Lifestyle

အယ်လ်ဘမ်အသစ်ကို`Reputation´လို့အမည်ပေးထားတဲ့ တေလာဆွစ်

တေလာဆွစ်ဟာ သူမရဲ့ပဉ္စမမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “1989” ထွက်ရှိပြီး ယခုသုံးနှစ်အကြာတွင် Reputation ဆိုတဲ့ အယ်လ်ဘမ်သစ်နဲ့အတူ တကျော့ပြန်လာခဲ့ပါပြီ။
အဆိုပါ အယ်လ်ဘမ်သစ်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာထားပါတယ်။

Reputation အယ်လ်ဘမ်ဟာ သူမရဲ့ဆဋ္ဌမမြောက်အယ်လ်ဘမ်လည်းဖြစ်ပြီး တွစ်တာတွင် #TS6 အနေနဲ့ ကျော်ကြားလာခဲ့ပါတယ်။ အဲဒီ အယ်လ်ဘမ်ထဲကမှ ပထမဆုံးတေးသီချင်းတပုဒ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တွင် မျှဝေပေးခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် တေလာဆွစ်ဟာ အမေရိကန်ရေဒီယို DJ တဦးနဲ့ဖြစ်ပွားခဲ့တဲ့ အမှုတွင် အနိုင်ရရှိရေးအတွက် မကြာသေးမီက အနည်းငယ် အလုပ်ရှုပ်နေခဲ့ပါတယ်။ အမေရိကန် ရေဒီယို DJ ဟာ၂၀၁၃ ခုနှစ်အင်တာဗျူးတခုမှာ တေလာအား မဖွယ်မရာပြုလုပ်ခဲ့သူတဦးလို့လည်း သိရပါတယ်။

အဆိုပါ အမှုအနိုင်ရရှိရေးအတွက် သူမရဲ့အင်တာဗျူးကို နားထောင်လိုက်ရသူများက အားပေး ကူညီလိမ့်မယ်လို့ မျှော်လင့်နေတယ်လို့လည်း သူမက ဆိုပါတယ်။

ဒါ့အပြင် တေလာတယောက် အဆိုတော် ကေတီပယ်ရီနဲ့ ယခုနှစ် VMA ဗီဒီယိုတေးဂီတဆုပေးပွဲ စတိတ်စင်ပေါ်မှာ အတူဖျော်ဖြေမှာဖြစ်တယ်လို့လည်း ကောလဟလများ ထွက်ရှိထားပါသေးတယ်။

တေလာဆွစ်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ 1989 ဟာ အင်္ဂလန်နိုင်ငံတွင်အချပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ရပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ခြောက်သန်းကျော်ရောင်းချခဲ့ရသည်အထိ အောင်မြင်ခဲ့ပါတယ်။

www.bbc.com တွင်ဖော်ပြထားတဲ့ Taylor Swift’s new album is called Reputation and the first single drops on Thursday ဆိုသော သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading