၁။ စိတ်ကူးချိုချိုစာအုပ်တိုက် ၁၈ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲကို ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြားတောရလမ်း၊ အဏ္ဏ ဝါဓမ္မာရုံတွင် ၁.၈.၂၀၁၇ မှ ၁၃.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါစာအုပ်ဈေးရောင်းပွဲတွင် စိတ်ကူး ချိုချိုစာအုပ်တိုက်ထုတ်စာအုပ်များကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အမှတ်တရလက်ဆောင်ပ စ္စည်းများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂။ ပန်းချီ၊ ပန်းပုနှင့် ယွန်းပညာရှင်များပါဝင်သည့် မုတ်သုန်ရာသီ မြန်မာ့လက်မှုအနုပညာနှင့် ပန်းချီပန်းပုပြပွဲကို ဒေါပုံမြို့ နယ်၊ ရှုခင်းသာရှိ water boom တွင် ၁၉.၇.၂၀၁၇ မှ ၃၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ် သွားမည်ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ယွန်းအနုပညာလက်ရာများနှင့်အတူ လက်မှုထုတ်ကုန်များကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
၃။ တင်မောင်ဆန်းမင်းဝင်းနှင့် မင်းရွှေရောင်တင် ရွှေမန်းသဘင်မိုးရာသီအပတ်စဉ်အထူးဖျော်ဖြေပွဲ ကန်တော်ကြီးမျှော်စင် ကျွန်းတွင် အပတ်စဉ် သောကြာ၊ စနေနေ့ည ၇ နာရီအချိန်တွင် တင်ဆက်သွားမည်ဖြစ်သည်။ ဖျော်ဖြေပွဲလက်မှတ်များကို ဖုန်း ၀၉-၇၉၂၈၆၆၃၇၀ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ ရက်ဂေးအဆိုတော် စောဖိုးခွားဖျော်ဖြေမည့် Reggae Night ဂီတပွဲကို ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel တွင် ၂.၈.၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ရက်ဂေး ဂီတချစ်မြတ်နိုးသူများ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
၅။ စာရေးဆရာ တာရာမင်းဝေကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရပွဲကို လမ်းမတော်မြို့နယ်၊ သံဈေးရှိ Yangon Book Plaza တွင် ၅.၈.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပွဲတွင် တာရာမင်းဝေအကြောင်း အမှတ်တရပြောကြားခြင်း၊ ကဗျာရွတ်ခြင်းနှင့် တာရာမင်းဝေအမှတ်တရ စာအုပ်ကိုလည်း လက်ဆောင်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
၆။ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းပါဝင်သည့် မြေပဲယိုအဖွဲ့၏ FRIDAY IN BLACK ဂီတပွဲကို ကျောက်တံတားမြို့ နယ်၊ ဆာကူရာတာဝါရှိ Yangon Barတွင် ၄.၈.၂၀၁၇ ရက်နေ့ ည ၈ နာရီတွင် စတင်ပြုလုပ် သွားမည်ဖြစ်သည်။ အဆို ပါ ဂီတပွဲတွင် မြေပဲယိုအဖွဲ့၏တေးသီချင်းအသစ်၊ အဟောင်းများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်း တ သောင်းကျပ်ဖြစ် ကြောင်းသိရသည်။
၇။ မင်္ဂလာအခမ်းအနား အသုံးအဆောင်ပစ္စည်းများကို ပြသသွားမည့် Melia Love Story Wedding Fair ကို ရန်ကုန်မြို့ ရှိ Melia Hotel တွင် ၅.၈.၂၀၁၇ မှ ၆.၈.၂၀၁၇ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတွင် အနုပညာရှင်၊ မော် ဒယ်များစွာက ပါဝင်ဆင်နွဲသွားမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီဆရာ ၈ ဦးပါဝင်မည့် S8it Art Exhibition ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဗိုလ် အောင်ကျော်ပန်းချီပြခန်းတွင် ၄.၈.၂၀၁၇ မှ ၈.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ခေတ်ပြိုင်ပန်းချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၉။ မြန်မာလက်ဝှေ့သမားစိုးလင်းဦးနှင့် ပိုလန်လက်ဝှေ့သမား ဆာလာဒွိုက်တို့၏ လက်ဝှေ့ထိုးသတ်ပွဲကို သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ၆.၈.၂၀၁၇ ရက်နေ့ နေ့လယ်၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်များမှာ တသောင်းကျပ်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၇၆၄၀၀၆၉၂၀ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသိရသည်။
၁၀။ ပဲခူးမြို့ပန်းချီဆရာများ၏ BAGO ARTIST`s 2017 ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပုအဖွဲ့ချုပ်(ဗဟို) ပန်း ချီပြခန်းတွင် ၂.၇.၂၀၁၇ မှ ၆.၈.၂၀၁၇ အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံလက်ရာစုံပန်းချီကားများကို ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။