Lifestyle

၂၀၁၇အတွက် ဝင်ငွေအကောင်းဆုံး ဟောလီးဝုဒ်မင်းသမီးများ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ၂နှစ်တာ ကာလအတွင်းမှာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသမီးအဖြစ်နဲ့ Jennifer Lawrence က ရပ်တည်နေ ပေမယ့် အခုနှစ်မှာတော့ အဆိုပါ ထပ်ဆုံး(၁)နေရာမှာ အပြောင်းအလဲ ရှိလာခဲ့တာ တွေ့ရပါတယ်။

၂၀၁၆ခုနှစ် ဇွန်လကနေ အခု ၂၀၁၇ခုနှစ် ဇွန်လအတွင်းထိအောင် ဝင်ငွေရရှိမှုတွေကို အခြေခံပြီး ဝင်ငွေအကောင်းဆုံး မင်း သမီးများစာရင်းကို Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခုနှစ်မှာ လောရန့်ရဲ့နေရာကို တက်လှမ်းလာနိုင်သူက တော့ Emma Stone ပဲ ဖြစ်ပါတယ်။

စတုန်းကတော့ အခု တနှစ်တာကာလအတွင်း ဝင်ငွေဒေါ်လာ ၂၆သန်း ထိအောင်ရရှိထားတာ ဖြစ်ပြီး La La Landလို ဇာတ် ကားနဲ့အတူ အကယ်ဒမီဆုကို ရရှိခဲ့တာကြောင့် အခုလို ဝင်ငွေရနှုန်း တိုးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

လောရန့်အနေနဲ့တော့ ၂ နှစ်တာကာလအတွင်း ဝင်ငွေအကောင်းဆုံး မင်းသမီးနေရာကို သိမ်းပိုက်ထားနိုင်ပေမယ့် အခု နှစ်မှာ အဆင့်(၃)ထိအောင် လျော့ကျသွားတာ တွေ့ရပါတယ်။

ဒါတောင် သူမအနေနဲ့ Diorလို အစီအစဉ်မှာ ပါဝင်မှုနဲ့အတူ ဖြန့်ချိမှု မလုပ်ရသေးတဲ့ ရုပ်ရှင်တွေဖြစ်တဲ့ mother!နဲ့ Red Sparrow တွေကြောင့် စုစုပေါင်း ဝင်ငွေဒေါ်လာ ၂၄ သန်း ထိအောင် ရရှိထားသေးတာလည်း တွေ့ရပါတယ်။

Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အခု တနှစ်အတွင်း ဝင်ငွေအကောင်းဆုံး မင်းသမီးစာရင်းတွေမှာ ၂၀၁၆ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Arrival နဲ့ Nocturanl Animals ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ Amy Adams က ဒေါ်လာ ၁၁.၅သန်းနဲ့ အဆင့် (၁၀)မှာ ရှိနေပါတယ်။

အဆင့် (၉) နေရာမှာက နာမည်ကျော် Julia Roberts က ပြီးခဲ့တဲ့နှစ်အတွင်း Money Master ဇာတ်ကားမှာ ပါဝင်မှုနဲ့ အတူ အခြားဝင်ငွေ စုစုပေါင်း ၁၂သန်းနဲ့ အဆင့် (၉)မှာ ရှိပါတယ်။

သြစတြေးလျ မင်းသမီး Cate Blanchett ကတော့ Carol နဲ့အတူ နာမည်ကြီးသူ ဖြစ်ပြီး သူမက တနှစ်အတွင်း ဝင်ငွေ ၁၂သန်းကျော် ရရှိထားပြီး အဆင့် (၈)မှာ ရှိနေပါတယ်။

The Fate of Fast and Furious မှာ ဗီလိန်အဖြစ် ပါဝင်ခဲ့သလို အခုနှစ်အတွင်း Atomic Blondeဇာတ်ကား ထွက်ရှိထား တဲ့ Charlize Theron ကတော့ ဝင်ငွေ ၁၄သန်းနဲ့ အဆင့် (၇)မှာပါ။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

Theronနဲ့ ဝင်ငွေ သိပ်မကွာဘဲ နှာတဖျား အသာနဲ့ အဆင့် (၆)မှာ ရပ်တည်နေသူကတော့ Emma Waston ဖြစ်ပြီး သူမက လည်း ဝင်ငွေ ၁၄သန်းကျော် ရရှိထားတာ တွေ့ရပြီး နောက်ဆုံးထွက်ရှိထားတဲ့ Beauty and Beastနဲ့ The Circle ဇာတ် ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

အဆင့်(၅)နေရာမှာတော့ ပြီးခဲ့တဲ့ နှစ်ကထွက်ရှိထားတဲ့ Ban Momsနဲ့အတူ လူသိများနေတဲ့ Mila Kunis က ရပ်တည်နေ ပြီး တနှစ်အတွင်း ဝင်ငွေ ၁၅.၅သန်း ရရှိထားတာပါ။

အဆင့် (၄)နေရာမှာတော့ အမေရိကန် မင်းသမီး Melissa McCarthy က ရှိနေပြီး သူမက တနှစ်အတွင်း ဝင်ငွေဒေါ်လာ ၁၈ သန်းထိအောင် ရရှိထားသလို ဂျေဆန်စတေသမ်နဲ့ တွဲဖက် ရိုက်ကူးထားတဲ့ ၂၀၁၅ ခုနှစ်ထွက် Spyကနေ လူကြိုက်များလာ သလို အရင်နှစ်ကလည်း The Boss နဲ့ Ghostbusters တွေ ထွက်ရှိထားတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အရင်နှစ် ၂နှစ်မှာ ဝင်ငွေအကောင်းဆုံး မင်းသမီးအဖြစ် ၂နှစ်ဆက်တိုက် ရပ်တည်လာတဲ့ Jennifer Lawrence ကတော့ တနှစ်ဝင်ငွေ ၂၄သန်းနဲ့ အဆင့်(၃)နေရာ ရောက်လာပါတယ်။

အဆင့် (၂)နေရာကိုတော့ နာမည်ကျော် Jennifer Aniston က ရောက်လာပြီး သူမက အခု နောက်ပိုင်းမှာ ဇာတ်ကား ရိုက် ကူးမှု နည်းပေမယ့် ရုပ်သံအစီအစဉ်နဲ့ အခြား ကြော်ငြာပိုင်းတွေကနေ ဝင်ငွေကောင်းပြီး အခုလို အဆင့် (၂) နေရာ ရောက် လာတာလည်း ဖြစ်ပါတယ်။

အခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး မင်းသမီးအဖြစ်ကိုတော့ အထက်မှာ ပြောခဲ့သလို Emma Stone က ဝင်ငွေဒေါ်လာ ၂၆ သန်းနဲ့ ထိပ်ဆုံးအဆင့် (၁)နေရာမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading