Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
နှလုံးသားဘဏ်တိုက်မှ ရွှေဆည်းလည်းရတနာများ စာအုပ်မျက်နှာဖုံး

စာရေးသူ                –  စန္ဒရားလှထွတ်

စာအုပ်အမည်  –  နှလုံးသားဘဏ်တိုက်မှ ရွှေဆည်းလည်းရတနာများ

အမျိုးအစား –  ဂီတ

စန္ဒာမဂ္ဂဇင်းမှာ ဂီတပညာရှင် စန္ဒရားလှထွတ်ရေးခဲ့တဲ့ ဘဝနောက်ခံ ဂီတအတွေ့အကြုံ ဆောင်းပါးရှည်တွေဖြစ်တဲ့ “နှလုံး သားဘဏ်တိုက်မှ ရွှေဆည်းလည်းရတနာများ”၊ “အမြင်ဂီတပုံရိပ်”စတဲ့ ဆောင်းပါးစုတွေ၊ “ရုပ်ရှင်ပဏာမတေးဂီတ” ဆောင်း ပါးစုတွေကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။

ဒီစာအုပ်မှာ စန္ဒရားလှထွတ်ရဲ့ငယ်ဘ၀ ဂီတအတွေ့အကြုံ၊ စစ်ကြိုခေတ်သီချင်းများ၊ စောင်းဦးဘသန်းထံမှာ ဂီတ ပညာ သင်ယူချိန်၊ ပွဲတီးအတွေ့အကြုံများ၊ ဆိုတီးစားပြန်ပွဲများနဲ့ ဂီတပညာရှင်ကြီးများ၊ ကြည်ကြည်ဌေးနဲ့ မေရှင် ကွာခြားပုံ၊ ခေတ်ပြိုင်ဂီတ ရောင်းရင်းများ၊ ရုပ်ရှင်ဂီတမှူးဘဝ၊ မိသားစုဘဝ၊ မင်းသားကြီးဝင်းဦးနှင့် အတူ၊ ဂီတအတတ်ပညာရှင်နဲ့ ဂီတအသိပညာရှင်၊ ရုပ်ရှင်မဏာမတေးသီချင်းနှင့် ပဏာမတေးဂီတစတဲ့အကြောင်းအရာတွေ အပါအဝင် စန္ဒရားလှထွတ် ရဲ့ဂီတဘဝဖြတ်သန်းမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

အနုပညာ…စာ စာအုပ်မျက်နှာဖုံး

စာရေးသူ  – ခင်မောင်ရင်

စာအုပ်အမည်  – အနုပညာ…စာ

အမျိုးအစား –  ပန်းချီ

ပန်းချီအနုပညာရှင်ခင်မောင်ရင်ရဲ့ပြည်တွင်း၊ ပြည်ပပန်းချီဗိသုကာဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတဲ့ စာ အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ပန်းချီကို ဘာကြောင့်ရေးရသလဲ၊ Contemporary Art ဆိုတာ ဘာလဲ၊ ငြိမ်နေသော အရာဝတ္ထု(သို့မဟုတ်) လှုပ်ရှားနေသောအရာ၊ နန်းဝေ၊ ဗဂျီအောင်စိုး၊ ပြောင်းလဲခြင်းကို လက်ခံသည့်အနုပညာရှင် အောင်ခင်၊ ပေါ်ဦးသက် ထရမ်း ပက်ဝယ်ခြင်း၊ ပန်းချီနှင့်ပန်းချီဆရာ၊ ပန်းချီဆရာနှင့်အလှတရား၊ အနုပညာ စံ၊ အနုပညာရှင်၊ မိုဒီလီယာနီ ထူးချွန်သည့်အ နုပညာရှင်၊ ဗန်ဂိုးနှင့်ဂေါ်ဂင်၊ မိုနာလီဇာ၊ ရမ်းဘရန့်၊ ဗန်ဂိုး၊ ဆီဇန်း၊ ပီကာဆို၏အံ့သြဖွယ်ကောင်းသော ကမ္ဘာ၊ မိုနေးသည် အရောင်၏ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်၊ အင်ဒရူးဝိုင်းယက်၏ ခရစ်စတီးနား၊ ဗိသုကာပညာနှင့် အမြင်၊ ဗိသုကာ ပညာနှင့်သဘာဝ၊ စစ်နှင့်ငြိမ်းချမ်းရေး (လီယိုတော်စတွိုင်း)၊

Koob One ၊ Another Koob စတဲ့ စာစုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

the key collection စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

မှော်ဝန်းသားဗိုလ်ခင်ညွန့်(သို့မဟုတ်) အဖေ့သား စာအုပ်မျက်နှာဖုံး

စာရေးသူ                 –  တင့်ဆွေ (ဖျာပုံ)

စာအုပ်အမည်    –  မှော်ဝန်းသားဗိုလ်ခင်ညွန့်(သို့မဟုတ်) အဖေ့သား

အမျိုးအစား  –  အတ္ထုပ္ပတ္တိ

“ဤစာအုပ်တွင် ကျွန်တော်နှင့်သားတပည့်ဖြစ်သူ ဗိုလ်ခင်ညွန့်တို့၏ သားအဖပမာ ရင်းနှီးချစ်ခင်သူ လူသားနှစ်ယောက်၏ ဖြတ်သန်းလာခဲ့သောခရီး၊ ရင်ဆိုင်ခဲ့ရသည့်ဘဝအတွေ့အကြုံ၊ ကြုံတွေ့ခဲ့ရသောအဖြစ် အကောင်းအဆိုး၊ အကြောင်းအကျိုး တို့ကို ရေးသားထားပါတယ်”လို့ ဆရာတင့်ဆွေ (ဖျာပုံ)က ဆိုထားပါတယ်။

ဒီစာအုပ်မှာ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ရဲ့အကြောင်းကို တပ်မတော်အရာရှိဘဝက စလို့ ရွှေမှော်ဝန်း ရာသက်ပန် နာ ယကကြီးဘဝအထိ အခန်းပေါင်း ၂၉ ခန်းနဲ့ဖော်ပြထားပါတယ်။

နိုင်ငံရေးဇာတ်ခုံပေါ်မှာ တက်ရောက်သရုပ်ဆောင်ခဲ့ရတဲ့ ဗိုလ်ခင်ညွန့်အပေါ် အမြင်အမျိုးမျိုးရှိနိုင်ကြောင်း၊  မရှင်းလင်း မ ကြည်လင်ခံစားရသောအမြင်များလည်း ရှိနိုင်ကြောင်း၊ ထိုသို့ရှိပါကလည်း နားလည်ခွင့်လွှတ်နိုင်ကြစေလိုကြောင်း ဆရာ တင့်ဆွေ(ဖျာပုံ)က ဆိုထားပါတယ်။
ပန်းမျိုးတစ်ရာစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (ပထမပိုင်း) (၁၉၆၈-၁၉၇၆) စာအုပ်မျက်နှာဖုံး

စာရေးသူ             –  ကျော်ဝင်း

စာအုပ်အမည် –  ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (ပထမပိုင်း) (၁၉၆၈-၁၉၇၆)

အမျိုးအစား –  အတ္ထုပ္ပတ္တိ

ဆရာအောင်သင်း အပါအဝင် မိတ်ဆွေများရဲ့တိုက်တွန်းမှုကြောင့် ဆရာကျော်ဝင်းဟာ သူ့ရဲ့ကိုယ်တိုင်ရေး ဝတ္ထုဟန်အတ္ထု ပ္ပတ္တိကို ရေးခဲ့ပါတယ်။ အပိုင်း ၃ ပိုင်းခွဲရေးမယ့်အတ္ထုပ္ပတ္တိရဲ့ ပထမပိုင်းဖြစ်တဲ့ဒီစာအုပ်မှာ ဆရာကျော်ဝင်းရဲ့ငယ်စဉ်က ဖြတ် သန်းခဲ့တဲ့ မန္တလေးတက္ကသိုလ်နေ့ရက်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်းကို ၁၉၆၈ ခုနှစ်ကနေ ၁၉၇၆ခု နှစ်အထိ မှတ်တမ်းတင်ထားပါတယ်။

“မန္တလေးဆေးတက္ကသိုလ်ကော်ရစ်ဒါကွေ့၊ မန္တလေးတက္ကသိုလ်ရေနီမြောင်းဘေး စသည် စသည်များတွင် လျှို့ဝှက်ဆွေး နွေးငြင်းခုန်ကြရင်း ဟိုးအဝေးရှမ်းရိုးမကြီးကို မျှော်မောနေခဲ့ကြသည်။ ဒီလိုနှင့် နောက်ဆုံးအိုးဝေသံကို နာခံရင်း၊ ချစ် သူ့ရင်ခွင်၊ တက္ကသိုလ်စာသင်ခန်းသာမက မန္တလေးမြို့ကြီးကိုပါ ထားရစ်ခဲ့ရသည်”လို့ အမှတ်ရ ထားပါတယ်။

တကောင်းစာပေက တန်ဖိုး ၈၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading