ကွန်ပျူတာကို အသုံးပြုနေကြတဲ့ သူ အတော်များများဟာ ကီးဘုတ်ပေါ်က F ခလုတ်တွေကို အသုံးပြုတာ နည်းပါးတာ တွေ့ရပါတယ်။ ဘာဖြစ်လို့ မသုံးကြတာလဲ ဆိုတော့ အဲဒီ ခလုတ်တွေရဲ့ အသုံးဝင်ပုံကို မသိတာကြောင့်ပါ။ တကယ်တော့ ကီးဘုတ်ပေါ်က ခလုတ်တွေ အားလုံးဟာ ကွန်ပျူတာကို ထိန်းချုပ် အသုံးပြုနိုင်ဖို့ စနစ်တကျ စီစဉ်ပေးထားတာပါ။ အခု ကွန်ပျူတာ စနစ်မှာ ပါရှိတဲ့ F ခလုတ်တွေကို အကောင်းဆုံး ဘယ်လို အသုံးချမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
F1 – Windows ခလုတ်နဲ့ တွဲနှိပ်ရင် Help Menu ကို အလွယ်ခေါ်နိုင်တယ်၊ Excel နဲ့ Word တွေ သုံးနေချိန်မှာ Ctrl နဲ့ အတူ တွဲနှိပ်ရင် Hide/Displays Ribbon Menu ခေါ်နိုင်တယ်။
F2 –Microsoft Office ဖွင့်ထားချိန်မှာ Alt+Ctrl+F2 တွဲနှိပ်ရင် Document Library ကို ခေါ်နိုင်မယ်၊ Windows Explorer သုံးနေချိန်မှာ F2 က select လုပ်ထားတဲ့ Folder နဲ့ File Name တွေကို Edit လုပ်နိုင်တယ်။
F3 – Windows Explorer မှာ Search ကို ဖွင့်နိုင်တယ်။ Shift+F3 နှိမယ် ဆိုရင် Words မှာ စာလုံးအသေးတွေ ကနေ စာလုံးအကြီးတွေ ပြောင်းလဲ အသုံးပြုနိုင်မယ်။ Firefox နဲ့ Chrome တွေမှာ Find စနစ်ကို ဖွင့်နိုင်တယ်။
F4 – Alt+ F4 နဲ့ Window ကို ပိတ်လိုက်နိုင်တယ်။ Explorer မှာ Cursor ကို Address Bar မှာ ထားလိုက်နိုင်တယ်။
F5 – PowerPoint မှာ Slideshow ကို စတင် စေနိုင်တယ်။ Internet Browser ကို Refresh နိုင်တယ်၊ Microsoft Office မှာ Find and Replace လုပ်နိုင်တယ်။
F6 – Microsoft Word မှာ အခြား Page တခုကို ခုန်သွားစေတယ်။ Ctrl+F6 ဆိုရင် Word File တွေ အချင်းချင်း အလွယ် ချိတ်ကြည့် သုံးနိုင်တယ်။
F7 – Alt+F7 ဆိုရင် Word သုံးနေချိန် Spelling and Grammer ကို ခေါ်နိုင်မယ်။ အဲဒီ Word သုံးနေချိန်မှာပဲ Shift+F7 ဆိုရင် Thesaurus ခေါ်နိုင်တယ်။
F8 – Excel သုံးနေချိန် Arrow ခလုတ်တွေကို ခေါ်သုံးနိုင်စေတယ်။ Windows မှာ Safe Mode ဖြစ်စေတယ်။
F9 – Ctrl+F9 ဆိုရင် Word မှာနေရာလွတ် (Empty Field) ကို Insert လုပ်နိုင်တယ်။ Word မှာပဲ Updates လုပ်နိုင်တယ်။
F10 – Menu Bar ကို ဖွင့်နိုင်တယ်၊ Ctrl+F10 ဆိုရင် Word မှာ Window ကို Maximizes လုပ်နိုင်တယ်၊ Shift+F10 ဆိုရင် Right Click ပုံစံ သုံးနိုင်တယ်။
F11 – Browser သုံးနေရင်း Full Screen Mode ကို Exit and Enter လုပ်နိုင်တယ်၊ Shift+F11 ကိုနှိပ်ရင် Excel မှာ Spradsheet အသစ် ခေါ်နိုင်တယ်။
F12 – Word မှာ Save As ခေါ်နိုင်တယ်၊ Shift နဲ့ ဆိုရင် Word ဖိုင်ကို Save နိုင်တယ်၊ Ctrl နဲ့ဆိုရင် Word ဖိုင်ကို Open နိုင်တယ်။ ။
Ref: www.rd.com