မိမိတို့ရဲ့ ကလေးငယ်တွေကို နိုင်ငံတကာအဆင့်မီပညာရေးနဲ့ ထိတွေ့သင်ကြားစေလို ၊ တတ်မြောက်စေလိုတဲ့ ဆန္ဒက မိဘတိုင်းမှာရှိကြပါတယ်။ ဒီအတွက် နိုင်ငံတကာအဆင့်မီတဲ့ သင်ရိုး၊ သင်ကြားနည်းစနစ် နဲ့ facilities တွေ ရှိတဲ့ International School ကောင်းကောင်း တခုကို ရွေးချယ်နိုင်ဖို့က အဓိက အကျဆုံးနဲ့ အရေးအပါဆုံး အချက်ဖြစ်ပါတယ်။မိမိတို့ရဲ့ ကလေးငယ်တွေကို နိုင်ငံတကာအဆင့်မီပညာရေးနဲ့ ထိတွေ့သင်ကြားစေလို ၊ တတ်မြောက်စေလိုတဲ့ ဆန္ဒက မိဘတိုင်းမှာရှိကြပါတယ်။ ဒီအတွက် နိုင်ငံတကာအဆင့်မီတဲ့ သင်ရိုး၊ သင်ကြားနည်းစနစ် နဲ့ facilities တွေ ရှိတဲ့ International School ကောင်းကောင်း တခုကို ရွေးချယ်နိုင်ဖို့က အဓိက အကျဆုံးနဲ့ အရေးအပါဆုံး အချက်ဖြစ်ပါတယ်။
ဘယ်လိုကျောင်းကို ရွေးသင့်သလဲ
အဲဒီလို ရွေးချယ်တဲ့ အခါ မူလတန်းကနေ တက္ကသိုလ်ဝင်တန်း အထိ တက်လို့ ရနိုင်တဲ့ ကျောင်းမျိုးကို အရင်ဆုံး စဉ်းစား သင့်ပါတယ်။ ဒုတိယအချက် အနေနဲ့ ကျောင်းရဲ့ သင်ရိုးတွေနဲ့ သင်ကြားနည်း စနစ်တွေဟာလည်း နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့ လိုအပ်သလို အတွေ့အကြုံရင့်ကျက်ပြီး မိမိတို့ရဲ့ ကလေးတွေကို စိတ်ရှည်လက်ရှည် သင်ကြားပြသ ပေးနိုင်မယ့် ဆရာတွေ ရှိဖို့လည်း အရေးကြီး ပါတယ်။ မိဘတွေ အနေနဲ့ မိမိတို့ ကလေးအတွက် ရွေးချယ်တဲ့ ကျောင်းဟာ ဒီအချက်တွေ ပြည့်စုံရဲ့လား ဆိုတာ ကိုယ်တိုင်လေ့လာပြီးမှ ကျောင်းအပ်သင့်ပါတယ်။
စိတ်ပိုင်းရုပ်ပိုင်း သန်စွမ်းကျန်းမာဖို့
ပညာရေး အတွက် စိတ်ချရပြီ ဆိုရုံနဲ့ မပြီးသေးပါ။ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းစေဖို့ အတွက် ကျောင်းက အားကစားမှာ ဘယ်လို facilities တွေ ထားပေးထားသလဲ ဆိုတာ လေ့လာဖို့ လိုပါသေးတယ်။ နိုင်ငံခြား ရုပ်ရှင်တွေ၊ စာအုပ်စာစောင်တွေ အရ နိုင်ငံတကာက ကျောင်းတွေမှာ ကျယ်ဝန်းတဲ့ စာသင်ခန်း၊ သိပ္ပံလက်တွေ့ခန်း၊ ပြဇာတ်ရုံတွေ အပြင် မိုးလုံလေလုံ အားကစားရုံတွေ၊ outdoor အားကစားကွင်းတွေနဲ့ ရေကူးကန်တွေပါ ပါဝင်တာကို တွေ့ရပါတယ်။ ကလေးငယ်တွေကို ပညာရည် ပြည့်ဝစေဖို့ အပြင် ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် လေ့ကျင့်သင်ကြားပေးရာမှာ သင်ကြားမှုနဲ့ လေ့ကျင့်မှု ပြည့်စုံဖို့က အဓိက စံနှုန်း တရပ် ဖြစ်ပါတယ်။
အခု ဆိုရင် ပြည်တွင်းမှာလည်း နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်၊ သင်ရိုးတွေနဲ့ facilities တွေ အပြည့်နဲ့ International School တွေ ပေါ်ပေါက်နေပါပြီ။ အဲဒီ နိုင်ငံတကာ အဆင့်မီ ကျောင်းတွေထဲက British သင်ရိုးအတိုင်း သင်ကြားပေးပြီး facilities တွေ အပြည့်အစုံ ပါဝင်တဲ့ Dulwich College Yangon (DCY) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Dulwich Colledge Yangon ကို ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာနဲ့ Star City အိမ်ရာတွေမှာ ကျောင်းဝင်း နှစ်ခု ခွဲကာ တည်ဆောက်ထားပါတယ်။
facilities တွေ ထဲမှာ အရှည်မီတာ ၅၀ ရှိတဲ့ အိုလံပစ်အဆင့်မီ ရေကူးကန်ကြီး အပြင် ကမ္ဘာ့အဆင့်မီ indoor/outdoor အားကစားကွင်းတွေ၊ ပြဇာတ်ရုံတွေနဲ့ သိပ္ပံဓာတ်ခွဲခန်းတွေ စုံလင်စွာ စီမံပေးထားတာ တွေ့ရပါတယ်။
လန်ဒန်မြို့မှာ ရှိတဲ့ မိခင်ကျောင်းတော် ဖြစ်တဲ့ Dulwich College မှာ သင်ကြားတဲ့ British သင်ရိုးအတိုင်း ပြဋ္ဌာန်းထားပြီး အတွေ့အကြုံပြည့်ဝတဲ့ ဆရာတွေက သင်ကြားပေးလျက်ရှိပါတယ်။ အသက် ၂ နှစ် အရွယ် မူကြို အဆင့်ကနေ ၁၈ နှစ် အရွယ် တက္ကသိုလ်ဝင်တန်း အထိ အတန်းပေါင်းစုံ တက်ရောက်နိုင်ပါတယ်။
Dulwich College Yangon (DCY) ဟာ Dulwich College International (DCI) ရဲ့ ကျောင်းများကွန်ရက်မှ ကျောင်းခွဲ တခု ဖြစ်တဲ့ အတွက် ကျောင်းပြီးတဲ့အခါမှာလည်း နိုင်ငံတကာက ထိပ်တန်းတက္ကသိုလ်တွေ၊ ကောလိပ်တွေကို အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွေ့အကြုံအရ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ၉၀ ရာခိုင်နှုန်း ဟာ သူတို့ရဲ့ ပထမ ဦးစားပေး တက္ကသိုလ်တွေကို တက်ရောက်နိုင်ခဲ့ကြတယ် လို့ သိရပါတယ်။ ။