Lifestyle

မျက်နှာဖုံး ဖက်ရှင် ဘယ်ကစ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စုနှင့် အခြားသောအနောက်တိုင်းယဉ်ကျေးမှုများတွင် ဆေးရုံပြင်ပ၌ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများကို တပ်ဆင်သည်ကို တွေ့ရခဲသော်လည်း တရုတ်နှင့်အခြား အာရှနိုင်ငံများတွင် မိမိတို့၏ကျန်းမာရေးကိုကာကွယ်ရန် မျက်နှာဖုံးဝတ်ဆင်ခြင်းသည် မကြာခဏတွေ့ရသော အလေ့အထဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့်ဖြစ်စေ၊ ရောဂါတခုခု ပျံ့နှံ့မှု သို့မဟုတ် သာမန်ကြိုတင်ကာကွယ်မှုအတွက်ဖြစ်စေ အများအပြားက ထိုမျက်နှာဖုံးများကို နေ့စဉ်အဝတ်အစားသဖွယ် ဝတ်ဆင်ကြသည်။

ထိုသို့သော အလေ့အထသည် ဂျပန်မှ စတင်ခဲ့သည်။ မျက်နှာဖုံးဝတ်ဆင်ခြင်း အလေ့အထသည် ကမ္ဘာတဝန်း ကူးစက် တုပ်ကွေး အကြီးအကျယ်ဖြစ်ပွားခြင်းကြောင့် လူ သန်း ၂၀ မှ ၄၀ အကြားသေဆုံးစေခဲ့သည့် ၂၀ ရာစု အစောပိုင်းနှစ်များက ဂျပန်နိုင်ငံတွင် စတင်ခဲ့သည်။ ထိုသို့သေဆုံးသော အရေအတွက်မှာ ပထမ ကမ္ဘာစစ်အတွင်း သေဆုံးမှုထက် ပိုများကြောင်း သိရသည်။ ထိုရောဂါဖြစ်ပွားမှု ပြီးဆုံးသွားသည့် ၁၉၁၉ ခုနှစ်အထိ လူအများသည် ခေါင်းစီးများ၊ ပုဝါများ၊ မျက်နှာဖုံးများကို တုပ်ကွေးကူးစက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ဝတ်ဆင်လာခဲ့ကြတော့သည်။

နောက်ပိုင်း ၁၉၅၀ ခုနှစ်များတွင် ဒုုတိယ ကမ္ဘာစစ်အပြီး စက်မှုလုပ်ငန်းများထူထောင်ခြင်းကြောင့် လေထုညစ်ညမ်းမှုကိုကာကွယ်ရန် ဂျပန်များသည် မျက်နှာဖုံးများကို ပြန်လည်ဝတ်ဆင်ကြပြန်သည်။ မကြာသေးမီက ကူးစက်ရောဂါဖြစ်ပွားမှုများဖြစ်သည့် ၂၀၀၂ ခုနှစ် SARS ရောဂါဖြစ်ပွားမှု၊ ၂၀၀၂ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမှုနှင့် ၂၀၁၄ ခုနှစ် အီဘိုလာရောဂါဖြစ်ပွားမှုများတွင်လည်း မျက်နှာဖုံစွတ်သော အလေ့အထ ပိုမိုခေတ်စားလာခဲ့သည်။ ဂျပန်နိုင်ငံတခုတည်း၏ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးဈေးကွက်သည် ဒေါ်လာ သန်း ၂၃၀ ဖိုးရှိကြောင်း သိရသည်။ အိမ်နီးချင်း တရုတ်နှင့် ကိုရီးယားနိုင်ငံများတွင်လည်း မျက်နှာဖုံးစွပ်သော အလေ့အထ တိုးပွားလာသည်။

ထိုမျက်နှာဖုံးများသည် နေ့စဉ်ဘဝနှင့် ယဉ်ကျေးမှု၏ အစိတ်အပိုင်းဖြစ်လာသောကြောင့် ဖက်ရှင်ဆန်ဆန် မျက်နှာဖုံးများအတွက် ဈေးကွက်တခု ပေါ်ပေါက်လာခဲ့ပြီး အချို့သောသူများက ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို ဖေါ်ပြသော နည်းလမ်းအဖြစ် မျက်နှာဖုံးများကို ဝတ်ဆင်ကြသည်။ ၎င်းတို့သည် တိရိစ္ဆာန်တကောင်ကောင်ပုံ သို့မဟုတ် ကာတွန်းဇာတ်ကောင်ပုံ ဒီဇိုင်းများသို့မဟုတ် အရောင်အသွေးစုံသော ပုံစံများကို ရွေးချယ်သည်ဖြစ်စေ ထိုသို့လှပသော မျက်နှာဖုံးများသည် ကျန်းမာရေးခြိမ်းခြောက်မှုများပြားလှသော ဤ ကမ္ဘာလောကတွင် လူသားများအတွက် ပိုမိုလုံခြုံစေသော ခံစားမှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading