Lifestyle

အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေ ရောင်းချမယ့် ဈေးရောင်းပွဲတော်

MMAC Event Management မှ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပမယ့် မြန်မာနိုင်ငံမှ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကုန်ပစ္စည်းများ ရောင်းချမယ့် ဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့များတွင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ဒီ ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေမှာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေရှိပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အနုပညာရှင်တွေရဲ့ ပစ္စည်းတွေကို ဝယ်ချင်၇င် တနေရာစီ သွားနေရတယ်။ အဲဒီလိုမျိုးသွားမဝယ်ရအောင် လာမယ့် ဇူလိုင် ၁၈၊ ၁၉ရက်တွေမှာ MCC ခန်းမကိုလာပြီး တနေရာထဲမှာ ဝယ်ယူလို့ရအောင် စီစဉ်ထားပါတယ်” လို့ ပွဲစီစဉ်တဲ့ MMAC Event Management မှ မမီမီညွန့်ဝင်းက ပြောပါတယ်။

1st Cele Product % Fair 2017 လို့ အမည်ပေးထားတဲ့ ဒီပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမတွင် ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက် ၂ ရက်တိုင်တိုင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပါဝင်ရောင်းချသွားမယ့် အနုပညာရှင်များကတော့ သက်မွန်မြင့်၊ မေခလာ၊ ဒါရိုက်တာကိုပေါက်၊ အိမ့်ချစ်၊ စိန်လင်း (Aroma) ၊ရန်ရန်ချန်း၊ အနဂ္ဂ၊ နိုင်းဝမ်း၊ ထိန်ဝင်း၊ ပန်းနီ၊ ဝေလျှံ၊ မေမြတ်နိုး၊ ကျားပေါက်(Big Big) ၊ချမ်းငြိမ်းကို၊ မှူးရတနာကျော်၊ လိမ္မော်သီး၊ ဝေတာရီ၊ DJ Kendrick အစရှိတဲ့ အနုပညာရှင်များနဲ့အတူ အခြား အနုပညာရှင် များစွာက ပါဝင်ဖျော်ဖြေရောင်းချသွားမှာ ဖြစ်ပါတယ်။

Loading