Lifestyle

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

၁။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းစေရန် ရည်ရွယ်သည့် Clean Yangon Campaign (August) ကို ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် ၂၇.၈.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပရဟိတ အဖွဲ့များ၊ ပရဟိတကို စိတ်ဝင်စားသူများ၊ အနုပညာရှင်များနှင့် မြို့တော်သန့်ရှင်းသာယာ လှပစေလိုသူများ စုစည်း၍ ပညာပေး ဆောင်ရွက်ခြင်းများ အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

၂။ ဂျပန်ပညာရေးပွဲတော် (မြန်မာ) ကို ပြည်လမ်းရှိ Novotel Yangon Max တွင် ၂၆.၈.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ဂျပန်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ ပါဝင်မှာ ဖြစ်ပြီး Seminar နှင့် Booth များတွင် တဦးချင်းဆွေးနွေးမှု များလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၃။ မိုးရာသီ မြန်မာ့ရိုးရာ အစားအသောက် ဈေးရောင်းပွဲတော်ကို ဒဂုံမြို့နယ်၊ ခရေပင်လမ်းရှိ ပဒုမ္မာခန်းမတွင် ၂၆.၈.၂၀၁၇ မှ ၂၇.၈.၂၀၁၇ အထိပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့ရှိ နာမည်ကြီး ရိုးရာ စားသောက်ဆိုင်များမှ အစားအသောက်များကို တနေရာတည်းတွင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၄။ မြန်မာနိုင်ငံ လူထုအကျိုးပြု စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ စကားဝိုင်း ဆွေးနွေးပွဲကို ကမ္ဘာအေးဘုရားလမ်းရှိ Sedona Hotel တွင် ၂၆.၈.၂၀၁၇ နေ့၊ ညနေ ၃ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဗြိတိသျှ ကောင်စီ (မြန်မာ) မှ ဒေါ်မီမီမျိုးဝင်း၊ ဖြူစင်ဝေမျှ ပရဟိတ အဖွဲ့မှ အီပွင့်ရှီဇံ၊ SoyAi Myanmar ၏ Business Leader ကိုထက်ရှိုင်း တို့က မြန်မာနိုင်ငံ၏ လူမှုစီးပွားလုပ်ငန်းများတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

၅။ နိုင်ငံကျော် အဆိုတော်များ၊ နိုင်ငံကျော် ဆံကေသာပညာရှင်များ ပါဝင်မည့် EUSHIDO & INSIN Hair Care Brand ၏ 10th Year Anniversary ပွဲကို ကမ္ဘာအေး ဘုရားလမ်းရှိ Sedona Hotel (Grand Ballroom )တွင် ၂၆.၈.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် နီနီခင်ဇော်၊ အမွန်း၊ X-Box ၊ ဂျက်ဆန်ထွန်း ၊ Project-K ၏ ကကွက်ဆန်းများနဲ့ အတူ သီဆို ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

၆။ ၁၉၉၀ ကျော်ကာလ ဝတ်စားဆင်ယင်မှုနှင့် ဂီတများကို ပြန်လည် ခံစားနိုင်မည့် 50th Street’s “Fashionably Late” End of Summer Party! ပွဲကို ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ ရှိ 50th Street Cafe Restaurant Bar တွင် ၂၆.၈.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၇။  လိင်တူချစ်သူများ၏ FAB 57 ပွဲကို ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Muse Bar တွင် ၂၆.၈.၂၀၁၇ ရက်နေ့ ည ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတွင် နာမည်ကျော် DJ များ၏ ဖျော်ဖြေမှု၊ ပေါ့ဂီတ အကများ ပါဝင်မည် ဖြစ်ပြီး ဝင်ကြေး ၅ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

၈။ ပန်းချီဝင်းဖေမြင့်နှင့် ပန်းချီဖိုးဆန်းတို့၏ TRIP TO ANYAR ပန်းချီပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်း (မြောက်ဘက်) ရှိ OK Gallery တွင် ၂၆.၈.၂၀၁၇ မှ ၃၁.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွာမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေး၊ အခရိုင်းလစ် အညာရှုခင်း ပန်းချီကား ၅၀ ကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ အမှတ် ၂၃၊ အလံပြ ဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း မြောက်ဘက်ပိုင်းရှိ ယင်းOK Gallery သည် အသစ် ထပ်မံဖွင့်လှစ် လိုက်သည့် ပြခန်းဖြစ်ပြီး၊ ပြပွဲ ပြုလုပ်လိုသည့် အနုပညာရှင်များ၊ ဝါသနာရှင်များ အနေဖြင့် ၀၉ ၇၇၉ ၂၂၂ ၇၇၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

၉။ ပန်းချီဆရာ ၃၁ ဦးပါဝင်မည့် ရှင်သန်ခြင်း ၄ မြတ်ဒါနအလှူပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery တွင် ၂၆.၈.၂၀၁၇ မှ ၃၁.၈.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ၊ လက်ရာစုံ ပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ပြီး ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို NLD HIV/AIDS ကူညီစောင့်ရှောက်ရေး ဂေဟာသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

၁၀။ နာမည်ကျော် ပန်းချီဆရာများစွာ ပါဝင်သော GRAND GROUP Art Exhibition ပန်းချီပြပွဲကို ၂၀.၈.၂၀၁၇ မှ ၂၇.၈.၂၀၁၇ ရက်နေ့ထိ အမှတ် ၄၆ (အေ)၊ မြေညီထပ်၊ Excellent ကွန်ဒို၊ မင်းကျောင်းလမ်းနှင့် ပန်တျာလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲမှာ Trish Gallery  ၇ နှစ်ပြည့် အထိမ်းအမှတ် အဖြစ်ပြုလုပ်ခြင်း ဖြစ်ပြီး ဂယ်လာရီက စုဆောင်းထားသည့် မီဒီယံစုံ၊ လက်ရာစုံ ပန်းချီကားများစွာကို ရှုစားနိုင်မည် ဖြစ်သည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading