Lifestyle

ပျားရည်နဲ့ သစ်ကြံပိုးခေါက်ရဲ့ ကျန်းမာရေး အတွက် ကောင်းကျိုး ၁၀ချက်

ပျားရည်နဲ့ သစ်ကြံ ပိုးခေါက်ရဲ့ အာနိသင်က လှုံ့ဆော်စနစ်ကို အားကောင်းစေတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ နှလုံး၊ အရိုး၊ အရေပြား၊ သွားနဲ့ ဆံပင်တွေကို ခိုင်မာ အားကောင်းစေတယ်၊ ကိုယ်ခန္ဓာ အလေးချိန်ကိုလည်း လျော့ကျ စေတယ်၊ ယားယံခြင်းနဲ့ သွေးမတည့်ခြင်း တွေကနေလည်း လျော့နည်း သက်သာ စေတယ် ဆိုတာ လူတော်တော်များ သိကြပါတယ်။

ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို ရေနွေးနဲ့ ရောစပ် သောက်သုံးနိုင်သလို နွားနို့၊ ချင်း၊ စတာတွေနဲ့ ရောနှော စားသုံးနိုင်ပါတယ်။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ရဲ့ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အာနိသင်တွေ အကြောင်း ပြောပြမှာပါ။

ပျားရည်နဲ့ သစ်ကြံပိုးခေါက်ရဲ့ အာဟာရတန်ဖိုးများ

သူတိ့ုမှာ ဗီတာမင်တွေ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ ရေဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ များစွာသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေါင်းစပ်ဖွဲ့စည်း ထားတာပါ။ သစ်ကြံပိုးခေါက်မှာ အလွန်နည်းပါးတဲ့ အဆီဓာတ် လည်း ပါရှိပါသေးတယ်။ သတ္တုဓာတ်တွေထဲမှာတော့ ကယ်စီယမ်၊ အိုင်ရွန်း၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်၊ ဇင့်တွေ ပါရှိပါတယ်။ ဗီတာမင် အနေနဲ့ စီ၊ ဘီဆစ်၊ ဖိုလစ်၊ နီယာစင်၊ ရစ်ဗိုဖလာဖင်တွေပါပါတယ်။ သစ်ကြံပိုးခေါက်မှာက ဗီတာမင် အေ၊ အီး၊ ဒီနဲ့ ကေတွေ ပိုပြီး ပါရှိပါတယ်။

သူတို့ရဲ့ အကျိုးအာနိသင်တွေကတော့

(၁) လှုံ့ဆော်စနစ်ကို အားကောင်းစေတယ်။ ။ ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ လှုံ့ဆော်စနစ်ကို အားပေးတယ်၊ အဆီပိုတွေကို ဖယ်ထုတ်ပေးတယ်၊ အသက်ပိုရှည်အောင် နေထိုင်စေနိုင်တယ်၊ အအေးမိခြင်းနဲ့ အဖျားဝင်တာတွေကို သက်သာ စေတယ်။ ဒါဟာ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ထဲမှာ တွေ့ရတဲ့ အောက်ဆီဓာတ်တိုးခြင်းကို ကာကွယ်ပေးတဲ့ ပုံစံကြောင့် ဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း တခုချင်းစီကို အားပေးကောင်းမွန်စေတာ တွေ့ရပါတယ်။

(၂) ဆီးချိုကို တားဆီးပေးတယ်။ ။ သစ်ကြံပိုးခေါက်မှာ ပါရှိတဲ့ အောက်ဆီဓာတ်တိုးခြင်းကို ကာကွယ်ပေးတဲ့ အရာက သွေးတွင်း သကြားဓာတ်ကို လျော့နည်းစေတယ်၊ လိုအပ်တဲ့ စွမ်းအင်ကိုပဲ ထုတ်လုပ်ပေးတယ်၊ သဘာ၀ သကြားဓာတ် စစ်စစ်ကို ထုတ်ပေးပြီး သူက သွေးတွင်း သကြားဓာတ်ကို မမြင့်စေဘူး။ အဲဒီလို ကောင်းမွန်တဲ့ သစ်ကြံပိုးခေါက်ကို ပျားရည်နဲ့ ပေါင်းစပ် စားသုံးမယ် ဆိုရင်တော့ ဂလူးကို့စ်လိုပဲ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

 

(၃) ကင်ဆာကိုကာကွယ်ပေးတယ်။ ။ ပျားရည်သုံးစွဲသူတွေဟာ ကင်ဆာကို ကာကွယ်ပြီးသား ဖြစ်စေတယ် လို့ လေ့လာ တွေ့ရှိရပါတယ်။ သစ်ကြံပိုးခေါက်ကတော့ ကင်ဆာကို ကာကွယ်မှုထက် ကင်ဆာဆဲလ် ပျံ့နှံ့မှုကို ကာကွယ်ပေးပါတယ်။ ပျားရည်မှာ ပါတဲ့ အက်ဆစ်ဓာတ်က ကင်ဆာ အင်ဇိုင်းနှစ်ခု ကွဲထွက်မှုကို တားဆီးပေးတယ်၊ ကာကွယ်မှု အတွက်ရော တားဆီးမှု အတွက်ပါ ကောင်းမွန်စေပါတယ်။

(၄) ယားယံခြင်းကို သက်သာစေတယ် ။ ။ အပူလောင်ခြင်းနဲ့ ပိုးမွှားကိုက်လို့ ယားယံမှု ပျောက်ကင်းမယ့် ဆေးတွေမှာ ပျားရည်နဲ့ သစ်ဂျပိုးခေါက်ကို ထည့်သွင်း ဖန်တီး ထားလေ့ ရှိပါတယ်။ အလှအပဆိုင်ရာ ပစ္စည်းတွေမှာလည်း ထည့်သုံးတယ်၊ ကူးစက်ရောဂါတွေက နေလည်း ကာကွယ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

(၅) အစာချေစနစ် ကောင်းမွန်စေတယ် ။ ။ အစာချေစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေတာပါ။ အစာအိမ်ထဲက ဂတ်စ်တွေကို ဖယ်ထုတ်ပေးတယ်၊ အစာအိမ်တွင်း လိုအပ်တဲ့ နေရာတွေကို ဖာထေးကောင်းမွန်စေတယ်၊ အစာမကြေခြင်း ကို ကာကွယ်ပေးတယ်၊ ဆီးအိတ်တွင်း ကူးစက်ရောဂါဖြစ်ပွားမှုကို တားဆီးပေးပါတယ်။ အစာအိမ် အချဉ်ပေါက်ခြင်းနဲ့ ဆက်စပ် ရောဂါတွေကို ကာကွယ်ပေးပါတယ်။

(၆) အဆစ်ရောင်ရောဂါကို သက်သာစေတယ် ။ ။ ပုံမှန် မှီဝဲပေးခြင်းကနေ အရိုးတွေကိုလည်း သန်မာစေသလို အဆစ်အမြစ် နာကျင် ကိုက်ခဲမှုကိုလည်း သက်သာပျောက်ကင်းစေပါတယ်။  (၇) အရေးပြားရောဂါတွေကို ပျောက်စေတယ်။ ။ အရေပြားမှာ ဖြစ်တဲ့ ကူးစက်အနာလို အရာတွေကိုလည်း ပျောက်စေနိုင်တယ်၊ ပုံမှန် အမာရွတ်တွေကိုလည်း ပျောက်စေနိုင်တယ်၊ အခြား အပူလောင်နာတွေကို သက်သာစေနိုင်တယ်၊ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို လျော့နည်းတင်းရင်းစေတယ်၊ နေလောင်နာတွေကိုလည်း သက်သာစေတာ တွေ့ရပါတယ်။

(၈) နှလုံးအားကောင်းစေတယ်။ ။ ပျားရည်နဲ့ သစ်ကြံပိုးက ကိုလက်စထရောကို ကျဆင်းစေတယ်။ ဒါကြောင့်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်း ကာကွယ်ပြီး ဖြစ်စေတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်မားမှုက သွေးလွှတ်ကြော သွေးပြန်ကြောတွေမှာ အဆီပိုတွေ ကပ်နေစေတယ်။ နောက်ဆက်တွဲ ရလဒ်ကတော့ လေဖြတ်ခြင်းတွေ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပြီး အခုလို ကိုလက်စထရော လျော့နည်းစေမှုက နှလုံးကို အားကောင်းစေလာပါတယ်။

(၉) အလေးချိန် လျော့ကျစေတယ် ။ ။ ရေနွေးနဲ့ ပျားရည်၊ သစ်ကြံပိုးခေါက်ကို ရောနှော သောက်သုံးခြင်းက ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပုံမှန် စားသောက်နေထိုင်ပုံနဲ့ လေ့ကျင့်ခန်းလုပ်ပေးရင် အကောင်းဆုံး ကျန်းမာရေးကို ပိုင်ဆိုင်လာပါလိမ့်မယ်။

(၁၀) သွားကျန်းမာရေးအတွက်လည်း သုံးနိုင်တယ် ။ ။ သူတို့ နှစ်မျိုးပေါင်းပြီး ပုံမှန် စားသုံးပေးရင် သွားကျန်းမာရေးကို ကောင်းမွန်စေတာ တွေ့ရပါတယ်။ ခံတွင်းနံ့နံခြင်းကိုလည်း လျော့နည်းစေတယ်၊ သွားကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ ။

Ref: www.organicfacts.net 

Loading