Fujiflim ကနေ အသစ်ထွက်ရှိလာတဲ့ တန်ဖိုးနည်း ကင်မရာ ဖြစ်ပြီး Mini ကင်မရာ ကောင်းကောင်း လိုချင်သူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။ ဒီမော်ဒယ်က Selfie ရိုက်ကူးမယ် ဆိုရင် မိမိကိုယ်ကို စိတ်ကြိုက် ချိန်နိုင်အောင် မှန် ထည့်ပေးထား တာ တချက်က သဘောကျစရာ ကောင်းသလို ကင်မရာကို ချစ်စဖွယ် ဒီဇိုင်းနဲ့ ဖန်တီးထားပြီး တကယ်လို့ အရောင် စိတ်ကြိုက် ရွေးချယ်ချင်တယ် ဆိုရင်လည်း ရနိုင်အောင် အရောင်စုံ ဖန်တီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ တန်ဖိုးက ၅၉၉၉ ရူပီး (Rs) (၉၃ ဒသမ ၅၄ ဒေါ်လာ) ဖြစ်လို့ ဈေးချိုပါတယ်။ Fujiflim ကနေ အသစ်ထွက်ရှိလာတဲ့ တန်ဖိုးနည်း ကင်မရာ ဖြစ်ပြီး Mini ကင်မရာ ကောင်းကောင်း လိုချင်သူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။ ဒီမော်ဒယ်က Selfie ရိုက်ကူးမယ် ဆိုရင် မိမိကိုယ်ကို စိတ်ကြိုက် ချိန်နိုင်အောင် မှန် ထည့်ပေးထား တာ တချက်က သဘောကျစရာ ကောင်းသလို ကင်မရာကို ချစ်စဖွယ် ဒီဇိုင်းနဲ့ ဖန်တီးထားပြီး တကယ်လို့ အရောင် စိတ်ကြိုက် ရွေးချယ်ချင်တယ် ဆိုရင်လည်း ရနိုင်အောင် အရောင်စုံ ဖန်တီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ တန်ဖိုးက ၅၉၉၉ ရူပီး (Rs) (၉၃ ဒသမ ၅၄ ဒေါ်လာ) ဖြစ်လို့ ဈေးချိုပါတယ်။
ကင်မရာ မော်ဒယ် အမည်က Instax Mini 9 ပါ။ ဒီဇိုင်းပိုင်းက မာကျောမှု ပိုကောင်းလာတယ်၊ လူငယ်ကြိုက် ဖြစ်အောင် အထက်မှာ ပြောခဲ့သလို ရှေ့ဘက် Selfie ရိုက်ကူးမှု အတွက် မှန်သား ထည့်ပေးထားလို့ အဆင်ပြေတယ်။ ကိုယ်ထည်သား ကတော့ ပလက်စတစ်နဲ့ ဖန်တီးထားတာပါ၊ ဖလင်ကင်မရာ ဖြစ်ပြီး ဖလင်ထည့်ဖို့ အပေါက် သီးသန့်ပါရှိတယ်၊ ပြီးတော့ ချိန်ဆ ရိုက်ကူးမှုတွေ အတွက် ကြည့်ပေါက် ထည့်ထားတယ်၊ ပြီးတော့ ဖလင် လက်ကျန် ပမာဏကို ဖော်ပြမယ့် ရေတွက်ပိုင်းလည်း ထည့်သွင်း ပါရှိမှာ ဖြစ်ပါတယ်။
ဘက်ထရီပေါက်ကတော့ ဘေးဘက်မှာပါ၊ ဘက်ထရီပေါက်ရဲ့ တခြား တဘက်မှာ ကင်မရာကိုင်ကြိုးတပ်ဆင်ဖို့ အပေါက် သီးသန့် ထည့်သွင်းထားပါတယ်။ ကင်မရာရဲ့ အပေါ်ဘက်မှာတော့ Flash မီးစနစ် ထည့်ထားပြီး သူက အလင်းဖြာနှုန်းမှာ အကွာအဝေး အလိုက် အလင်းဖြာနှုန်းကို အလိုအလျောက် ချိန်ပေးမယ်၊ Lens ရဲ့ ဘေးဘက်မှာ Shutter ခလုတ်ရော Power ခလုတ်ကိုပါ ထည့်သွင်းထားတာပါ။ Lens ရဲ့ ဘေးမှာ လှည့်ပြီး သုံးရမယ့် ချိန်ညှိစနစ် ပါရှိပြီး ဒီစနစ်ကတော့ Exposure ကို စိတ်ကြိုက် ချိန်ညှိနိုင်အောင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အလင်းနည်းနေရင်တော့ Hi ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ပိုမိုကောင်းမွန်အောင် ရိုက်ကူးနိုင်မှာ ဖြစ်ပြီး အဆိုပါ Hi ကို မနှိပ်ဘူး ဆိုရင်တော့ ကင်မရာက အလင်းချိန်မှုကို အလိုအလျောက်ပဲ ဖန်တီးနေမှာ ဖြစ်ပါတယ်။
ကင်မရာမှာ ထည့်သုံးရမယ့် ဖလင်ကနေ 62×46 cm အရွယ် ဓာတ်ပုံကို ထုတ်နိုင်မှာပါ။ ဖလင်မှာ ဓာတုဓာတ်ပစ္စည်း အချို့ ထည့်သွင်းထားပြီး သင့် အနေနဲ့ ပုံရိုက်ကူးချိန်မှာ အလင်းနဲ့ အခြား အောက်ဆီဂျင် တချို့နဲ့ တွေ့ပြီး ပုံဖော် မှတ်တမ်းတင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ Shutter ခလုတ်နှိပ်လိုက်ပြီး စက္ကန့် အနည်းငယ် အတွင်း သင့်ရိုက်ကူးလိုက်တဲ့ ပုံက အသင့် ရလာပါလိမ့်မယ်။ ဒါပေမယ့် တပုံလုံး အကောင်းဆုံး ဆေးသားတည်ငြိမ်ဖို့တော့ ၂ မိနစ်လောက် အချိန်ယူပါတယ်။
Shutter မြန်နှုန်းကို 1/60th s နဲ့ ရိုက်ကူးနိုင်မှာပါ။ f ကို 12.7ကနေ 32 အကြား ချိန်ညှိရိုက်ကူးနိုင်မှာပါ။ Digital မဟုတ်လို့ ရုပ်ထွက်ဖိုင်ကိုတော့ Format စိတ်ကြိုက် ချိန်လို့ ရမှာ မဟုတ်ပါဘူး။ ဖလင်အနေနဲ့ ပုံရိပ်တွေကို သိမ်းထားနိုင်မယ်၊ အကြွေး ဝယ်ကတ်လောက်သော ဓာတ်ပုံတွေကို အပျော်တမ်း ရိုက်ကူး ထုတ်ယူ သိမ်းထားနိုင်မယ်၊ မော်ဒယ်က ကိုင်တွယ် ရိုက်ကူးရတာလည်း လက်ထဲမှာ အဆင်ပြေပါတယ်။ ISO 800အဆင့်လောက်ထိအောင် ကောင်းပါတယ်။
ဘက်ထရီ အနေနဲ့ AA အရွယ် ဓာတ်ခဲ နှစ်လုံး ထည့်သုံးရမှာပါ။ ရှေ့ထွက် Mini 8 မော်ဒယ်ကို အကောင်းဆုံး အဆင့် မြှင့်လာနိုင်တဲ့ မော်ဒယ်လို့ မြင်မိပါတယ်။ ဈေးလည်း အရမ်း မမြင့်သွားပါဘူး။ အပျော်တမ်း ရိုက်ကူးမှု အတွက် အကောင်းဆုံး ဖြစ်မယ့် မော်ဒယ် ဖြစ်လာပါတယ်။
ဒါပေမယ့် ပုံတပုံချင်းစီ အတွက် ဖလင်ဖိုး၊ စက္ကူဖိုးနဲ့ ပြန်တွက်ရင်တော့ ပုံတွေ အတွက် ဈေးနှုန်းက များနေသလို ကြည်လင် ပြတ်သားမှုလည်း အားနည်းပါတယ်။ ဓာတ်ပုံ မင်ဘူး ၂ ခုနှင့် ဓာတ် အခု ၂၀ အတွက် ဖလင်ကို သီးခြားဝယ်ယူရမှာ ဖြစ်ပြီး အဲဒီ အတွက် ရူပီး ၁၀၂၀ (၁၅ ဒသမ ၉ ဒေါ်လာ) ဖြစ်ပါတယ်။ အပျော်တမ်း ရိုက်ကူးဖို့ပဲ အဆင့်ရှိပါတယ်၊ အထူးသဖြင့်တော့ Exposure တွေ မတည်ငြိမ်တာပဲ ဖြစ်ပါတယ်။ ကင်မရာ တလုံးလုံးကိုတော့ ၅ မှတ်မှာ ၃ မှတ်လောက်ပဲ ပေးချင်ပါတယ်။ စိတ်ကြိုက် အဖြစ်ဆုံး အပိုင်းကတော့ ကင်မရာရဲ့ ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းပဲ ဖြစ်ပါတယ်။
Ref: www.gadgets.ndtv.com