Myanmar Idol အစီအစဉ်တင်ဆက်သူ ရုပ်ရှင်သရုပ်ဆောင် ကျော်ထက်အောင်ကို “Red Bull” Myanmar ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ထားတယ်လို့ “Red Bull” Energy Drink အလူမီနီယံဘူးသစ် ပြောင်းလဲ ထုတ်လုပ်တဲ့ မိတ်ဆက်ပွဲမှာ ကြေညာပါတယ်။
ယင်း အလူမီနီယံဘူးသစ် ပြောင်းလဲ ထုတ်လုပ်မှု မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဆူးလေ- ရှန်ဂရီလာ ဟိုတယ်မှာ သြဂုတ် ၄ ရက်နေ့က ကျင်းပပြုလုပ်တာ ဖြစ်ပြီး Red Bull အားဖြည့် အချိုရည် အလူမီနီယံဘူးသစ်ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင် ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
“ကျွဲရိုင်း အားဖြည့် အချိုရည်ကို မူလလက်ဟောင်း သံဘူးကနေ သံချေးတက်ခြင်း မရှိတဲ့ အလူမီနီယံ ဘူးသစ်အဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တာက ဝယ်ယူသောက်သုံးသူတွေအတွက် ပိုပြီး အဆင်ပြေ အောင်လို့ပါ။ အလူမီနီယံဘူး ဖြစ်တာကြောင့် အအေးဓာတ်ကို ကြာရှည်ထိန်းနိုင်ပြီး သယ်ရတာလည်း ပိုပြီး ပေါ့ပါးတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘဲ သဟဇာတ ဖြစ်စေပါတယ်” လို့ Red Bull အားဖြည့် အချိုရည်မှ နိုင်ငံတကာ စီးပွားရေးရာဌာန ဒါရိုက်တာ Mr. Vassanai Krits-Aramruang က ပြောပါတယ်။
ဆက်လက်ပြီး “Red Bull က ဘူးပုံစံ ပြောင်းသွားပေမယ့် အရည်အသွေး၊ အရသာ၊ ပါဝင်မှု ပမာဏ တွေက လုံး၀ မပြောင်းလဲ ပါဘူး။ မူလအတိုင်း ၂၅၀ မီလီမီတာ ပါဝင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
Red Bull အားဖြည့် အချိုရည်ဟာ Vitamin-B ပါဝင်တာကြောင့် ခွန်အားပြည့်၀ ဉာဏ်ကောင်းစေပြီး Taurine ပါဝင်တာ ကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ တိုးတက်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတယ်၊ B-complex ပါဝင်တာ ကြောင့်လည်း ဦးနှောက်နဲ့ အာရုံကြောကို အထောက်အကူပြုစေပြီး Caffeine ပါဝင်တာကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ တွေးခေါ် စဉ်းစားမှုကို လန်းဆန်းစေပါတယ် လို့ သိရပါတယ်။
Red Bull Myanmar မှ အထူးအစီအစဉ် တရပ်အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့၊ စနေနေ့မှာ ရန်ကုန်မြို့ အတွင်းပြေးဆွဲနေတဲ့ Red Bull Sticker ကပ်ထားတဲ့ YBS ဘတ်စ်ကားများကို တနေ့တာ အခမဲ့ စီးနင့်ခွင့် အစီအစဉ်ကို ပြုလုပ်ထားတာကြောင့် အဲဒီ တရက်လုံး မည်သူမဆို အခမဲ့ လိုက်ပါ စီးနင်းခွင့်ပြုသွားမယ် လို့ သိရပါတယ်။