေး အချက်တချက်ဖြစ်လာပါတယ်။ အဲဒါကြောင့် Samsung က အခု မိတ်ဆက်လိုက်တဲ့ အရောင်ထွက်အားကောင်းမွန်တဲ့ Quantum dot နည်းပညာသစ်ကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် QLED TV က သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ Samsung Myanmar မှ Managing Director Mr.Young Seok Ham က ပြောပါတယ်။
အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ QLED စီးရီးသစ်ဟာ DCI-P3 Color Space တိတိကျကျ ဖော်ပြထားနိုင်ခြင်းကြောင့် အရောင်ဖော်ပြနိုင်စွမ်း အထူးမြှင့်တင်ထားပြီး အရောင်ထုထည်ကို ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့် ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် Samsung QLED TV အသစ်သည် 2D Color Space Model များတွင် ဖော်ပြနိုင်စွမ်းမရှိသည့် အလင်း အနေအထားပေါ်မူတည်ပြီး အသေးငယ်ဆုံးသော အရောင်ကွာခြားချက်များကိုပါ ပြသနိုင်ပါတယ်။
Samsung QLED TV ရဲ့ဒီဇိုင်းလုပ်ဆောင်ချက်အသစ်ဟာ ကေဘယ်ကြိုးများ ရှုပ်ထွေးခြင်း၊ နံရံထူခြင်းနဲ့ ကိရိယာများ တီဗီအောက်တွင် ရှုပ်ထွေးနေခြင်းကဲ့သို့သော အခက်အခဲများကို ဖြေရှင်းပေးသွားမှာဖြစ်ပြီး ကြည့်ရှုသူများအနေနဲ့ တီဗီဖန်သားပြင်ပေါ်တွင် ပြသနေသည်များကိုသာ အဓိက အာရုံစိုက်နိုင်အောင် ဆွဲဆောင်သွားမှာ ဖြစ်ပါတယ်။
QLED TV များရဲ့ဒီဇိုင်းနဲ့ အသုံးခံမှုဆိုင်ရာ အဆင့်မြှင့်တင်မှုများတွင် ကိရိယာများအား တပေါင်းတစည်းထဲ ဖြစ်စေရန်အတွက် တီဗီနဲ့ ချိတ်ဆက်နိုင်မယ့် မမြင်ရတဲ့ ကေဘယ်ကြိုးတချောင်းတည်းသာ ပါဝင်ပြီး တီဗီအား နံရံနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်မယ့် “No Gap Wall-Mount “ လည်းပါဝင်ပါတယ်။
တီဗီအား နံရံနဲ့ချိတ်ဆက်အသုံးမပြုလိုတဲ့ သုံးစွဲသူများအတွက် သစ်လွင်ပြီး စတိုင်ကျသည့် ထောက်တိုင် နှစ်မျိုးလည်း ပါဝင်ကာ ၎င်းတို့မှာ ပန်းချီရေးဆွဲသည့် ထောက်နဲ့ဆင်တူတဲ့ “Samsung Studio Stand” နဲ့ လှပကျော့ရှင်းပြီး တီဗီနဲ့ ချိတ်ဆက်ထားသော မျက်မှောက်ခေတ် ပန်းပုအလားထင်မှတ်ရတဲ့ “Samsung Gravity Stand” တို့ ဖြစ်ပါတယ်။
ပိုမိုအဆင့်မြှင့်တင်ထားသော Samsung One Remote ကြောင့် သုံးစွဲသူများအနေနဲ့ တီဗီနဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာများအား ရီမုဒ်တခုတည်းနဲ့ အသုံးပြုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ QLED TV တီဗီအား ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး တီဗီအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းအနေဖြင့် မြန်မာကျပ်ငွေ သိန်း ၄၀ မှ သိန်း ၉၀ အတွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Samsung Electronics ကုမ္ပဏီအနေနဲ့ တကမ္ဘာလုံးတွင် တီဗီများ၊ အိမ်သုံး လျှပ်စစ်ထုတ်ကုန်များ၊ Smartphone များ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ ကင်မရာများ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်များ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များ၊ Semiconductor များနဲ့ LED Solutions များကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။