Lifestyle

ဆယ်ကျော်သက်များကြား ရေပန်းစားလာတဲ့ HIV ပိုး အကာအကွယ် ကွင်းကလေး

Want create site? Find Free WordPress Themes and plugins.

HIV ရောဂါပိုးဟာ ကမ္ဘာနဲ့ အဝှမ်း အသက် ၁၅-၂၄ ကြား ဆယ်ကျော်သက် မိန်းကလေးများ အပါအဝင် အမျိုးသမီးများ အထိ ကူးစက်နေဆဲ ဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်း ဆာဟာရလို ကန္တာရ နေရာမျိုးတွေမှာတောင် နှစ်စဉ် ရောဂါပိုး ကူးစက်ခံရသူ ၁၀၀၀ နီးပါး ရှိနေပါတယ်။ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဆိုအရ HIV ပိုးကာကွယ်တဲ့ သားရေကွင်းလို ကိရိယာလေးဟာ ဆယ်ကျော်သက် အမျိုးသမီးထု အကြား ရေပန်းစား အသုံးများလာနေပါပြီ။

ဘတ်တီးရီးယားပိုးကို တိုက်ဖျက်နိုင်သည့် ဆေးကို အဲဒီ ကိရိယာလေးထဲ ထည့်သွင်း ထားပြီး၊ သားအိမ်ခေါင်းထဲ ထည့်သွင်း အသုံးပြုရတာလို့ ဆိုပါတယ်။ စမ်းသပ်ချက်များ အရ HIV ကူးစက်မှုကို ၅၆ ရာခိုင်နှုန်း အထိ လျှာ့ချပေးနိုင် ပါတယ်။ ကျွမ်းကျင်သူများက ယခုကိရိယာလေးသာ ပိုမိုအောင်မြင် အကျိုးပြုမယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံဖော် ကွန်ဒုံး အသုံးပြုတာ မပြုတာကို အလေးထားစရာ မလိုတော့ဘဲ မိမိကိုယ် မိမိယုံကြည်မှု ရှိရှိကာကွယ် လာနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအဖွဲ့က ဒါရိုက်တာ ဒေါက်တာအတ်တိုနီဖော်စီက “အမျိုးသမီးတွေကို သူတို့ကိုယ် သူတို့ လုံခြုံစိတ်ချမှု ရှိရှိနဲ့ ကာကွယ်ခွင့် ပေးလိုက်တာဟာ သူတို့ အတွက် စိတ်ပိုင်း ရုပ်ပိုင်း အကြီးမားဆုံး အကူအညီ ပေးရာရောက်ပါတယ်” လို့ ပြောပါတယ်။

အဲဒီ ကွေးနိုင် ဆန့်နိုင်တဲ့ သားရေကွင်းလို ကိရိယာလေးဟာ ပဋိသန္ဓေတားသည့် ကိရိယာ အရွယ်မျှသာ ရှိပြီး၊ ရောဂါပိုးမွှား တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို တလတိတိ ထုတ်ပေးနိုင်ပါတယ်။ ထိုကိရိယာ အလုပ် ဖြစ်/မဖြစ် မသေချာတာကြောင့် သိပ္ပံပညာရှင်များဟာ အမေရိကန် နိုင်ငံတွင် အသက် ၁၅-၁၇ ကြား လိင်မှုပြုလုပ်တဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ၉၆ ယောက်နဲ့ ၆ လကြာ စမ်းသပ်သုံးစွဲစေခဲ့ပါတယ်။

အဲဒီ စမ်းသပ်ချက် ရလာဒ်အနေနဲ့ …. အမျိုးသမီး ၈၇ ရာခိုင်နှုန်းက ၎င်းတို့၏ အင်္ဂါထဲတွင် ထိုဆေးထုတ်လွှတ်နေမှုကို ခံစားမိတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၉၅ ရာခိုင်နှုန်းကတော့ အဲဒီကိရိယာလေးက အသုံးပြုရလွယ်ကူတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၇၄ ရာခိုင်နှုန်းကတော့ အသုံးပြုလို့ ပြု ထားမှန်း မသိရအောင် အဆင်ပြေတယ်လို့ ဆိုပါတယ်။

ပစ်စ်ဘာ့ ဆေးတက္ကသိုလ်က သုသေသီ ပါမောက္ခ ရှာရွန် ဟီလီယာ က “HIV ပိုးဟာ ၁၆ နှစ်လော/ ၁၈ နှစ်လော ခွဲခြားနေမှာ မဟုတ်ဘူး၊ ဒါကြောင့် ထိရောက်ဘေးကင်းတဲ့ ကာကွယ်မှုကို ကြီးကြီး ငယ်ငယ် ကာကွယ်သင့်ပါတယ်” လို့ ပြောပါတယ်။

ယခုအခါ အဲဒီ သားရေကွင်းလို ကိရိယာလေးကို အာဖရိက ဆယ်ကျော်သက်တွေနဲ့ စမ်းသပ်ကြည့်ဖို့ ပြင်ဆင်နေပါပြီ။ တကယ်လို့သာ စမ်းသစ်တွေ့ရှိချက်တွေ အရ HIV ကာကွယ်မှု အတွက် ကောင်းမွန် ထိရောက်တယ်လို့ အတည်ပြုချက် ရလာမယ် ဆိုရင်တော့ လိင်ကိစ္စနဲ့ မကင်းတဲ့ အမျိုးသမီးတွေ အတွက် အားထားရတဲ့ အကာအကွယ်တခု ရှိလာပြီ ဖြစ်သလို ဆေးလောကရဲ့ အောင်မြင်မှု တခုလည်း ဖြစ်ပါတယ်။

(www.bbc.co.uk တွင် ဖော်ပြထားသည့် HIV-prevention ring trial a success among US teens သတင်းကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။)

Ref: www.bbc.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading