နာမည်ကြီး သရုပ်ဆောင် မင်းသားတဦးနဲ့ လက်တွဲနေသူအဖြစ် လူအများ စိတ်ဝင်စားနေတဲ့ Beauty Blogger နေခြည်ဦးရဲ့ အချစ်ရေးကတော့ တယောက်တည်း နေရဖို့များတယ်လို့ ၎င်းက ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။
“အချစ်ရေးကတော့ ဗေဒင်ဆရာကပြောထားတယ်။ ကျွန်းခံနေတယ်လို့ တယောက်တည်းနေရဖို့များတယ်နဲ့ တူပါတယ်ရှင့်” လို့ နေခြည်ဦးက ဧရာဝတီကို ပြောပါတယ်။
လတ်တလောတွင် သူမရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ဝေဖန်မှုများစွာလည်းရှိနေပြီး အဆိုပါ ဝေဖန်မှုများကို သူမအနေနဲ့ တုန့်ပြန်ခြင်းမရှိခဲ့ပါဘူး။
ဆက်လက်ပြီး နေခြည်ဦးက Maybelline Newyork ရဲ့ အထူးဖိတ်ကြားခံရတဲ့ ဧည့်သည်တော်အနေနဲ့ စက်တင်ဘာ ၅ ရက်နေ့မှ စတင်ကာ New York Fashion Week ကို တပတ်ကြာ သွားရောက်ရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“နေခြည် ၅ ရက်နေ့ကျရင် Maybelline Newyork ရဲ့ဖိတ်ကြားမှုနဲ့ New York Fashion Week ကို သွားရောက်ရမယ့်အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” လို့ သူကဆိုပါတယ်။
အဆိုပါ New York Fashion Week ကို နှစ်တနှစ်ရဲ့ ဖေဖော်ဝါရီနဲ့ စက်တင်ဘာလတို့မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပလျက်ရှိပါတယ်။