ပြီးခဲ့တဲ့ ၂ နှစ်လောက်က Laptop တွေ Android စနစ်သုံးဖုန်းတွေ ဝယ်ထားတယ် ဆိုရင် အရင်က USB ခေါင်းတွေက တခုနဲ့ တခု မတူတဲ့ USB ပေါက်တွေကို တွေ့ပါလိမ့်မယ်။ USB တွေ စတင်သုံးရာက စပြီး တဖြည်းဖြည်း အဆင့်မြှင့်လာ လိုက်တာ အခု ဖုန်း၊ ကွန်ပျူတာမှာ ထည့်သွင်းဖန်တီးထားတဲ့ USB တွေကိုUSB-C လို့ ခေါ်ပါတယ်။ ခေါင်းပိုင်းဖန်တီးမှုရော ကြိုးပိုင်း ဖန်တီးမှုမှာပါ အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်လောက်က Laptop တွေ Android စနစ်သုံးဖုန်းတွေ ဝယ်ထားတယ် ဆိုရင် အရင်က USB ခေါင်းတွေက တခုနဲ့ တခု မတူတဲ့ USB ပေါက်တွေကို တွေ့ပါလိမ့်မယ်။ USB တွေ စတင်သုံးရာက စပြီး တဖြည်းဖြည်း အဆင့်မြှင့်လာ လိုက်တာ အခု ဖုန်း၊ ကွန်ပျူတာမှာ ထည့်သွင်းဖန်တီးထားတဲ့ USB တွေကိုUSB-C လို့ ခေါ်ပါတယ်။ ခေါင်းပိုင်းဖန်တီးမှုရော ကြိုးပိုင်း ဖန်တီးမှုမှာပါ အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။
USB-C ခေါင်းတွေဟာ အားသွင်းရလည်း ပိုမြန်ဆန်စေတယ်၊ အခြားစက်နဲ့ ချိတ်ဆက်ပြီး အချက်အလက် ပေးပို့ရင်းလည်း ပိုမြန်ဆန် ပါတယ်။ ပြီးတော့ ကြိုးတပ်တဲ့ အခါမှာလည်း မှားပြီး ထိုးမိ၊ သုံးမိစရာ မရှိပါဘူး။ ပြီးတော့ USB-C မှန်ရင် အားလုံးနဲ့ ချိတ်ဆက် သုံးနိုင်မှာပါ။ ဖုန်းအားသွင်းရမယ်၊ လက်ပတော့နဲ့ ချိတ်ဆက်နိုင်မယ်၊ Nintendo ဂိမ်းစက်နဲ့လည်း ချိတ်ဆက်နိုင်မယ်၊ ဆိုလိုရင်းကတော့ ခေါင်းတူဖို့သာ လိုအပ်တာပါ။
USB-C ဟာ နေရာစားပါ နည်းအောင် ဖန်တီးထားတဲ့ ချိတ်ဆက်ခေါင်းပါ။ ဒါပေမယ့် ရုပ်သံ ချိတ်ဆက်ခေါင်းတွေထဲကိုတော့ ထည့်လို့ မရပါဘူး။ USB-C ရဲ့ စွမ်းဆောင်ရည် အမြန်နှုန်းက သိပ်မကွာပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ် မူတည်ပြီး အနည်းငယ်တော့ ကွာဟချက် ရှိနိုင်ပါတယ်။ တခါတလေမှာ ထုတ်လုပ်တဲ့ကုမ္ပဏီက အခြား C ခေါင်းတွေနဲ့ အဆင်ပြေအောင် ထုတ်လုပ်ထားခြင်း မဟုတ်ဘဲ သူ့ဖုန်း၊ သူ့ခေါင်း ကိုက်အောင်ပဲ ထုတ်လုပ်ထားတာမျိုးလည်း ရှိပါတယ်။ ဒါဆိုရင်တော့ ခေါင်းကြောင့် မဟုတ်ဘဲ ထုတ်လုပ်တဲ့ ကုမဏီကြောင့် အဆင်မပြေဖြစ်တဲ့ သဘောပါ။
ဥပမာ Samsung ဖုန်းကို သူ့ခေါင်းနဲ့ အဆင်ပြေပြေ အားမြန်မြန် သွင်းနိုင်ပေမယ့် အဆိုပါ အားသွင်းကြိုးခေါင်းနဲ့ အခြားဖုန်းကို အားသွင်းရင် ပိုပြီးတော့တောင် အားအဝင် နှေးသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာUSB-C ဖြစ်နေပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီက သူ့ဖုန်းနဲ့ပဲ အဆင်ပြေအောင် ထုတ်လုပ်ထားလို့ ဖြစ်ပါတယ်။
ဒီလို ပြဿနာတွေ မကြာခင် အဆင်ပြေပါတော့မယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က USB3.0 ကို အဆင့်မြှင့်မယ့် မိတ်ဆက်ပွဲ ကျင်းပတာ တွေ့ရပါတယ်။ ဒီပွဲကို Apple, HP, Microsoft နဲ့ အခြားနည်းပညာကုမဏီတွေ တက်ရောက်ခဲ့ပြီး အဆိုပါ ပွဲမှာ USB 3.2 ကို မိတ်ဆက်တာတွေ့ရပါတယ်။
မိတ်ဆက်သူတွေက USB 3.2 အနေနဲ့ သတင်းအချက်အလက် ပို့ဆောင်နိုင်မှုနှုန်းမှာ အခုထက် ၂ ဆ ပိုမြန်လာမယ်၊ Multi-lane ဆိုတဲ့ ဘက်စုံတပြေးညီ စွမ်းဆောင်ရည် ပေးနိုင်လာမယ် လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ USB 3.2 မှန်ရင် ဘယ်ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ အားသွင်းခေါင်း၊ ချိတ်ဆက်ကြိုးပဲ ဖြစ်နေပါစေ အားသွင်းနိုင်နှုန်း၊ ချိတ်ဆက် အသုံးပြုနိုင်မှုနှုန်းတန်းတူဖြစ်ပြီး ၂ ဆလောက်ထိအောင် ပိုမို မြန်ဆန်လာတော့မှာ ဖြစ်ပါတယ်။
ပြီးတော့ အခြားပိုမိုများပြားတဲ့ ချိတ်ဆက်ခေါင်းတေပါ ချိတ်ဆက်လာနိုင်တော့မယ် လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ MacBook Pro လိုမော်ဒယ်တွေမှာ ပါရှိတဲ့ Thunderbolt 3 လို အပေါက်တွေကိုပါ အရင်က ချိတ်ဆက်လို့ မရပေမယ့် အခုတော့ အဆင်ပြေချိတ်ဆက်လာနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလက်ရှိ နောက်ဆုံးသုံးနေတဲ့ USB 3.1 ကတော့ အခုလို Multi Lane စနစ် မရပါဘူး။ 3.2 မှာမှ စတင် အသုံးပြုလာနိုင်မှာပါ။ ကြိုးက တချောင်းတည်း ဖြစ်နိုင်ပေမယ့် ခေါင်းက အများအပြား ပါရှိလာမှာပါ။
ကြိုးဟောင်းတွေရဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာ နှေးသွားပါလိမ့်မယ်။ ကြိုးဟောင်းတွေရဲ့ အမြင့်ဆုံး ချိတ်ဆက်နိုင်မှု အစွမ်းကလည်း ဖော်ပြချက်မှာ ပါသလောက် လက်တွေ့မှာ မမြန်တာတွေ့ရပါလိ့မ်မယ်။ ဒါဆိုရင်တော့ မကြာခင်မှာ အသစ် ထွက်လာမယ့် စမတ်ပစ္စည်းတွေမှာ ဘယ်လိုအားသာချက်တွေ ပါရှိတယ် ဆိုတာ အရင် မကြည့်သေးဘဲ USB 3.2 စနစ် ပါရှိသလား ဆိုတာ သတိထားကြည့်ဖို့ လိုအပ်လာပါပြီ။ ဒါမှလည်း ခေတ်မီတာထက် ချိတ်ဆက်ရမှု၊ အားသွင်းရမှုတွေ အတွက် အချိန်ပေးရမှု နည်းသွားမှာ ဖြစ်ပါတယ်။ ။
Ref: www.businessinsider.com