အခု ပြောပြချင်တာကတော့ သမိုင်းကြောင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ အရှိန်အဝါကြီးတဲ့ အသင်းကြီးတွေက ကစားသမားတွေပဲ ဖြစ်ပါတယ်။အခု ပြောပြချင်တာကတော့ သမိုင်းကြောင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ အရှိန်အဝါကြီးတဲ့ အသင်းကြီးတွေက ကစားသမားတွေပဲ ဖြစ်ပါတယ်။
(၁၀) Nadine Angerer ။ ။ အသက် ၁၇ နှစ် ကတည်းက ဂျာမနီနိုင်ငံ ကိုယ်စားပြု အသင်း အတွက် ကစားနေသူပါ။ အမျိုးသမီး ဂိုးသမားတွေထဲမှာ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။ အသင်းအတွက် သူမ ဝင်ရောက် ကစားခဲ့တဲ့ ၂၁ ပွဲမှာ ပွဲစဉ် အားလုံး နိုင်ပွဲရခဲ့သူပါ။ ၂၀၀၁ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
(၉) Lotta Schelin ။ ။ ဆွီဒင် ကစားသမားပါ။ ဘောလုံး ကစားတာ ကောင်းသလို လှလည်း လှပါတယ်။ ကွင်းပြင်မှာ သူမရဲ့ အလှကြောင့် ပိုပြီး လူသိများပါတယ်။ သွက်လက်မှု ဦးစားပေး ကစားသမား ဖြစ်ပြီး အသင်းသားတွေကိုလည်း စိတ်ဓာတ် တက်ကြွအောင် ဆော်သြကစားသူ တဦးပါ။
(၈) Homare Sawa ။ ။ ဂျပန်အသင်းရဲ့ အားထားရသူ ဖြစ်ပြီး ဖြတ်တင်ဘောတွေ မှန်ကန်တိကျမှုနဲ့ နာမည်ကြီး ပါတယ်။ ကြေးစားအဆင့်ထိ ကျွမ်းကျင်သူလို့ သတ်မှတ်နိုင်ပါတယ်။ ၂၀၁၁ ခုနှစ် FIFA Women’s World Player ကိုလည်း ရရှိထားသူပါ။
(၇) Sydney Leroux ။ ။ ဘောလုံးသမား ဆိုပေမယ့် ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီး ကစားသမား တဦး ဖြစ်တာကြောင့် အမျိုးသားတွေ စိတ်ဝင်စား အကြိုက်များပါတယ်။ ခံစစ် ကစားသမား အဖြစ်ပါ အကောင်းဆုံး တွန်းတွန်းတိုက်တိုက် ကစားနိုင်တာ တွေ့ရပါတယ်။ ယုံကြည်မှု အပြည့်နဲ့ ကစားတတ်ပြီး ကွင်းလယ်နဲ့ နောက်တန်းကိုပါ တာဝန်ယူနိုင်တဲ့ ကနေဒါသူ တဦးပါ။
(၆) Dzsenifer Marozsan ။ ။ အလှဆုံး အမျိုးသမီး ဘောလုံးသမားတွေထဲက တယောက်ပါ။ တက်တူးထိုးရတာ နှစ်သက်သူပါ။ ဂျာမနီသူ ဖြစ်ပြီး သူကတော့ ဘောလုံးကို လှည့်ထွက် ထိုးဖောက်ကစားရတာ ပိုနှစ်သက်ပုံရပြီး လှည့်ကွက်နဲ့ ကစားသူ ဖြစ်ပါတယ်။
(၅) Hope Solo ။ ။ သူကတော့ ပြည်တွင်းမှာတောင် လူသိများတဲ့ အမေရိကန်သူပါ။ ကြံ့ခိုင် တောင့်တင်းတဲ့ သူတဦး ဖြစ်ပြီး ဂျနီဖာလိုပက်နဲ့ တချို့က တင်စားပြောဆိုခံရသူပါ။ ဒါပေမယ့် သူမက အလှအပထက် ဘောလုံးကို ဦးစားပေး ကြိုးစားကစား နေသူ တယောက်ပါ။
(၄) Marta Vieira Da Silva ။ ။ ဘရာဇီးသူ ဖြစ်ပြီး အမျိုးသား ကစားသမားတယောက်လို သန်မာလှပါတယ်။ အမျိုးသား ဘောလုံး အသင်း Rio de Janeiro ကနေ ခေါ်ယူ စမ်းသပ်မှုတွေတောင် ရှိခဲ့ပါတယ်။ တွန်းတွန်းတိုက်တိုက် ကစားတတ်ပြီး ကိုယ်ပိုင်ဟန်နဲ့ ကစားသူ တစ်ဦး ဖြစ်ပါတယ်။
(၃) Alex Morgan ။ ။ သူလည်း လှပသူ ကစားသမား တဦးပါ။ ဒါပေမယ့် အသင်းကို ဆွဲခေါ်နိုင်တယ်၊ ဦးဆောင်နိုင် တယ်၊ တချို့က အစပိုင်းမှာ Morgan ကို ကစားကွက် အတွက် အလုပ် မဖြစ်လောက်ဘူး ထင်ပေမယ့် ပွဲချိန်ကြာလာချိန်မှာ သူဟာ ကစားကွက်ကို ချုပ်ကိုင်နိုင်သူ ဖြစ်လာပြီး နာမည်ကျော်လာသူပါ။
(၂) Carli Llyod ။ ။ ၂၀၁၅ခုနှစ် အတွက် FIFA ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိထားသူပါ။ အသင်းကို ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလား ရစေသူ၊ နိုင်ငံတကာ ပွဲပေါင်း ၂၂၂ ပွဲ ကစားထားသူ၊ အသင်း အတွက် ၈၇ ဂိုး သွင်းထားပေးသူပါ။ လှပမှုထက် ဘောလုံးကစားတာ ကောင်းလို့ လူကြိုက်များသူလည်း ဖြစ်ပါတယ်။
(၁) Abby Wambach ။ ။ တက်ကြွတယ်၊ သန်မာတယ်၊ သီးခြား ကစားဟန်နဲ့ ပွဲကို ထိန်းချုပ်နိုင်တယ်၊ တဦးတည်း ထိုးဖောက်ကစားနိုင်မှု အားကောင်းတယ်၊ ကစားသက် ၁၅ နှစ် အတွင်း နိုင်ငံတကာပွဲတွေမှာ ၁၈၄ ဂိုးထိအောင် သွင်းယူထားတယ်၊ ဒီထဲက ၇၇ ဂိုးက သူမ တယောက်တည်း ကြိုးစားမှုနဲ့ ရခဲ့တာလည်း ဖြစ်ပါတယ်။
Ref: www.wonderlist.com