စာရေးသူ – မောင်စူးစမ်း (ဘာသာပြန်)
စာအုပ်အမည် – လက်ဇပ်ကားနှင့် သံလွင်ပင်
အမျိုးအစား – ဘာသာပြန်
မူရင်းစာရေးသူ Thomas L.Friedmanရဲ့စာအုပ်ကို မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား၊ စာရေးဆရာကြီးမောင်စူးစမ်းက ဘာသာပြန်ထားတာဖြစ်ပါတယ်။
လက်ဇပ်ကားဟာ ဖွံ့ထွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်၊ ဘဏ္ဍာရေး၊ အဆောက်အအုံ၊ လူနေမှုအဆင့်အတန်း မြင့်မား ရေးအတွက် ယနေ့အသုံးပြုနေတဲ့ ကွန်ပျူတာနည်းပညာကို ကိုယ်စားပြုပြီး သံလွင်ပင်ကတော့ လူသားတွေရဲ့ဇာစ်မြစ်၊ ဌာနေ နဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။
ဒီစာအုပ်မှာ အပိုင်း (၁)စနစ်ကို တွေ့မြင်ခြင်း၊ အပိုင်း (၂) စနစ်ထဲ ပလပ်ထိုးခြင်း၊ အခန်း (၃) စနစ်ကို လက်ပြန်ရိုက်ခြင်း ၊ အခန်း (၄) အမေရိကားနှင့်စနစ်စတဲ့ အပိုင်း (၄) ပိုင်းကို အခန်းပေါင်း ၁၈ ခန်းနဲ့ ဖွဲ့စည်းထားပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို လက်ခံကျင့်သုံးနေကြတဲ့ နိုင်ငံတွေ၊ လက်ခံကျင့်သုံးဖို့ မဝံ့မရဲဖြစ်နေတဲ့နိုင်ငံတွေ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ဖြစ်ရပ်တွေကို သာဓကဆောင်ပြီး ရှင်းလင်းဖော်ပြထားပါတယ်။
မူရင်းစာရေးသူ Thomas L.Friedman က ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ဆိုးမွေကို အသက်သာဆုံးဖြစ်စေချင်တဲ့စေတနာက ဒီ စာအုပ်ကို ဖြစ်မြောက်စေတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်လမ်းများစာပေက တန်ဖိုး ၁၀၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မြန်မာစာဂုဏ်ကျော်မြင့်
စာအုပ်အမည် – စာပေရိပ်မွန်၊ စာပေတာဝန်
အမျိုးအစား – မြန်မာစာပေ
ဆရာမြန်မာစာဂုဏ်ကျော်မြင့်ရဲ့ စာပေရိပ်မွန်နဲ့ စာပေတာဝန်စာအုပ်တွေကို စိတ်ကူးချိုချိုက စာအုပ်တိုက် တည်ထောင် ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ်တွဲပေါင်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။
စာပေရိပ်မွန်စာအုပ်မှာ ပန်တျာ၊ ရဲဘော်သင်း၊ ပုဂံခေတ် ဝါ-ဂီ-နစ် ပညာသည်များ၊ မန ္တလေးခေတ် လွှတ်တော်သုံး သတ်ပုံ ကျမ်းများ၊ အတုလဆရာတော် ဦးပန်းထွေး၊ ဗိဿနိုးအကြောင်းသိကောင်းစရာ၊ ဆင်ဖြူတော်အလေ့အလာ၊ အ အက္ခရာ၊ လျှင်မှ ရင်သို့၊ စာတမ်းနှင့်စာတန်း၊ ရာမဝတ္ထုအကျဉ်း၊ ရတုဘုရင်နတ်သျှင်နောင် အပါအဝင် စာတမ်းဆောင်းပါးပေါင်း ၁၆ ပုဒ်ပါဝင်ပြီး စာပေတာဝန်စာအုပ်မှာတော့ စာနှင့်ဇာ၊ ရှင်အုန်းညိုပြဿနာအဆက်၊ နဝဒေးဘွဲ့ရ မင်းရာဇာ၊ ရွှေကျောင်းဦးပု၊ ဦးပုညနဲ့ကျီးသဲလေးထပ်ဆရာတော်၊ ရေစကြို ခုံတော်ဖြတ်ထုံး၊ ပါတော်မူနှင့် စာပေဂယက်၊ ရှေးခေတ်ဦးမြန်မာစစ်သီချင်း များ၊ ဗမာ့သန်လျက်၊ ဖလံခုံ၊ ပညာရေးစနစ်သစ်နဲ့ မြန်မာစာဆရာ အပါအဝင် စာပေဆောင်းပါးပေါင်း၂၈ ပုဒ် ပါဝင်ပါတယ်။ ဆရာကြီး မြန်မာစာဂုဏ်ကျော်မြင့်ရဲ့ကိုယ်ရေးအကျဉ်းနဲ့အမှာစာတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၅၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဘုန်းသက်ပိုင် (ဘာသာပြန်)
စာအုပ်အမည် – အင်န်ဂျီအိုကောင်းဖြစ်မြောက်ရေး
အမျိုးအစား – နိုင်ငံရေး
ဆယ်စုနှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အင်န်ဂျီအိုတွေအတွက် စိတ်ဝင်စားစရာ လက်စွဲစာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ အင်န်ဂျီအိုတစ်ခုရဲ့အစဦးအဆင့်များ၊ အခန်း ၂။ မျှော်မှန်းချက်၊ အခြေခံမှု၊ တာဝန်နဲ့မဟာဗျူဟာ စတာတွေကို ခွဲခြားပါ၊ အခန်း ၃။ ပကတိ ပြဿနာများနှင့် လိုအပ်ချက်များကို ခွဲခြားခြင်း၊ အခန်း ၄။ စီမံကိန်းရေးဆွဲခြင်း၊ အခန်း ၅။ အကောင်အထည်ဖော်ခြင်း၊ အခန်း ၆။ စောင့်ကြည့်အကဲဖြတ်ခြင်း အခန်း ၇။ အသင့်လျော်ဆုံးလုပ်နည်းလုပ် ဟန်ဟာ ဘာလဲ၊ အခန်း ၈။ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခြင်း အခန်း ၉။ ကောင်းမွန်သော ကူညီထောက်ပံ့ရေး ဝန် ဆောင်မှုကို တည်ဆောက်ခြင်း အခန်း ၁၀။ ရန်ပုံငွေရှာဖွေခြင်းနှင့် စီမံခန့်ခွဲခြင်း၊ အခန်း ၁၁။ ဥပဒေနှင့်ညီညွတ်သော အ ခြေအနေကိုရရှိစေခြင်း၊ အခန်း ၁၂၊ ရေရှည်တည်တံ့ခိုင်မာအောင် တည်ဆောက်ရေး၊ အခန်း ၁၃။ သင့်ရဲ့စိတ်ကို စင် ကြယ် အောင်ထားပါ စတဲ့ အခန်းပေါင်း ၁၃ ခန်းနဲ့ နောက်ဆက်တွဲစာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ အင်န်ဂျီအိုကောင်း ဖြစ် မြောက်ရေးအတွက် အထောက်အကူဖြစ်စေဖို့နဲ့ ပြဿနာတွေကို ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
the key collection စာအုပ်တိုက်က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – သခင်သိန်းမောင်
စာအုပ်အမည် – ထောင့်သုံးရာပြည့်အရေးတော်ပုံ
အမျိုးအစား – နိုင်ငံရေး
ကိုလိုနီခေတ် အလုပ်သမား၊ တောင်သူလယ်သမား၊ ကျောင်းသားနဲ့ ရဟန်းရှင်လူပြည်သူတွေကို နိုင်ငံရေးနိုးကြားမှုနဲ့စည်း လုံးမှုရရှိစေခဲ့တဲ့ ထောင့်သုံးရာပြည့်အရေးတော်ပုံကို ခေတ်ပြိုင်အထောက်အထားတွေနဲ့မှတ်တမ်းတင်ထားတဲ့ စာအုပ်ဖြစ် ပါတယ်။
ဒီစာအုပ်မှာ အခန်းပေါင်း ၁၄ ခန်း ပါဝင်ပြီး အရေးတော်ပုံကာလ သခင်ဖိုးလှကြီးနဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ တို့ဗမာ အစည်းအရုံးက သခင်ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့နယ်ချဲ့ဆန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုတွေ၊ ရ ဟန်းရှင်လူအတူ လက်တွဲခဲ့တဲ့ သပိတ်တိုက်ပွဲတွေ၊ အင်္ဂလိပ်အစိုးရရဲ့ရက်ရက်စက်စက် ဟန့်တားဖိနှိပ်ပုံတွေနဲ့ အဲဒီခေတ် မြန် မာနိုင်ငံရဲ့နိုင်ငံခြားရေးရာအခြေအနေတွေကို နေ့စဉ်သတင်းစာမှတ်တမ်းတွေ၊ ရှားပါးမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖတ်ရှုရ မှာဖြစ်ပါတယ်။
`အမျိုးသားသခင်သိန်းမောင်၏ထောင့်သုံးရာပြည့်အရေးတော်ပုံစာအုပ်ကို ဆယ်စုနှစ်တစ်ခုမျှ အချိန်ပေးရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရပါ။ ကံကောင်းထောက်မ၍ ယခုရှာဖွေရရှိပါ၍ မူလစာကိုယ်အတိုင်း the key collection မှ ဒုတိယအကြိမ်ထုတ် ဝေနိုင်ခြင်းဖြစ်သည်` လို့ ဆရာမောင်ဇေယျာက အမှာစာမှာ ဆိုထားပါတယ်။
the key collection စာအုပ်တိုက်က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။