Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
မြန်မာစာပေသမိုင်း စာအုပ်မျက်နှာဖုံး

စာရေးသူ       – ဦးဖေမောင်တင်

စာအုပ်အမည် –  မြန်မာစာပေသမိုင်း

အမျိုးအစား    – စာပေ

မြန်မာစာပေဖခင်ကြီး ဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်းစာအုပ်ကို ၁၁ ကြိမ်မြောက် ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာစာပေကို ပုဂံခေတ်ကျောက်စာ၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်း ဘောင်ခေတ် (ပထမပိုင်း)၊ ကုန်းဘောင်ခေတ် (ဒုတိယပိုင်း) စသည်ဖြင့် ပိုင်းခြားထားပြီး ထင်ရှားကျော်ကြားတဲ့မြန်မာစာ ဆိုတော်ရဲ့အကြောင်း၊ မြန်မာစာစု၊ မြန်မာမှုတွေကို စုစည်းပြီး မြန်မာစာပေရဲ့အရသာပေါ်အောင် တင်ပြထားပါတယ်။

ဆရာကြီးမင်းသုဝဏ်က “ယခု ဤစာပေအလင်း ရောင်စာအုပ်သည် ရှားပါးစာရင်းဝင်အဖြစ်မှ ပြန်လည်ထွက်ပေါ်လာဦးမည် ဆိုသဖြင့် ဝမ်းသာအားရကြိုဆိုပါ၏။ ဆရာကြီးဦးဖေမောင်တင်ကိုလည်း ဤစာပေဖြင့် အလေးအမြတ်ကန်တော့ ဝတ်ချကာ ကျေးဇူးတစ်စိတ် ဆပ်လိုက်ပါ၏။ ဆရာကြီး၏ ပညာဒါနအတွက်လည်း သာဓုခေါ်လိုက်ပါသတည်း”လို့ ဆိုထားပါတယ်။

ရာပြည့်စာအုပ်တိုက်က တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

မြန်မာပြည်က ပန်းချီဆရာများ စာအုပ်မျက်နှာဖုံး

စာရေးသူ      –  မောင်ကိုကို (အမရပူရ)

စာအုပ်အမည် –  မြန်မာပြည်က ပန်းချီဆရာများ

အမျိုးအစား    –  အနုပညာ

ဆရာမောင်ကိုကို (အမရပူရ)ရဲ့ မြန်မာပြည်က ပန်းချီဆရာများစာအုပ်ဟာ  စိတ်ကူးချိုချို စာအုပ်တိုက်တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာ ဒီနေ့ခေတ်ရဲ့ပန်းချီဆရာတွေဖြစ်တဲ့ စိုးနိုင်၊ ဇော်ဇော်အောင်၊ ချမ်းငြိမ်းကျော် (CNK)၊ မျိုးသန့်အောင်၊ မင်းဇော်၊ မြင့်နိုင်၊ မြတ်ကျော့၊ ပြည့်ဖြိုးအောင် (PPA)၊ မော်မော်၊ မန္တလေး -ကြည်ဝင်း၊ ဝင်းမြင့်ဦး၊ ထွန်းထွန်းလင်း၊ ရှိန်၊ ဝင်းတင့်၊ နု နု၊ ဇွဲရန်နိုင် စတဲ့ပန်းချီဆရာ ၁၇ ဦးရဲ့ ဘဝလမ်းကြောင်း၊ အနုပညာအတွေးအခေါ်တွေကို ပန်းချီကားတွေကို ကြည့်ရှုရင်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဆရာမောင်ကိုကို(အမရပူရ)က ဒီရုပ်ပုံလွှာတွေအတွက် ပန်းချီဆရာတစ်ယောက်ချင်းဆီကို အချိန် ယူတွေ့ဆုံပြီး မေးမြန်းထားတယ်လို့ ဆိုပါတယ်။

စိတ်ကူးချိုချိုက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

လွတ်လပ်မှု အနာဂတ် စာအုပ်မျက်နှာဖုံး

စာရေးသူ        – ဘုန်းသက်ပိုင်

စာအုပ်အမည်  – လွတ်လပ်မှု အနာဂတ်

အမျိုးအစား     –  ဘာသာပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျားက “အတောက်ပဆုံး လူငယ်စာရေးသူတွေထဲက တစ်ဦးဖြစ် တဲ့ ဖရိဇာခါရီယာဟာ ကမ္ဘာလုံးစနစ်အပေါ်  အနောက်တိုင်းဖွဲ့စည်းပုံ အခြေခံမှုတွေရဲ့အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာလည်ကောင်း အတွေးကိုလည်း  ဆွပေးတဲ့စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါတယ်”လို့ ဆိုပါတယ်။

ဖရီဇခါရီယာက ဒီစာအုပ်မှာ သာမန်အားဖြင့် လုံးထွေးနားလည်ပြော ဆိုနေကြတဲ့ ဒီမိုကရေစီနဲ့လွတ်လပ်မှုကို စနစ်တကျ ခွဲခြားထားပြီး ကမ္ဘာမှာ လစ်ဘရယ်မဆန်တဲ့ဒီမိုကရေစီ ထွန်းကားတွယ်ကျယ်နေတာတွေ၊ ဒီကနေ့ ကမ္ဘာ့နေရာ အများအ ပြားမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံ အာဏာရှင်တွေ အားကောင်းနေတာကို အခန်းပေါင်း ၆ ခန်းနဲ့ သတိပေးထားပါ တယ်။

ဘာသာပြန်သူ ဆရာဘုန်းသက်ပိုင်ကလည်း ` ဒါဟာ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ထူထောင်ကြိုးပမ်းနေတဲ့ ကျွန်တော်တို့လို တိုင်းပြည်မျိုးတွေအတွက် အထူးသတိချပ်စရာပါ` လို့လည်း ဆိုထားပါတယ်။

the key collection မှ တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ဇော်ဂျီ (ဒဿန၊ ရသစာ) စာအုပ်မျက်နှာဖုံး

စာရေးသူ       –  မြဝင်း (ဒဿန)

စာအုပ်အမည် –  ဇော်ဂျီ (ဒဿန၊ ရသစာ)

အမျိုးအစား    – စာပေ

မိုးဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ဒီလှိုင်းမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း၊ စာပေဂျာနယ်၊ မြားနတ်မောင်မဂ္ဂဇင်း၊ ပိ တောက်ပွင့်သစ်မဂ္ဂဇင်းအပါအဝင် စာပေမဂ္ဂဇင်းများစွာမှာ ရေးခဲ့တဲ့ ဆရာမြဝင်း (ဒဿန) ရဲ့ဆောင်းပါးများ စုစည်းမှုဖြစ် ပါတယ်။

ဒီစာအုပ်မှာ မြန်မာ့ရသပညာရှင် ဆရာဇော်ဂျီ၊ ဆရာဇော်ဂျီနှင့် အလွမ်းအဆွေး အသော၊ ဇော်ဂျီ၏ရသစာပေသဘော၊ ဆ ရာဇော်ဂျီနှင့် ပလေတိုနိဒါန်း၊ နန္ဒာလောကဆိပ်ကမ်းမှ၊ ပုဂံခေတ်က ဆပဒနှင့် ကျွန်တော့်အတွေး၊ အချစ်နှင့်စစ်ပွဲ ဝတ္ထုနှင့် စပ်လျဉ်း၍၊ ဘိုကိုလာနှင့် မြည်းအိုကြီး၊ စေတနာလက်ရာ ၊ ဆရာဇော်ဂျီရှင်းပြသော စောင့်စည်းနိုင်မှုသဘော၊ ရသနှစ်သက် ခြင်း၊ အလွမ်းနှင့် အဆွေး၊ ဇော်ဂျီ၏အရေးအဖွဲ့၊ နွေဦးကဗျာကို အကြောင်းပြု၍၊ ဆရာဇော်ဂျီနှင့် သူ၏စာပေဝေဖန်ရေးအ မြင်၊ သရုပ်မှန်ဟူသည်စတဲ့ ဒဿန၊ ရသစာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

မုံရွေးစာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading