Lifestyle

အဆိုတော် ဇော်မင်းဦး (Myanmar Idol )ရဲ့ “ကိုယ်ကျင့်တရား”

Want create site? Find Free WordPress Themes and plugins.

Myanmar Idol Season 1 ရဲ့ Top 5 ဆုရှင် ဇော်မင်းဦးဟာ ပြိုင်ပွဲပြီးတဲ့ တနှစ်အကြာမှာ “ကိုယ်ကျင့်တရား” လို့ အမည်ပေးထားတဲ့ တကိုယ်တော်အခွေဟာ မကြာခင်အချိန်မှာ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်လည်း ပိုက်ဆံရှိလို့ လုပ်တာမဟုတ်ဘူး။ ပြိုင်ပွဲပြီးကတည်းက သီချင်းလေးတွေဆိုပြီးတော့ အနုပညာကြေးလေးတွေ စုပြီးတော့ အချိန်တနှစ်ယူပြီးတော့ လုပ်ခဲ့တာပါ။ တတ်နိုင်သလောက် စုရင်းနဲ့ လုပ်ထားတာပါ” လို့ ဇော်မင်းဦးက ပြောပါတယ်။

အဆိုတော် ဇော်မင်းဦးရဲ့ “ကိုယ်ကျင့်တရား” တေးစီးရီးမိတ်ဆက်ပွဲမြင်ကွင်း (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

Myanmar Idol တွင်လည်း ရော့ခ်ဂီတနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဇော်မင်းဦးဟာ “ကိုယ်ကျင့်တရား”လို့ အမည် ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော်တေးစီးရီးမှာလည်း ရော့ခ်သီချင်းအများစု ပါဝင်ထားတယ်လို့ သိရပါတယ်။

ဒီ တေးစီးရီးထဲမှာ တေးရေးဆရာများကတော့ မင်းချစ်သူ၊သာဒီးလူ၊ ဘဝ၊ ညီမင်းခိုင်၊သစ်ခက်ကို၊ ဝေဠု တို့က ရေးသား ထားပြီး သီချင်း ၁၀ ပုဒ်ပါဝင်ကာ ၉ ပုဒ်ကတော့ ကိုယ်ပိုင်သီချင်းများဖြစ်ကာ ၁ ပုဒ်မှာ တေးရေး မင်းချစ်သူရေး၍ အဆိုတော် ဇော်ဝင်းထွဋ် သီဆိုခဲ့တဲ့ ခေတ်ဟောင်းမင်းသားကြီးကို ပြန်လည်သီဆိုထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ “ကိုယ်ကျင့်တရား” အခွေကိုတော့ သြဂုတ်လ ၆ ရက်နေ့တွင် M United Entertainment မှ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading