Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
တောမှော်ရုံလမ်း စာအုပ်မျက်နှာဖုံး

စာရေးသူ          –  မောင်သာနိုး

စာအုပ်အမည်    –  တောမှော်ရုံလမ်

းအမျိုးအစား   –  ကဗျာ

၂၀ ရာစုနှစ်ရဲ့အထူးခြားဆုံးမြန်မာစာအုပ် ၁၀၀ မှာပါဝင်တဲ့ တောမှော်ရုံလမ်းကို စိတ်ကူးချိုချိုက စာအုပ်တိုက်တည်ထောင် ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထပ်မံထုတ်ဝေလိုက်တာဖြစ်ပါတယ်။

ဒီစာအုပ်မှာ ရောဘတ်ဘရောင်းနင်း၊ ဝေါ့လ်တ် ဝစ်တမဲန်၊ တော့မာ့စ် ဟာဒီ၊ ရာ့ဒ်ယာဒ်ကစ်ပလင်း၊ ဝ-ဘ-ယိစ်၊ ရောဘတ် ဖရော့စ်ရှေးမာ့စ်ဟေနီ စတဲ့ ကမ္ဘာကျော် အင်္ဂလိပ်-အမေရိကန်ကဗျာဆရာကြီးများရဲ့ကဗျာ ၂၈ ပုဒ်၊ အန္ဒာအာဟမာတော ဗာ၊ မာရီနာ တစဗျဲတာယဲဗာ၊ ယာရောဆလပ် ဆိုက်ဖဲရ်တ် စတဲ့ ဥပရောပကဗျာဆရာကြီးများရဲ့ ကဗျာ ၇ ပုဒ်နဲ့ ဂေဘရီ ယယ်လ် သြကာရာ၊ ကွေဆီဘရူး၊ ဒေးဗစ်ရူဘာဒီရီ အစရှိတဲ့ အာဖရိက ကဗျာဆရာကြီးများရဲ့ ကဗျာ ၅ ပုဒ်ကို ဖတ်ရှုရ မှာဖြစ်ပါတယ်။

ဆရာ မောင်သာနိုးက နိုင်ငံခြားကဗျာတပုဒ်ကို ဘာသာပြန်ပေးပြီးတဲ့နောက် ကဗျာရဲ့အဓိပ္ပာယ်ကို ပိုမိုခံစားနိုင်အောင် အဓိ ပ္ပာယ်များကို ဖွင့်ဆို ဆွေးနွေးပေးထားပါတယ်။ အင်္ဂလိပ်၊ အမေရိကန်ကဗျာ၊ ဥရောပကဗျာ၊ အာဖရိက ကဗျာနည်းနည်း စီ မျှပါဝင်တဲ့ ညွန့်ပေါင်းစာအုပ်မျိုးလို့ဆိုပါတယ်။စိတ်ကူးချိုချိုစာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိ ထားပါတယ်။

ဖန်တီးရှင် ၁၀၀ စာအုပ်မျက်နှာဖုံး

စာရေးသူ      – နိုင်ဦး

စာအုပ်အမည် – ဖန်တီးရှင် ၁၀၀

အမျိုးအစား   – စီးပွားရေး

မြန်မာလူငယ်တွေ လွတ်လပ်စွာ တွေးတောဆင်ခြင်နိုင်ဖို့၊ ဖန်တီးနိုင်ဖို့၊ စည်းကမ်းနဲ့ကျင့်ဝတ်ကို လေးစားလိုက်နာဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဝေလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Nokia ၊ Samsung ၊ Red Bull၊ Sony Walkman ၊The Caca-Cola Company၊ Amazon ၊Microsoft ၊ Dell ၊ Oprah Winfrey ၊ Revlon ၊ Nike ၊ Playboy ၊ Apple ၊ Google ၊ Subway တို့ အပါအဝင် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်း ၁၀၀ရဲ့အကြီးအကဲတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို အထွတ်အထိပ် ရောက် အောင် ဘယ်လိုပြုစု ပျိုးထောင်ဖန်တီးခဲ့ကြသလဲဆိုတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဆရာနိုင်ဦးက`သူတို့လို ကျွန်တော်တို့လူငယ်တွေလည်း ဖန်တီးနိုင်ရမည်။ စဉ်းစားနိုင်ရမည်….သို့ဖြင့် ယခုလို ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ် လာတော့သည်` လို့ ဆိုပါတယ်။

the key collection စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဗိုလ်မှူးကြီးဗထူး စာအုပ်မျက်နှာဖုံး

စာရေးသူ         – မောင်ဇေယျာ (စီစဉ်သူ)

စာအုပ်အမည်   –  ဗိုလ်မှူးကြီးဗထူး

အမျိုးအစား     –   အမှတ်တရစာစုများ

ဗိုလ်မှူးကြီးဗထူးဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ကျော်ကြားနိုင်တဲ့ စစ်ခေါင်းဆောင်ဖြစ်နိုင်တယ် လို့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ပြောရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒီစာအုပ်မှာ လူထုဦးလှရဲ့မန္တလေးက သိခဲ့ချစ်ခဲ့ရတဲ့ ဗိုလ်မှူးဗထူး၊ မောင်အောင်ကြည်ရဲ့ဗိုလ်ဗထူး၏ မတ် ၈ ရက် တော် လှန်ရေး၊ ကိုပညာ(အမရပူရ)ရဲ့ တော်လှန်ရေးကာလထုတ် စာအုပ်ကလေးတအုပ်၊ အုန်းမောင်(ဆေးမှူးဟောင်း)ရဲ့ ဆုံး ရှာပြီ၊ ဗိုလ်မှူးဘရှင်ရဲ့ဗိုလ်မှူးကြီးဗထူး၏စာများ၊ ကျော်ဝင်းမောင်ရဲ့ ဗိုလ်မှူးဗထူးနှင့် ဂျပန်သလျှိုသခင်ဗစော၊ ဗမာ့လူ့ အ ဖွဲ့ အစည်းရဲ့သမိုင်းသစ်ကို ကြိုဆိုလိုက်တဲ့ အမြောက်သံ၊ ကျောက်ဆည်မောင်မောင်ရဲ့ကိုယ်တွေ့မှတ်တမ်း စတဲ့ ဗိုလ်မှူး ကြီး ဗထူးနဲ့ပတ်သက်တဲ့ အမှတ်တရစာစုတွေအပြင် နောက်ဆက်တွဲ အဖြစ် ဗိုလ်မှူးဗထူးမှတ်တမ်း၊ ရဲဘော်များသို့ လိုက်နာရန် အမိန့်ကြေညာချက်၊ ဗိုလ်မှူးဗထူးအရိုးအိုးကို အထူးစည်ကားစွာ လိုက်ပို့ကြခြင်း၊ ဗိုလ်မှူးဗထူးနှင့် အောင်ပန်း (မင်းလွင်ဦး-အောင်ပန်း) စတဲ့ မှတ်တမ်းတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။

the key collection စာအုပ်တိုက်က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဗိသုကာရသဆောင်းပါးများစုစည်းမှု-၄ စာအုပ်မျက်နှာဖုံး

စာရေးသူ       –  ညွန့်ဝင်းလေး

စာအုပ်အမည် –  ဗိသုကာရသဆောင်းပါးများစုစည်းမှု-၄

အမျိုးအစား   –  ဗိသုကာပညာ

ဆရာညွန့်ဝင်လေးရဲ့ဗိသုကာရသဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ်အမှတ် ၄ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အာခီ တက်တို့၏ ကလောင်ကိုင်သောလက်များ၊ ဖျူချာရစ်ဇင်၊ ဖျူချာရစ်ဇင် ဗိသုကာလက်ရာ ဟန်များ၊ အိမ်-၆၊ အကြီးစား အ ဆောက်အအုံများ၊ မော်ဒန်ရုံးအဆောက်အအုံများ၊ ပီတာအိုင်းစန်မင်း (Peter Eisenman)၊ ဇာဟာ ဟာဒစ် (Zaha Hadid)၊ ရမ်ကူးလပ်စ် (Rem Koolhaas)၊ သောဘဏကို ထုဆစ်သူ(သို့မဟုတ်) ဒေါက်တာလွင်အောင်၊ ဟင်းလင်းကို ဂီတ ဖွဲ့ဆိုသော စန္ဒယားဆရာ (သို့မဟုတ်) ဦးဘိုကြီး၊ စိမ်းလန်းသော ကြွေရွက်တစ်ရွက် (သို့မဟုတ်) ဦးစိုင်းယီလိတ်၊ ပန်းချီ ကဗျာထက် လှသော (သို့မဟုတ်) ဦးပါစီမျိုးမြင့် ၊ လူနှစ်ယောက်နှင့် အိမ်နှစ်လုံး (သို့မဟုတ်) ဦးကြည်တွဲ+ ဒေါ်အေးအေး၊ ဆရာငယ် (သို့မဟုတ်) ဦးသန်းတင်အောင် စတဲ့ ဗိသုကာရသဆောင်းပါးတွေကို မှတ်တမ်း ဓာတ်ပုံများနဲ့အတူ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဇော်ထွဋ်စာပေမှ တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading