Lifestyle

ဝင်ငွေအကောင်းဆုံးမင်းသမီးထက် ဒေါ်လာ ၄၂ သန်း ပိုရခဲ့တဲ့ Transformers 4 မင်းသား

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့နှစ်ကာလ အပိုင်းအခြားလောက်က ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုအရ ဟောလီးဝုဒ်လောကမှ ကမ္ဘာ့အကောင်းဆုံး သရုပ်ဆောင်မင်းသားဆယ်ဦးရဲ့ အနုပညာကြေးစုစုပေါင်းမှာ ဒေါ်လာ ၄၈၈.၅ သန်း(ပေါင် ၃၈၀.၅ သန်း) ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ ဝင်ငွေပမဏဟာ အကောင်းဆုံး ထိပ်တန်းမင်းသမီးဆယ်ဦးရဲ့ အနုပညာကြေးစုစုပေါင်း ဒေါ်လာ ၁၇၂.၅ သန်း ထက် သုံးဆနီးပါးတောင် ပိုနေတာကို တွေ့ရပါတယ်။

ကမ္ဘာကျော် Transformers ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသား မာ့ခ်ဝှမ့်ဘာ့ဂ်(Mark Wahlberg) ဟာ အမျိုးသားသရုပ်ဆောင်များအနက် ဝင်ငွေ ဒေါ်လာ ၆၈ သန်းနဲ့ ထိပ်ဆုံးမှရပ်တည်နေပြီး အမျိုးသမီးသရုပ်ဆောင် အနေနဲ့ La La Lands ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသမီး အမ်မာစတုန်း(Emma Stone) က ဝင်ငွေဒေါ်လာ ၂၆ သန်းနဲ့ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းအရ ၂၀၁၆ ဇွန်လမှ ၂၀၁၇ ဇွန်လအတွင်း အခြားသော သရုပ်ဆောင်မင်းသား ၁၃ ဦး တို့ဟာ အမ်မာစတုန်းထက် အနုပညာကြေးပိုမိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ၁၃ ဦးတွင် ဒွိန်းဂျွန်ဆင် (The Rock) နဲ့ ဂျက်ကီချန်းတို့အပြင် La La Land ဇာတ်ကားမှ တွဲဖက် သရုပ်ဆောင် ရိုင်ယန်ဂေါ့စလင်း(Ryan Gosling)တို့ ပါဝင်ပါတယ်။

“တချို့သော ကျမနဲ့ တွဲဖက်မင်းသားတွေရဲ့ အနုပညာကြေးဟာ အပြည့်အဝမရဘဲ ဖြတ်တောက်မှုတွေရှိခဲ့လို့ ကျမရဲ့ဝင်ငွေဟာ သူတို့နဲ့ တန်းတူဖြစ်ခဲ့ပါတယ်” လို့ အမ်မာစတုန်းက မကြာသေးမီက ဆိုပါတယ်။

ဒါ့အပြင် နာတာလီပေ့ါမင်းနဲ့ ဂျနီဖာလော့ရန့်စ်တို့ကလည်း အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်လို့ ပြောဆိုခဲ့ဖူးပါသေးတယ်။

လက်ရှိအနေနဲ့ ဝင်ငွေအကောင်းဆုံးမင်းသားဆယ်ဦးအဖြစ်

၁။ မာ့ခ် ဝှမ်းဘာ့ဂ် – ၆၈ သန်း
၂။ ဒွိန်းဂျွန်ဆင် (The Rock) – ၆၅ သန်း
၃။ ဗင်ဒီဇယ် – ၅၄.၅ သန်း
၄။ အဒမ် ဆမ်ဒလာ – ၅၀.၅ သန်း
၅။ ဂျက်ကီချန်း – ၄၉ သန်း
၆။ ရောဘတ် ဒေါင်နေး ဂျူနီယာ – ၄၈ သန်း
၇။ တွမ်ခရုစ် – ၄၃ သန်း
၈။ ရှာရွတ်ခန်း – ၃၈ သန်း
၉။ ဆယ်လ် မန်ခန်း – ၃၇ သန်း
၁၀။ အာရှေ ကူးမား – ၃၅.၅ သန်း ဖြင့် အသီးသီးရပ်တည်လျက်ရှိပြီး

ဝင်ငွေ အကောင်းဆုံးမင်သမီးဆယ်ဦးအနေနဲ့

၁။ အမ်မာစတုန်း – ၂၆ သန်း
၂။ ဂျနီဖာအန်နစ္စတန် – ၂၅.၅ သန်း
၃။ ဂျနီဖာလောရန့်စ် – ၂၄ သန်း
၄။ မယ်လစ်ဆာမက္ကာသီ – ၁၈သန်း
၅။ မိုင်လာကန်းနစ် – ၁၅.၅ သန်း
၆။ အမ်မာဝပ်ဆန် – ၁၄ သန်း
၇။ ချားလိဇ် သီရွန် – ၁၄ သန်း
၈။ ကေတီဘလန့်ချက် – ၁၂ သန်း
၉။ ဂျူလီယာရောဘတ်စ် – ၁၂ သန်း
၁၀။ အေမီအဒမ်စ် – ၁၀.၅ သန်းတို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

Forbes မဂ္ဂဇင်း မှ သတင်းရေးသားသူ Natalie Robehmed က အနုပညာကြေး မညီမျှမှုဟာ ပါဝင်သရုပ်ဆောင် ရမယ့် အခန်းကဏ္ဍ ကမ်းလှမ်းခံရမှုနဲ့လည်း သက်ဆိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် သူမ က စူပါဟီးရိုးဇာတ်လမ်းနဲ့ ခွန်အားကြီးမားကြောင်းပြသတဲ့ ဇာတ်ကားများတွင် အမျိုးသမီး သရုပ်ဆောင်များရဲ့ အခန်းကဏ္ဍဟာ မပါသလောက်နည်းပါးတာကြောင့် အနုပညာကြေး ရရှိမှု နည်းပါးခြင်း ဖြစ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ အနုုပညာကြေး ညီတူညီမျှ ရရှိခဲ့သည့်တိုင်အောင် ဟောလိဝုဒ်တခွင် ငွေကြေးချမ်းသာခြင်း ကွာဟချက်ကတော့ ရှိနေဦးမှာပဲလို့ Natalie က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

www.bbc.com တွင် ဖော်ပြခဲ့သည် Mark Wahlberg earned $42m more than the best paid actress last year ဆိုတဲ့ သတင်းကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading