၆။ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေ ဖယ်ရှားပေးတယ်
ခေတ်မီ နည်းစနစ်တွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေထဲမှာ အနည်းနဲ့ အများ ဆိုသလို ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တကယ်လို့ သင့်ရဲ့ ခန္ဓာကိုယ်ထဲကို အစား အသောက် ဒါမှမဟုတ် အသက်ရှူရာကနေ ဓာတုပစ္စည်းတွေ ရောက်ရှိလာတယ်၊ အဆိပ်အတောက်လည်း ဖြစ်စေတယ် ဆိုရင်တော့ အဲဒီ ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်ကနေ နည်းလမ်း နှစ်ခုနဲ့ ဖယ်ရှားပေးပါတယ်။ ပထမ နည်းက ဆီးနဲ့ အညစ်အကြေး ဖြစ်ပြီး၊ ဒုတိယ နည်းက ချွေးအဖြစ်နဲ့ပါ။
၇။ ချွေးထွက်ခြင်းဟာ ဦးနှောက်အတွက် အကောင်းဆုံး အားဖြည့် အချိုရည်
ချွေးထွက်ခြင်းက ဦးနှောက်ကို ကြည်လင်စေတယ်၊ စိတ်ကို လန်းဆန်းစေတယ် လို့ တွေ့ရှိချက်တွေက ဆိုပါတယ်။ သို့ပေမယ့် နွေနေပူကြောင့် ချွေးထွက်ပြီး ငြီးစီစီ ဖြစ်နေတာမျိုး၊ မွန်းကျပ်တဲ့ အခန်းထဲမှာ ချွေးပြိုက်ပြိုက်ကျနေတာမျိုးကို ပြောတာမဟုတ်ဘဲ လေ့ကျင့်ခန်း လုပ်ပြီး ချွေးထွက်တာကို ပြောတာပါ။ အားကစား လေ့ကျင့်ခန်းလုပ်ပြီး ထွက်လာတဲ့ ချွေးတွေက သင့် ဦးနှောက်ကို ရွှင်လန်းစေသလို ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးလန်းဆန်းစေတာကြောင့် နေ့စဉ် အချိန်တခု ပေးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းတာ ဖြစ်တယ်။
၈။ နာကျင် ကိုက်ခဲတာတွေ ပြေစေတယ်
အထက်မှာ ပြောခဲ့သလို လေ့ကျင့်ခန်း လုပ်ရာကနေ ချွေးထွက်လာပြီ ဆိုရင် သင့် ဦးနှောက်ကို ရွှင်လန်းစေတဲ့ အပြင် အကြောအခြင်တွေ ပြောလျော့စေပါတယ်။ Hoag Orthopedic Institute မှ sports medicine physician တဦးဖြစ်တဲ့ Dr. James Ting က အားကစား လေ့ကျင့်ခန်းလုပ်ခြင်းက လူ့ဦးနှောက်နာဗ်ကြောတွေရဲ့ လုပ်ဆောင် လည်ပတ်မှုကို အားကောင်းစေပြီး နာကျင်ကိုက်ခဲတာတွေကို ပျောက်ကင်းစေပါတယ် လို့ ပြောပါတယ်။ ချွေးထွက်ရင် အကိုက်အခဲ ပျောက်ဆေး အက်စပရင်ဆေးဝါးကို သုံးစွဲစရာ မလိုတော့ဘူးပေါ့။
၉။ အသားအရေကို စိုပြေစေတယ်
ချွေးထွက်ခြင်း က သင့်ရဲ့ အသားအရေကို စိုပြေစေတဲ့ အပြင် ဖြူဝင်းတောက်ပ စေပါတယ်။ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်၊ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းညှိပေးတယ်၊ ပြီးတော့ အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးတယ်။
၁၀။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လည်ပတ် လှုပ်ရှားမှုကို ထိန်းညှိပေးတယ်
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကနေ ထွက်လာတဲ့ ချွေးက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လည်ပတ် လှုပ်ရှားမှုကို ထိန်းညှိပေးပါ တယ်။ အထူးသဖြင့်တော့ ခန္ဓာကိုယ် ပူနေတဲ့ အခါ၊ သို့မဟုတ် သင့်ပတ်ဝန်းကျင်မှာ အပူရှိန်တွေ များနေတဲ့ အခါတွေမှာ ခန္ဓာကိုယ်က ချွေးထွက်ပြီး အေးစေပါတယ်။ နွေရာသီမျိုးမှာ ချွေးတလုံးလုံးနဲ့ ဖြစ်နေတတ်တာမျိုးပါ။ ချွေးထွက် အလွန်အကျွံ များပြားရင်တော့ နုံးချည့် အားနည်း ဖြစ်တတ်လို့ ဓာတ်ဆားရည်သောက် ပေးဖို့ လိုပါလိမ့်မယ်။ ။
Ref: www.lifehack.org