• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မိသားတစုလုံးကို သတ်ခဲ့တဲ့ ဖခင်အပေါ် အမျက်ဒေါသမထွက်ခဲ့တဲ့ သား

by ဧရာဝတီ
2 September 2017
in Lifestyle
A A
အသက်ရှင်ကျန်ရှိခဲ့တဲ့ သားဖြစ်သူ ဝီလ်ဒိုင်းမ်

အသက်ရှင်ကျန်ရှိခဲ့တဲ့ သားဖြစ်သူ ဝီလ်ဒိုင်းမ်

73.9k
VIEWS
Share on FacebookShare on Twitter

အိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားက ဇနီးနဲ့ သမီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး မိမိကိုယ်ကိုယ်ပါ သေနတ်နဲ့ပစ်ကာ သေကြောင်းကြံစည်သွားခဲ့တဲ့ အမှုတခု ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

အိမ်ထောင်ဦးစီးလည်းဖြစ် ဇနီးနဲ့ သမီးကိုပါ သတ်ဖြတ်ခဲ့သူလည်းဖြစ်သူ စတီဗင်ဒိုင်းမ် ဟာ အိမ်ခြံမြေရောင်းဝယ်မှုအကျိုးဆောင်ကုမ္ပဏီတခုမှာ မန်နေဂျာရာထူးနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူ ကာရိုလိုင်းဒိုင်းမ်နဲ့ အသက် ၅၀ အရွယ် ဇနီးဖြစ်သူ လိုရက်တာဒိုင်းမ်တို့ကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ ၎င်းကိုယ်တိုင်လည်း သေကြောင်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
492
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
216
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
762

မိသားစုဝင်တဦးဖြစ်တဲ့ အသက် ၂ဝ အရွယ် သားဖြစ်သူ ဝီလ်ဒိုင်းမ်ကတော့ အခင်းဖြစ်ပွားချိန်မှာ တက္ကသိုလ်ကျောင်းမှာရှိနေတဲ့အတွက် ဖခင်ဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကိုမခံရဘဲ လွတ်မြောက်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းထောက်လှမ်းသူများက ပြစ်မှုကျူးလွန်သူ စတီဗင်ဒိုင်းမ် ဟာ ငွေကြေးဆိုင်ရာပြဿနာများကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း၊ ၎င်းရဲ့ ကုမ္ပဏီပိုင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀၀၀ ကို ခိုးယူခဲ့ကြောင်း နယူးယောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီရဲ့ရှေ့နေတဦးဖြစ်တဲ့ ရစ်ချက်ဝေါလက်ရှ်က “စတီဗင်ဒိုင်းမ်ဟာ ၂ဝ၁၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ပေးရန်ရှိတဲ့အတွက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တဦးရဲ့ တရားစွဲဆိုခြင်းခံခဲ့ရပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝီလ်ဒိုင်းမ်တို့ရဲ့နေအိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ စိန့်ပက်ထရစ် ခရစ်ယာန် ဝတ်ပြုကျောင်းမှာ အသုဘအခမ်းအနားကိုပြုလုပ်ခဲ့ပြီး ရာနဲ့ချီသော ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြ ပါတယ်။

အသက်ရှင်ကျန်ရှိခဲ့တဲ့ သားဖြစ်သူ ဝီလ်ဒိုင်းမ်

အဆိုပါပွဲမှာ သားဖြစ်သူ ဝီလ် ကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဝီလ်က “အဖေဟာ ကျနော့်အတွက်တော့ သူရဲကောင်းတယောက်ပါ။ ကျနော်ကြုံတွေ့ဖူးသမျှထဲမှာလည်း အဖေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်လေ့ရှိတဲ့ လူသားတယောက်ပါ။ သူပျော်ပျော်နေတတ်တာလေးကိုပဲ ကျနော့် ရင်ထဲမှာ အမြဲတမ်း သိမ်းထားမှာပါ။ သူဘယ်လိုပဲဖြစ်နေနေ ကျနော် သူ့ကိုချစ်နေဦးမှာပါ။ ဘယ်လို အခြေအနေမျိုးပဲရှိရှိ အဖေဟာအဖေပါပဲ” လို့ အမေနဲ့ ညီမကို သတ်ဖြတ်ခဲ့ပေမယ်လည်း ဖခင်အပေါ် ဒေသအမျက်ထွက်ခြင်းမရှိဘဲ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ညီမဖြစ်သူ ကာရိုလိုင်းကို “ညီမလေးကတော့ ဉာဏ်ကောင်းပြီး အမြဲတမ်း ပျော်ပျော်ပါးပါး နေတတ်ပါတယ်။ ကျနော့်ကိုလည်း ဂရုတစိုက်ရှိပြီး အရမ်းလည်းချစ်ပါတယ်။ ဒီလို ညီမမျိုး ရခဲ့တဲ့အတွက် လည်း အရမ်းကျေနပ်ပါတယ်။ ကာရိုလိုင်းရေ….ညီမလေးကို အစ်ကို အရမ်းချစ်ပါတယ်။ အမြဲတမ်းလည်း သတိရနေမှာပါ” လို့ ဆိုပြီး ဆို့နင့်ဝမ်းနည်းစွာနဲ့ ပြောကြားခဲ့ပါတယ်။

အမေဖြစ်သူ လိုရက်တာအကြောင်းကို မပြောကြားခင်မှာတော့ ဝီလ်ဟာ စိတ်မထိန်းထားနိုင်တော့ဘဲ ငိုကြွေးရင်း “အမေဟာ သူများနဲ့မတူအောင် အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူပါ။ အဖေ့ကိုလည်း တတ်နိုင်သလောက် ကူညီပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်တွေမှာတောင် အမေဟာ ဇွဲမလျှော့ဘဲ အားလုံးကို အဆင်ပြေပြေဖြစ်အောင် စီစဉ်တတ်သူပါ”

“အမေဟာ ကျနော်တို့ မောင်နှမနှစ်ယောက်ကို အမြဲဦးစားပေးပါတယ်။ အကြောင်းကိစ္စ ကြီးကြီး ငယ်ငယ်..ကျနော်နဲ့ကျနော့် ညီမလေးအကြောင်းပြောနေရရင် ပြုံးပျော်နေသူပါ။ အခုဆိုရင် ကျနော့် မိသားစုဟာ ကျနော့် ဘဝဆက်လက်ရှင်သန်ဖို့ လိုအပ်တဲ့ခွန်အားနဲ့ပျော်ရွှင်မှုတွေ ပေးနေမယ်ဆိုတာ ကျနော်သိပါတယ်” ဆိုပြီး အသုဘအခမ်းအနားကို တက်ရောက်လာသူများအား ကြေကွဲဆို့နင့်စွာနဲ့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြောကြားမှုအပြီးမှာတော့ အသုဘအခမ်းအနားကို ရောက်ရှိနေကြသူများက အသက် ၂၀ အရွယ်ဖြစ်သော်လည်း အရွယ်နဲ့မလိုက်အောင် ဖခင်အပေါ် ငြိုငြင်ခြင်းမရှိတဲ့ သားဖြစ်သူ ဝီလ်ဒိုင်းမ်ရဲ့ စိတ်ဓာတ်ကို ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

www.hollywoodlife.com ရှိ Son, 20, Of Dad Who Murdered Mom & Sister, 18, Still Gives Eulogy Of Love To Suicide Dad ဆိုတဲ့ သတင်းဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: နယူးယောက်မြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်လိုက်ပါတယ်

ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်ခဲ့တဲ့ နယူးယောက်မြို့

by Aurora
24 April 2019
14.2k

အခုလို တားမြစ်လိုက်တဲ့အတွက် ပလတ်စတစ် အစားထိုး အိတ်သုံးစွဲမှု ပိုမိုတွင်ကျယ်လာမှာ ဖြစ်သလို ပြည်နယ် အသုံးစရိတ်ကိုပါ ချွေတာရာရောက်တယ်လို့ ဆိုပါတယ်။

နယူးယောက်မှာ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ လောလောဆယ် ပိတ်ထားပြီး အိမ်ထဲမှာနေဖို့ မြို့တော်မှာ နေသူတွေကို ညွှန်ကြားထားပါတယ်။

နယူးယောက်ကို ကိုဗစ် ဝင်ပြီ

by ဧရာဝတီ
24 March 2020
264.9k

နယူးယောက်မှာ လူပေါင်း ၇၈,၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီဖြစ်ပြီး နယူးယောက်မြို့ပေါ်မှာ လူပေါင်း ၃၃,၀၀၀ ကျော်ကို စစ်ဆေးပြီး ဖြစ်ပါတယ်။

နယူးယောက်ရှိ “Café du Soleil” ပြင်သစ်စားသောက်ဆိုင်

ပူဖောင်းရွက်ဖျင်တွဲတွေနဲ့ ဖန်တီးထားတဲ့ နယူးယောက်က စားသောက်ဆိုင်

by Aurora
3 October 2020
7.1k

ပူဖောင်းရွက်ဖျင်တဲတခုမှာ လူ ၆ ယောက်လောက် စားသောက်နိုင်သလို၊ တပြိုင်တည်း ဧည့်သည် အယောက် ၈၀ ကျော် တည်ခင်းနိုင်တယ်လို့ ဆိုပါတယ်။

တမြို့လုံး Shutdown လုပ်ထားတဲ့ နယူးယောက်မြို့

COVID -19 ကူးစက်သူ အရေအတွက် တရှိန်ထိုးများပြားလာတဲ့ နယူးယောက်မြို့

by Aurora
24 March 2020
5.7k

နိုင်ငံတဝှမ်းမှာတော့ လူ ၃၀,၀၀၀ ကျော် ကူးစက်ခံရပြီး ၅၈၂ ဦးသေဆုံးခဲ့ကာ အဲ့ထဲကမှ နယူးယောက်ပြည်နယ်မှာ သေဆုံးသူ ၁၁၄ ယောက်နဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။

Next Post
မိုင်ဂျာယန် ညီလာခံသို့ ရောက်ရှိလာသော AA အဖွဲ့ဝင်အချို့ / ဧရာဝတီ

AA ကို တိုက်ခိုက် ချေမှုန်းသွားမည်ဟု တပ်မတော်ထုတ်ပြန်

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသားတို့ရဲ့ လိင်ဆန္ဒ နေဝင်ချိန်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate