• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
14 July 2017
in Lifestyle
A A
ဒီတပတ်ဖတ်စရာ
8.4k
VIEWS
Share on FacebookShare on Twitter
အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အာဇာနည်နေ့ ဖြစ်စဉ် စာအုပ်မျက်နှာဖုံး

စာရေးသူ           – မောင်ဇေယျာ
စာအုပ်အမည်     –  အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အာဇာနည်နေ့ ဖြစ်စဉ်
အမျိုးအစား       –  သမိုင်း

လူငယ်များအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဘဝဖြစ်စဉ် အတ္ထုပ္ပတ္တိ၊ နိုင်ငံ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်တွေ ကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုစုထားတဲ့စာအုပ်ဖြစ်ပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
1.9k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
345
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.1k

ဒီစာအုပ်မှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့၊ ဗိုလ် ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)၊ ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)၊ သခင်မြ (၁၈၉၇-၁၉၄၇)၊ ဦးရာဇတ် (၁၈၉၈-၁၉၄၇)၊ ဦးဘဝင်း (၁၉၀၁-၁၉၄၇)၊ မန်းဘခိုင် (၁၉၀၃-၁၉၄၇)၊ မိုင်းပွန် စော် ဘွားစဝ်စံထွန်း (၁၉၀၇-၁၉၄၇)၊ ဦးအုန်းမောင် (၁၉၁၃-၁၉ ၄၇)၊ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) စတဲ့ အတ္ထုပ္ပတ္တိစာစုများနဲ့ အတူ နောက်ဆက်တွဲအဖြစ် လုပ်ကြံမှုကြီး၏ဇာတ်သိမ်း (ဦးအောင်ဇံဝေ)၊ ခေါင်းဆောင်ကြီးများ ကျဆုံးစဉ်က (ဦးဘဂျမ်း)၊ မမေ့နိုင်သော ဇူလိုင်လ ၁၉ ရက် (တက္ကသိုလ် နေဝင်း)၊ ဗိုလ်ချုပ်အမှုမှတ်စု (ဦးသောင်းစိန်) စတဲ့ ဆောင်းပါးများကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။ the key collection စာအုပ် တိုက်ရဲ့စကားလက်ဆောင်နဲ့ ဆရာ မောင် ဇေယျာရဲ့အမှာစကား ကိုလည်း ဖတ်ရှုရမှာပါ။

the key collection စာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်မျက်နှာဖုံး

စာရေးသူ           –  သခင်ကိုယ်တော်မှိုင်းနှင့် အခြား
စာအုပ်အမည်     –  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ
အမျိုးအစား       –  အတ္ထုပ္ပတ္တိ

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးခဲ့တဲ့ အတ္ထုပ္ပတ္တိ စာမူအချို့နဲ့ ဗိုလ်ချုပ်ရဲ့လုပ်ဖော်ကိုင်ဘက်များက ဝိုင်းဝန်းရေးသားပေး ကြတဲ့စာမူတွေကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကြီးကြပ် ပြင်ဆင်တည်းဖြတ်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ခေတ်စစ်ဝန်ကြီးဘဝမှာ ရေးသားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဇာတိဂုဏ်၊ ကလေးဘဝ၊ ကျောင်း သားဘဝ၊ စစ်သူရဲကောင်းဘဝအစိတ်အပိုင်းများ အဓိက ပါဝင်ပြီး  ဗိုလ်ချုပ်နဲ့ရင်းရင်းနီးနီးနေထိုင်ခဲ့ဖူးကြတဲ့ သခင်တင်ဦး၊ ဦးအုန်းမြင့်၊ သခင်ဗအေး၊ သခင်တင်မောင် (ကျုံမငေး)၊ သခင်တင်အောင်၊ ဦးဝမ်ကိုဟော၊ မန်းတင်၊ တပ်မှူးချုပ် ဗိုလ် ကျော် ဇော၊ မြဒေါင်းညို၊ ဒဂုန်တာရာ၊ ဒုတိယ ဗိုလ်မှူးကြီးဘို၊ ဗိုလ်ဘုန်းကျော် (နတ်မောက်)၊ ဗိုလ်ထွန်းလှ၊ တက္ကသိုလ် ဆုမြိုင်၊ ဆ ရာဇော်ဂျီ၊ ခင်မောင်(ပြည်) တို့ရဲ့အမှတ်တရစာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့နိဒါန်း၊ ဝန်ကြီးချုပ်သခင်နုရဲ့မှတ်ချက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ခွင့်ပြုချက်မှတ် တမ်း၊ ဗိုလ်သိမ်းဆွေ(ထုတ်ဝေသူ)ရဲ့အစီရင်ခံစာ၊ ဦးလှဒင်(ပုံနှိပ်သူ)ရဲ့ ထင်မြင်ချက်တွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၄၂၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

 

အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ စာအုပ်မျက်နှာဖုံး

စာရေးသူ         –  သခင်ချစ်မောင် (ဝိဓူရ)
စာအုပ်အမည်   –  အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ
အမျိုးအစား     –  အတ္ထုပ္ပတ္တိ

နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို လုပ်ကြံဖို့အစီအစဉ်ဆွဲနေချိန်မှာ ဦးစောက `သခင်မြကို တစ်နည်းနည်းနဲ့ လွတ်သွားအောင် မလုပ်နိုင်ဘူးလား၊ သူဟာ အင်မတန်နိုင်ငံရေး သိက္ခာကြီးတဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေတယ်`လို့ ပြောခဲ့ပါတယ်။

ဒီစာအုပ်မှာတော့ အမျိုးသားအာဇာနည်ခေါင်ဆောင်ကြီးသခင်မြရဲ့ ငယ်စဉ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ ရန်ကုန် ကော လိပ် သပိတ်မှောက် ခေါင်းဆောင်ဘဝ၊ အိမ်ထောင်သည်ဘဝ၊ ဥပဒေပြုလွှတ်တော်အမတ်ဘဝ၊ နိုင်ငံကျော် အမျိုးသား ခေါင်း ဆောင်ကြီးဘဝ၊ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ လက်နက်ကိုင်မြေအောက်တော်လှန်ရေးနဲ့ ခေါင်းဆောင်ကြီး သခင်မြ၊ ဂျပန် ခေတ် သခင်မြ၏လှုပ်ရှားမှုများ၊ ဖက်ဆစ်တော်လှန်ရေးနှင့် သခင်မြ၏အခန်းကဏ္ဍ၊ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲကြီး နှင့်သခင်မြစတဲ့ ဘဝဖြစ်စဉ်တွေအပြင် သခင်မြ၏ဇနီး၊ ရဲဘော်၊ မိတ်ဆွေ၊ ဆွေမျိုးများရဲ့အမှတ်ရချက်တွေ၊ သခင်မြရဲ့ နိုင်ငံ ရေးစာပေ၊ မိန့်ခွန်းတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။ ဦးအောင်ဇံဝေ၊ သခင် ခင်အောင်၊ သခင်ချစ်မောင် (ဝိဓူရ) တို့ရဲ့ အမှာစာတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။

သင်းစာပေက တန်ဖိုး ၆၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း စာအုပ်မျက်နှာဖုံး

စာရေးသူ         –  တင်နိုင်တိုး
စာအုပ်အမည်   –  အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း
အမျိုးအစား     –  အတ္ထုပ္ပတ္တိ

ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက `ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရာကျနေမလား`ဆိုတဲ့စိုးရိမ်စိတ်ကြောင့် မရေးဖြစ်ခဲ့တဲ့ အာဇာ နည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့အတ္တုပ္ပတ္တိကို ဆရာတင်နိုင်တိုးက ပြုစုထားတာပါ။

ဒီစာအုပ်မှာ ၁။ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးကို မွေးဖွားခြင်း၊ ၂။ ဘုန်းကြီးကျောင်းသားဘ၀ ၃။ ကျောင်းအပြောင်း အလဲ ၄။ အင်္ဂလိပ်စာသင်ယူရေး ၅။ ဘီအိုစီစာရေး ၆။ တက္ကသိုလ်ဘွဲ့ရ အမျိုးသားကျောင်းဆရာ ၇။ ဂျပန်ခေတ် ၈။ နိုင်ငံ ရေး လောကသို့ ၉။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ၁၀။ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး၏ဘဝနိဂုံး ၁၁။ မိသားစုရေးရာ စ တဲ့အခန်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် ဦးဘဝင်းရဲ့ကိုယ်ရေးအကျဉ်း၊ ဆွေစဉ်မျိုးဆက်ဇယားတို့ကို လည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းအပေါ် ကြည်ညိုစိတ်ထားနဲ့ စာတစ်အုပ် သီးသီးခြားခြား ရှိသင့်တယ်လို့ သဘောပိုက် မိလို့ရေးဖြစ်ပါတယ်လို့ ဆရာတင်နိုင်တိုးက ဆိုပါတယ်။

မဇ္ဈိမစာပေက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Your Thoughts …
Tags: စာအုပ်
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ) စာအုပ်မျက်နှာ ဖုံး

ကချင်တို့၏အစ ကချင်တို့၏တည်ရှိရာ

by K ငြိမ်းချမ်း
29 October 2017
29.2k

ကချင်လူမျိုးတို့စတင်ရာကနေ ယနေ့မျက်မှောက် ကချင်ပြည်နယ်အကြောင်းထိ စုစည်းရေးသားထားတဲ့ ယခုစာ အုပ်ကို အိန္ဒိယလူမျိုး အမျိုးသမီးစာရေးဆရာ Mandy Sadan က ရေးသားခဲ့ပြီး Oxford university press မှာ ရိုက်နှိပ် ကာ The British...

ရန်ကုန်သမိုင်း စာအုပ်မျက်နှာဖုံး

ရန်ကုန်သမိုင်း သမိုင်းထဲက ရန်ကုန်

by K ငြိမ်းချမ်း
11 June 2017
28.7k

“အထင်ကရအဖြစ် ဒဂုံမြို့၏ ရပ်တည်မှုသမိုင်းကို လေ့လာသော် လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ခန့်က မွန်လူမျိုးတို့ မြို့တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ၁၈ ရာစုအလယ်တွင် ရွှေတိဂုံဘုရားသည် ဘာသာရေးအရ အချက် အချာ ဖြစ်လာပြီး ဒဂုံမြို့သည် စည်ကားစပြုလေသည်”...

အိမ် အက်ဆေးပေါင်းချုပ်စာအုပ်

အိမ်ဆိုတဲ့အဓိပ္ပာယ် အိမ်မျှော်လင့်ချက်

by K ငြိမ်းချမ်း
20 August 2017
24.4k

ရန်ကုန်မှာ နေစရာအိမ်ဆိုတာ လွန်စွာ ခက်ခဲကြောင်း ရန်ကုန်ကို ဖြတ်သန်းဖူးသူတွေ သိကြပါတယ်။ မြေဆို ရင် ပန်းအိုးထဲကမြေတောင် တန်ဖိုးမြင့်နေချိန် နေဖို့တိုက်ခန်းတခန်း၊ အိမ်တလုံးဆိုတာ ရန်ကုန်မှာ မဟာအိပ်မက်ကြီး

ကျွန်တော်နှင့် ဗိုလ်ချုပ်များ စာအုပ်မျက်နှာဖုံး

ဗိုလ်ချုပ်နေဝင်း မွှေခဲ့တဲ့ BURMA TRADE LIMITED (London, UK) အကြောင်း

by K ငြိမ်းချမ်း
24 June 2017
33.6k

Burma Trade London UK ဟာ မြန်မာ့ဆိုရှယ်လစ်စီးပွားရေးလမ်းစဉ်ချမှတ်သူကြီး ဦးနေဝင်းရဲ့အောက်မှာ စုံးစုံးမြုပ်သွား ရပါတော့တယ်။

ထင်းရှူးပင်ငယ် ပုံပမာ

ထင်းရှူးပင်ငယ် ပုံပမာ

by မောင်ဖေသန်း
20 April 2024
353

အကိုင်း အခက်ကလေးများသည် ဥယျာဉ်မှူးတို့ ဖြတ်ထားသည့် အတိုင်း မနေတော့ဘဲ ရှည်ထွက် လာကြသည့် အလျောက် လှသည်ဟူ၍ ဥယျာဉ်မှူးတို့ ဖန်တီးထားသည့် ပုံသဏ္ဌာန်များသည် ပီသခြင်း မရှိတော့ပါ။

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

by သီဟတိုး
29 December 2017
4.6k

Chapter တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပွဲတော်တွေဖြစ်တဲ့ ၁၂ လရာသီပွဲတော်တွေကို စိတ်ဝင်တစား ဖြစ်အောင် ရေးသားထားတာတွေလည်း ပါဝင်တယ်လို့ Mr.Jaffee Yee က ဆိုပါတယ်။

Next Post
မန္တလေးတိုင်း မြေသိမ်းခံ လယ်သမားများ ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း မြေသိမ်းခံ လယ်သမားများ ဆန္ဒပြ (ရုပ်/သံ)

အဖြေရှာနေတုန်း

အဖြေရှာနေတုန်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.1k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate