Lifestyle

မင်းသားဝီလျံနဲ့ဇနီးတို့ တတိယမြောက်ရင်သွေးရရှိ

Want create site? Find Free WordPress Themes and plugins.

ကန်းဘရစ်ရှ်မြို့စား မင်းသားဝီလျံနဲ့ မြို့စားကတော်ဖြစ်တဲ့ ကိတ်မစ်ဒယ်လ်တန်တို့ဟာ တတိယမြောက်ရင်သွေးကို စောင့်မျှော်နေကြပြီဖြစ်ကြောင်း ကန်စင်တန်နန်းတော်မှ စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြို့စားကတော်ကိတ်ဟာ သားတော်လေးဂျော့ရှ် နဲ့ သမီးတော်လေးရှားလ်ဒ်တို့ကို ကိုယ်ဝန်ဆောင်စဉ်က ခံစားခဲ့ရတဲ့ မူးဝေခြင်း၊ ပျို့အန်ခြင်းစတဲ့ ကိုယ်ဝန်ဆောင်များ ကြုံတွေ့ရတဲ့လက္ခဏာများကို ယခုအချိန်မှာလည်း ခံစားနေရပြီ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအတွက် အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကိတ်ဟာ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူနိုင်ရန် ဆေးရုံတက်ရောက်ကုသဖို့အတွက် မင်းသားဟယ်ရီရဲ့တော်ဝင်စေ့စပ်ပွဲကို တက်ရောက်နိုင်ဖို့ရန် တားမြစ် ခံခဲ့ရပါတယ်။   အဆိုပါ တတိယမြောက် ရင်သွေးသတင်းနဲ့ပတ်သက်ပြီး မင်းသား ဝီလျံနဲ့ ကိတ်တို့ရဲ့နှစ်ဖက်သော မိသားစုဝင် များကလည်း ပျော်ရွှင်ကြည်နူးနေကြတယ်လို့ သတင်းကဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်တဲ့ ထရီဇာမေမှလည်း ဂုဏ်ပြုစကားပြောဆိုခဲ့ကြောင်း သူမရဲ့ပြောရေးဆိုခွင့်ရှိသူထံမှ သိရပါတယ်။

မန်ချက်စတာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ မင်းသားဝီလျံရဲ့ ညီဖြစ်သူ မင်းသားဟယ်ရီက “ဝမ်းသာစရာပါ။ ကျနော်လည်းပျော်မိပါတယ်။ ဒါပေမယ့် ကာယကံရှင် ကိတ်နဲ့တော့ မတွေ့ရသေးပါဘူး။ အခုလို မူးဝေ အော့အန်တာတွေရှိပေမယ့် သူမအဆင်ပြေမှာပါ” လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ ကိတ်နဲ့ သားတော် ဂျော့ရှ်

မင်းသားဝီလျံနဲ့ကိတ်တို့ဟာ သားဦးလေးဖြစ်တဲ့ မင်းသားလေးဂျော့ရှ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက် နေ့မှာ မွေးဖွားခဲ့ပါတယ်။

အသက် ၄ နှစ်အရွယ် မင်းသားလေးဂျော့ရှ်ကို ကျောင်းပညာသင်ကြားဖို့အတွက် တစ်နှစ်ကိုတော့ ဗြိတိသျှစတာလင်ပေါင် ၁၇,၆၀၀ ပေးရတဲ့ Thomas’s Battersea အမည်ရ ပုဂ္ဂလိကကျောင်းမှာ တက်ရောက်ပညာသင်ကြားစေဖို့ စီစဉ်ထားခဲ့ပါတယ်။

အဆိုပါကျောင်းဟာ လန်ဒန်မြို့တောင်ပိုင်းမှာတည်ရှိပြီး ကန်စင်တန်နန်းတော်နဲ့ ၃ မိုင်ခွဲခန့်ကွာဝေးကာ မော်တော်ကားနဲ့သွားရင်တော့ မိနစ် ၄၀ ကြာမြင့်တယ်လို့ သိရပါတယ်။
မင်းသားလေးဂျော့ရှ်ဟာ အဆိုပါကျောင်းမှာ အသက် ၁၁ နှစ်အထိ သို့မဟုတ် အသက် ၁၃ နှစ်အထိ တက်ရောက် ပညာသင်ကြားမှာဖြစ်ပါတယ်။

Ofsted (The Office for Standards in Education, Children’s Services and Skills) ကလေးသူငယ် ပညာရေးဝန်ဆောင်ခြင်းအဆင့်သတ်မှတ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရThomas’s Battersea ကျောင်းဟာ အကောင်းဆုံးကျောင်းအဖြစ် သတ်မှတ်ခြင်းခံထားရတယ်လို့ သတင်းကဆိုပါတယ်။

 

မိခင်ဖြစ်သူ ကိတ်နဲ့ သမီးတော် ရှားလ်ဒ်

မင်းသမီးလေးရှားလ်ဒ်ကိုတော့ ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၂ နှစ် အရွယ်ရှိပါပြီ။

သူမဟာ အကပညာကို သင်ယူနေပါတယ်လို့ မိခင်ဖြစ်သူကိတ်မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရတာကတော့ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်နောက်ပိုင်း ထီးနန်းဆက်ခံဖို့အတွက် ဘုရင်မကြီးကိုယ်တိုင်က စီစဉ်ထားတာဖြစ်ပါတယ်။

ဝီလျံနဲ့ ဟယ်ရီမင်းသားတို့ဟာ ချားလ်မင်းသားကြီးရဲ့သားတော်နှစ်ပါးဖြစ်ပြီး ချားလ်မင်းသားနောက်ပိုင်း ထီးနန်းဆက်ခံမယ့်နေရာမှာတော့ မင်းသားဝီလံျ အပါအဝင် ဝီလျံရဲ့သား၊ သမီးစုစုပေါင်း ၃ ယောက် ပြီးမှသာ ညီတော်ဖြစ်သူဟယ်ရီက ထီးနန်းဆက်ခံရမှာဖြစ်ပါတယ်။

မင်းသား ဝီလံျရဲ့တတိယမြောက်ရင်သွေးလေးဟာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ ကွဲကွဲပြားပြား မသိရသေးပေမယ့် ထီးနန်းဆက်ခံဖို့အတွက် ပဉ္စမမြောက်နေရာမှာ သေချာနေပါပြီ။

www.mirror.com နဲ့ www.channelnewsasia.com တို့တွင်ဖော်ပြထားတဲ့ Kate Middleton pregnant with third child as she cancels royal engagement due to morning sickness နှင့် Prince William and Kate expecting third child: Palace ဆိုတဲ့ သတင်းဆောင်းပါးများကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading