“ပြောင်းလဲခြင်းနဲ့ လိုက်ရွေ့ရမယ်… ပုံသေဆိုရင် နောက်ကျသွားမယ် တဲ့…” ဆိုတဲ့ ကွယ်လွန်သူ အဆိုတော် ကိုခိုင်ထူးရဲ့ သီချင်းတပုဒ် လိုပဲ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကာလနဲ့ အတူ လူသားတွေဟာ အပြောင်းအလဲနဲ့ လိုက်ပါ ပြောင်းလဲနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နောင်အနာဂတ်မှာ တိုင်းပြည်တာဝန်ကို ပခုံးပြောင်း တာဝန်ယူရမယ့် လူငယ်လူရွယ်တွေ အတွက် အသိပညာ၊ အတတ်ပညာ အားကောင်း ပြည့်စုံဖို့ လိုပါတယ်။
ကိုယ့်ရဲ့ သားသမီးငယ်တွေ အတွက် ပညာအခြေခံကောင်း ရရှိ ပြည့်စုံ စေဖို့ ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်ပညာပေးခြင်းဖြင့် မိမိတို့ရဲ့ သားသမီးဟာ ဖြစ်တည်ပြောင်းလဲနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ရပ်တည်နေနိုင်ပြီး ပညာအခြေပြု လူ့အဖွဲ့အစည်းထဲမှာ ဝင့်ထည်နိုင်မှာ ဖြစ်ပါတယ်။
“ပညာ” ဟူသည်ကား “အပြစ်၊ အကျိုး ခွဲခြမ်း နိုင်သည့် ဉာဏ်တည်း” ဟု ရှင်မဟာ သီလဝံသ၏ “ပါရာယန ဝတ္တု” တွင် ဖွင့်ဆိုပါတယ်။ ပညာ ဆိုတာ စာအုပ်စာတမ်း ဖတ်ရှုပြီး စာသိ သိမှုမျိုးကို ပညာဟု မဆိုလိုဘဲ ပညာဟာ လက်တွေ့နဲ့ အသိကို တွဲစပ် လုပ်ဆောင်နိုင်ခြင်း ဖြစ်တယ် လို့လည်း ပညာရှင်တွေက ဆိုပါတယ်။
တဖန် “လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည် အထိ ပညာသင်များ ဖြစ်နေကြပေသည်” လို့လည်း ပြောဆိုကြတာကြောင့် ပညာသင်ကြားမှုဟာ အမှန်စင်စစ် တသက်တာ သင်ယူကြမှာ ဖြစ်ပါတယ်။
Education ခေါ် ပညာသင်ကြားရေး (သို့မဟုတ်) ပညာရေး ဆိုတဲ့ ဝေါဟာရဟာ “Educere” ဆိုတဲ့ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပာယ်ရင်းမှာ “ဦးဆောင်၍ ခေါ်ယူသည်။ ဆွဲထုတ်သည်” လို့ ဆိုလိုပါတယ်။ ဆိုလိုတာက တခြား တဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ လိုအပ်တဲ့ ပန်းတိုင်သို့ ဦးဆောင်၍ ခေါ်ခြင်း၊ တဦးတယောက် ဒါမှမဟုတ် တခုသော ပစ္စည်းက ပုဂ္ဂိုလ်တဦး၏ နစ်မြုပ်လျှက်ရှိတဲ့ စွမ်းရည်ကို ဆွဲထုတ်ပေးခြင်း ဖြစ်တယ် လို့ ဆရာကြီးတက်တိုးက ရှင်းပြဖူးပါတယ်။
ပြီးတော့ “ပညာတတ်ဟူသည် လောကရှိ အရာရာကို အခွင့်အလမ်း အလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း၊ ပြုပြင်ပြုစု စီမံထားသူသာ ဖြစ်သည်” လို့ ပညာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
ဒါကြောင့် ပညာရဲ့သဘောမှာ ကာယ၊ ဉာဏ၊ လူမှုရေး၊ စာရိတ္တ၊ အတွေးအခေါ် စသည်တို့ကို ဘက်စုံ ပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်။ ကလေးငယ်များကို ငယ်ရွယ်စဉ်မှာပင် လူ့အဖွဲ့အစည်းအတွင်း သိသင့်သည်များ၊ တတ်သင့်သည်များ၊ လိုက်နာ စောင့်ထိန်းသင့်သည်များ သင်ကြားပေးခြင်းဖြင့် နောင် အသက်အရွယ် ကြီးလာတဲ့ အခါ သူစိတ်ဝင်စားရာကို ပိုမို စူးစိုက် စူးနစ်စိတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာအဆင့်မီ ကောလိပ်များ၊ တက္ကသိုလ်များ၊ ကျောင်းများမှာ လူမှုဆက်ဆံရေးမှ အစ ထိပ်တန်းပညာရပ်များကို လက်လှမ်းမီ လွယ်ကူစွာ တက်ရောက် သင်ယူနိုင်ရေး အလေးထား စီစဉ်ပေးလာတာ တွေ့ရပါတယ်။
အခု ဆိုရင် ပြည်တွင်းမှာလည်း နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်၊ သင်ရိုးတွေနဲ့ facilities တွေ အပြည့်နဲ့ International School တွေ ပေါ်ပေါက်နေပါပြီ။
အဲဒီ နိုင်ငံတကာ အဆင့်မီ ကျောင်းတွေထဲက British သင်ရိုးအတိုင်း သင်ကြားပေးပြီး facilities တွေ အပြည့်အစုံ ပါဝင်တဲ့ Dulwich College Yangon (DCY) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာနဲ့ Star City အိမ်ရာတွေမှာ ကျောင်းဝင်း နှစ်ခု ခွဲကာ တည်ဆောက်ထားပြီး၊ အရှည်မီတာ ၅၀ ရှိတဲ့ အိုလံပစ်အဆင့်မီ ရေကူးကန်ကြီး အပြင် ကမ္ဘာ့အဆင့်မီ indoor/outdoor အားကစားကွင်းတွေ၊ ပြဇာတ်ရုံတွေနဲ့ သိပ္ပံဓာတ်ခွဲခန်းတွေ စသဖြင့် facilities တွေ စုံစုံလင်လင် စီမံပေးထားတာ တွေ့ရပါတယ်။
British သင်ရိုးအတိုင်း ပြဋ္ဌာန်းထားပြီး အတွေ့အကြုံပြည့်ဝတဲ့ ဆရာတွေက သင်ကြားပေးလျက်ရှိပြီး အသက် ၂ နှစ် အရွယ် မူကြို အဆင့်ကနေ ၁၈ နှစ် အရွယ် တက္ကသိုလ်ဝင်တန်း အထိ အတန်းပေါင်းစုံ တက်ရောက်နိုင်ပါတယ်။
Dulwich College Yangon (DCY) ဟာ Dulwich College International (DCI) ရဲ့ ကျောင်းများကွန်ရက်မှ ကျောင်းခွဲ တခု ဖြစ်တဲ့ အတွက် ကျောင်းပြီးတဲ့ အခါမှာလည်း နိုင်ငံတကာက ထိပ်တန်းတက္ကသိုလ်တွေ၊ ကောလိပ်တွေကို အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်ပါတယ်။
Dulwich College International Network က ကျောင်းများမှ မွေးထုတ်ပေးလိုက်တဲ့ကျောင်းသားတွေဟာ UK, USA, AUS, SG, KOREA စတဲ့နိုင်ငံတွေ အပါအဝင် ကမ္ဘာတဝှမ်းက အကောင်းဆုံးကျောင်းတွေမှာ တက်ရောက်ခွင့်ရတဲ့ မှတ်တမ်းတွေရှိပါတယ်။ ယမန်နှစ် အတွေ့အကြုံအရ တက်ရောက်ခဲ့တဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ပထမ ဦးစားပေး တက္ကသိုလ်တွေကို တက်ရောက်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ။