Lifestyle

မာလဝီနိုင်ငံမှ မိန်းကလေးများအတွက် စက်ဘီးနဲ့ ပညာသင်စရိတ်ထောက်ပံ့နေတဲ့ ရီဟားနား

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ရီဟားနားတည်ထောင်တဲ့အဖွဲ့အစည်းတခုဖြစ်သော လူငယ်တွေရဲ့ပညာရေးကိုအဓိကအကျိုးပြုနေတဲ့ Clara Lionel ဆိုတဲ့ ဖောင်ဒေးရှင်းအဖွဲ့နဲ့အတူ Ofo ဆိုတဲ့အဖွဲ့တို့ဟာ အာဖရိက အရှေ့တောင်ဘက်မှာရှိတဲ့ မာလဝီနိုင်ငံမှ မိန်းကလေးငယ်များကို စက်ဘီးနဲ့ ပညာသင်စရိတ်များ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

အခုလို Clara Lionel နဲ့ Ofo အဖွဲ့ပူးပေါင်းဆောင်ရွက်တဲ့ အဆိုပါ အစီအစဉ်ကို 1 KM Action လို့ ဆိုပြီး ၅ နှစ်တာ ပညာသင်စရိတ်ကို ထောက်ပံ့ပေးသွားမယ်လို့ ကြေညာထားပါတယ်။

Ofo နဲ့ လက်တွဲရတာဟာ လူငယ်တွေရဲ့ပညာရေးကိုပိုပြီးအထောက်အပံ့ဖြစ်စေတဲ့အတွက် ဝမ်းသာ ရတယ်လို့လည်း ရီဟားနားက ဆိုပါတယ်။

မာလဝီနိုင်ငံမှာ နေထိုင်ရာ အိမ်နဲ့ စာသင်ကျောင်းတို့ရဲ့ အကွာအဝေးက အတော်လေး အလှမ်းဝေးလှတဲ့အတွက် မိန်းကလေးများကို စက်ဘီးထောက်ပံ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ မာလဝီနိုင်ငံမှာ မူလတန်း ကျောင်းတက်နေသူပေါင်း ၄.၆ သန်းရှိပြီး အဲဒီထဲကမှ ၈ ရာခိုင်နှုန်းလောက်ပဲ အလယ်တန်းကို တက်ရောက်နိုင်တာပါ။

Ofo အဖွဲ့ဟာ China, Brazil, Barbados, Cuba, Haiti, Grenada, Guyana နဲ့ Jamaica စတဲ့နိုင်ငံတွေမှာလည်း 1 KM Action ကို လုပ်ဆောင်နေတာဖြစ်ပြီး အမေရိကန်နိုင်ငံမှာလည်း လေးနှစ်တာ တက်ရောက်ရတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာသင်စရိတ် ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

မာလဝီနိုင်ငံရဲ့ ပညာရေးအတွက် ရီဟားနားဟာ ထောက်ခံအားပေးမှုတွေရရှိထားပါတယ်။

ဒါ့အပြင် ရီဟားနားဟာ ဟားဘတ်တက္ကသိုလ်ကချီးမြှင့်တဲ့ လူသားအကျိုးဆောင်ဆုကို ယခုနှစ်ထဲမှာပဲ ပူပူနွေးနွေးရရှိထားသူလည်းဖြစ်ပါတယ်။

www.observer.com တွင် ဖော်ပြထားတဲ့ Rihanna Is Now Giving Out Scholarships နှင့် www.out.com တွင် ဖော်ပြထားတဲ့ Rihanna Providing Bikes & Scholarships to Malawi Girls တို့ကို သုန္ဒြီမှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading