iOS စနစ်သုံး iPhone မှာ ဖုန်းခေါ်ဆိုမှုတွေကို မှတ်သားထားဖို့ ဆိုတာ Android စနစ်ဖုန်းတွေနဲ့ မတူပဲ နည်းနည်း ခက်ပါတယ်။ သီးသန့် App ကို အသုံးပြုရသလို တကယ်လို့ ဖုန်းခေါ်ဆိုမှုကို မှတ်သားပေမယ့် App ဆိုရင်လည်း အခြား လူမှု ချိတ်ဆက်ကွန်ရက် Whats App, Skype နဲ့ အခြား စနစ်တွေနဲ့ ချိတ်ဆက်ပြောဆိုမှုတွေကို မှတ်သား မပေးနိုင်သေး တာကြောင့်ပါ။ တကယ်လို့ Tape Recorder ကို သုံးပြီး ဖုန်းပြောဆိုမှုတွေကို မှတ်သားမယ် ဆိုရင်လည်း ဖုန်းပြောသံတွေ Recoerder ထဲ ဝင်အောင် Speaker ဖွင့်ပြီး ပြောရမှာ ဆိုတော့ နေရာတိုင်းမှာ ပြောဖို့ အဆင်မပြေပြန်ပါဘူး။ iOS စနစ်သုံး iPhone မှာ ဖုန်းခေါ်ဆိုမှုတွေကို မှတ်သားထားဖို့ ဆိုတာ Android စနစ်ဖုန်းတွေနဲ့ မတူပဲ နည်းနည်း ခက်ပါတယ်။ သီးသန့် App ကို အသုံးပြုရသလို တကယ်လို့ ဖုန်းခေါ်ဆိုမှုကို မှတ်သားပေမယ့် App ဆိုရင်လည်း အခြား လူမှု ချိတ်ဆက်ကွန်ရက် Whats App, Skype နဲ့ အခြား စနစ်တွေနဲ့ ချိတ်ဆက်ပြောဆိုမှုတွေကို မှတ်သား မပေးနိုင်သေး တာကြောင့်ပါ။ တကယ်လို့ Tape Recorder ကို သုံးပြီး ဖုန်းပြောဆိုမှုတွေကို မှတ်သားမယ် ဆိုရင်လည်း ဖုန်းပြောသံတွေ Recoerder ထဲ ဝင်အောင် Speaker ဖွင့်ပြီး ပြောရမှာ ဆိုတော့ နေရာတိုင်းမှာ ပြောဖို့ အဆင်မပြေပြန်ပါဘူး။
အခု PhotoFast က iPhone တွေရဲ့ ပြောဆို ဆက်သွယ်မှုတွေ အားလုံးကို ဖမ်းယူ မှတ်သားပေးနိုင်မယ့် Call Recorder ထွက်ရှိလာပါပြီ။ Adapter ပုံစံ ဖြစ်ပြီး ဖုန်းမှာ ချိတ်ဆက် တပ်ဆင် အသုံးပြုရမှာပါ။ Call Recorder ကို သင့်ရဲ့ iPhone မှာ ပါရှိတဲ့ Lighting Port မှာ ချိတ်ဆက်ထားလိုက်ရုံပါပဲ။ Skype, Facebook Messenger, WhatsApp, Line, Viber နဲ့ WeChat တွေမှာ ပြောသမျှ အားလုံးကို အခု Call Recorder မှတ်ထားပေးမှာ ပါ။ အသံဖိုင်တွေကို .m4a Format နဲ့ သိမ်းထားပေးပါမယ်။ Adapter မှာပါတဲ့ မှတ်ဉာဏ်စနစ်မှာလည်း သိမ်းနိုင်တယ်၊ SD Card မှာလည်း သိမ်းနိုင်ပါတယ်။ သင့် စိတ်ကြိုက် ရွေးသိမ်းလို့ ရပါတယ်။
Call Recorder မှာ ခလုတ် ၄ ခု ထည့်သွင်း ဖန်တီးထားပြီး Recording ခလုတ်ပါရှိမယ်၊ သူက အသံဖိုင်တွေကို မှတ်သား ပေးမယ်၊ ပြီးတော့ အဆိုပါ သိမ်းဆည်း အသံဖိုင်တွေကို ပြန်ဖွင့်နားထောင်နိုင်မယ့် Play ခလုတ်ပါမယ်။ နားကြပ်ကနေ ကိုယ်ပြောထားတဲ့ အသံဖိုင်တွေကို နားထောင်နိုင်ပြီး Call Recorder မှာ အသံ အတိုး၊ အလျော့ ခလုတ်လည်း ပါရှိမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ App အဖြစ် သုံးရမှာ မဟုတ်ပဲ ချိတ်ဆက် Gadgets အဖြစ် အသုံးပြုနိုင်မယ့် စနစ် ဖြစ်ပါတယ်။
အဝင်ခေါ်ဆိုမှုတွေ၊ အထွက်ခေါ်ဆိုမှုတွေ လုပ်ဆောင်ပြီ ဆိုတာနဲ့ သိမ်းထားချင်တဲ့ ဖိုင်အတွက် Recording ခလုတ် နှိပ်ပြီး သိမ်းဆည်းရုံပါပဲ။ ဒီ Adapter မှာ နားကြပ်ပေါက် ၃ ဒသမ ၅ မီလီတာပေါက် ထည့်ထားပေးတာကြောင့် နားကြပ်နဲ့ ဖုန်း ပြောနေရင်းလည်း အသံဖိုင်တွေ သိမ်းပေးနိုင်ပါတယ်။ အခု PhotoFast ရဲ့ Call Recorder ကို ဈေးကွက်မှာ စတင် ရောင်းချနေပြီ ဖြစ်ပြီးတော့ ဈေးနှုန်း ၁၂၅ ဒေါ်လာနဲ့ ရောင်းချနေတာ တွေ့ရပြီး အာရှ ဈေးကွက်ကိုလည်း မကြာမီ ရောက်လာဖို့ ရှိနေတာပါ။ ။
Ref: www.theverge.com