ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ
၁။ အာရှ ယူ ၂၃ ခြေစစ်ပွဲဘောလုံးပြိုင်ပွဲအတွက် မြန်မာဘောလုံးအသင်းသည် ၁၉.၇.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် စင်ကာပူ ဘောလုံး အသင်းနှင့်လည်းကောင်း၊ ၂၁.၇.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ဘရူနိုင်း ဘောလုံးအသင်းနှင့် လည်းကောင်း၊ ၂၃.၇.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် သြစတြေးလျ ဘောလုံးအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ဘောလုံးပွဲ လက်မှတ်များကို ၁၀၀၀ မှ ၃၀၀၀ ကျပ်အထိ သတ်မှတ်ထားပြီး လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏ အားကစားကွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။၁။ အာရှ ယူ ၂၃ ခြေစစ်ပွဲဘောလုံးပြိုင်ပွဲအတွက် မြန်မာဘောလုံးအသင်းသည် ၁၉.၇.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် စင်ကာပူ ဘောလုံး အသင်းနှင့်လည်းကောင်း၊ ၂၁.၇.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ဘရူနိုင်း ဘောလုံးအသင်းနှင့် လည်းကောင်း၊ ၂၃.၇.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် သြစတြေးလျ ဘောလုံးအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ဘောလုံးပွဲ လက်မှတ်များကို ၁၀၀၀ မှ ၃၀၀၀ ကျပ်အထိ သတ်မှတ်ထားပြီး လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏ အားကစားကွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပေါင်း ၇၀၀၀၀ ခင်းကျင်းရောင်းချပွဲကို သံဈေးရှိ Yangon Book Plaza တွင် ၁၉.၇.၂၀၁၇ မှ ၂၆.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စာအုပ် အရောင်းပွဲတော်တွင် စာအုပ်များကို အနည်းဆုံး ၂၀၀ ကျပ်မှ အများဆုံး ၅၀၀ ကျပ်အထိသာ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ အနုပညာရှင်များ၏ ကိုယ်ပိုင်ထုတ်ကုန်များ ရောင်းချပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည့် 1st Celebrity Product Fair Yangon ပွဲကို မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ၁၈.၇.၂၀၁၇ မှ ၁၉.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ် များ၊ ဂိမ်းကစားပွဲများ၊ အိမ်ရှင်မများ ပါဝင်ဆင်နွှဲနိုင်မည့် ဂိမ်းအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၄။ ကမ္ဘာကျော်ဂန္ထဝင်သီချင်းများကို တင်ဆက်သွားမည့် An Evening of Musical Friendship ဂီတဖျော်ဖြေပွဲကို Sule Shangri-La Hotel Myanmar Ballroom တွင် ၂၂.၇.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်ဂီတပညာ ရှင်များက ဖျော်ဖြေသွားမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။ ‘
၅။ အကယ်ဒမီဒွေးကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရပွဲကို လှည်းတန်းစင်တာတွင် ၂၁.၇.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတွင် အကယ်ဒမီဒွေး၏ပန်းချီကားများ၊ အဝတ်အစားများ၊ အမှတ်တရ ပစ္စည်းများ ရောင်းချသွားမည် ဖြစ်ပြီး ရရှိသည့် ငွေကြေးများကို အကယ်ဒမီ ဒွေးလှူဒါန်းခဲ့သော ဘုရားများ၊ ကျောင်းများ ပြုပြင် မွမ်းမံကာ ဒွေးအတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၆။ Garden of Words (စကားလုံးတွေ၏ ဥယျာဉ်) ဂျပန်အင်နီမေးရှင်း ဇာတ်ကားကို ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Japan Culture House တွင် ၂၁.၇.၂၀၁၇ ရက်နေ့ ညနေ ၆ တွင် ပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။
၇။ လူရွှင်တော်အဖွဲ့ပေါင်းများစွာ ပါဝင်မည့် ဒုတိယအကြိမ် သက်ကြီးလူရွှင်တော်ကြီးများအား ကူညီထောက်ပံ့ရေး ရန်ပုံငွေကပွဲကို မြို့မကျောင်းလမ်းရှိ၊ အမျိုးသား ကဇာတ်ရုံတွင် ၂၃.၇.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲ လက်မှတ်ကို ကျပ် ၅ ထောင်မှ ကျပ် ၁ သောင်းခွဲအထိ သတ်မှတ်ထားပြီး ရရှိသည့် ငွေကြေးများကို သက်ကြီး လူရွှင်တော်များအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
၈။ ပန်းချီဆရာ ၉ ဦးပါဝင်သော ရှင်သန်ဆဲအောင်ဆန်း ပန်းချီပြပွဲကို ကန်တော်ကြီး၊ ကရဝိတ်ဥယျာဉ် ရှိ မဟာဈာန် ပန်းချီ ပြခန်းတွင် ၁၉.၇.၂၀၁၇ မှ ၃၁.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသရုပ်ဖော်ပန်းချီကား ၂၁ ကားပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဆရာကြီးဦးသုခ နှစ် ၁၀၀ ပြည့် အကြိုပန်းချီပြပွဲကို သံလွင်လမ်းရှိ New Treasure Art Gallery တွင် ၂၂.၇.၂၀၁၇ မှ ၂၇.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ပန်းချီကား များစွာပြသ သွားမည် ဖြစ်ပြီး ရောင်းရငွေများကို ပန်းချီဆရာကြီး ဦးသုခ၏ နှစ် ၁၀၀ ပြည့်ပန်းချီပွဲ ဖြစ်မြောက်ရေး အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီ အောင်ထက်လွင်၏ Two Heart of Myanmar ပန်းချီပြပွဲကို ပန်းပဲတန်းမြို့နယ် ၃၁ လမ်းရှိ Cloud 31 ပန်းချီ ပြခန်းတွင် ၂၃.၇.၂၀၁၇ မှ ၂၇.၇.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် ရန်ကုန်၊ မန္တလေး မြို့ပြ ရှုခင်း၊ ဘုရားပုထိုး ရေဆေးပန်းချီကား ၂၉ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။ ။