၁။ အနာဂတ် မျိုးဆက်သစ်တို့ အပြိုင်နွှဲမည့် AFF U18 CHAMPIONSHIP 2017 ဘောလုံးပြိုင်ပွဲကို အောင်ဆန်း အားကစားကွင်းနှင့် သုဝဏ္ဏအားကစားကွင်းတို့တွင် ၄.၉.၂၀၁၇ မှ ၁၇.၉.၂၀၁၇ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ၅.၉.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့်အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပြီး လက်မှတ်များကို ၁ ထောင်မှ ၃ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
၂။ ဝဿန် ရုပ်ရှင်ပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဝဇီရာရုပ်ရှင်ရုံတွင် ၆.၉.၂၀၁၇ မှ ၁၁.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် အရှေ့တောင်အာရှနှင့် ဥရောပနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၃။ ရွှေမန်းချမ်းသာသဘင်သက် နှစ် ၄၀ ပြည့်ပွဲတော်ကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၈.၉.၂၀၁၇ ရက်နှင့် ၉.၉.၂၀၁၇ ရက်နေ့ တို့တွင် ညနေ ၆ နာရီအချိန်မှ စတင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ် ဈေးနှုန်းများကို ကျပ်၂ သောင်းမှ ၅ သောင်းအထိ သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၅၀၁၁၂၉၈၊ ၀၉-၄၂၁၀၃၁၁၄၂၊ ၀၉-၂၅၄၃၀၉၄၅၃ တို့တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ နိုင်ငံကျော် အဆိုတော်များ ပါဝင်မည့် Hledan Centre 2nd Anniversary အထိမ်းအမှတ်ပွဲကို ပြည်လမ်းရှိ Hledan Centre တွင် ၁.၉.၂၀၁၇ ရက်နေ့မှ ၃၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် အတူ အဖိုးတန် ကံစမ်းမဲများ ဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ အာရှယွန်း လက်မှုအနုပညာ ပြပွဲကို ဘိုကလေးဈေးလမ်းရှိ Myan/art အနုပညာပြခန်းမတွင် ၈.၉.၂၀၁၇ မှ ၁၈.၉.၂၀၁၇ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် မြန်မာ၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန် နိုင်ငံများမှ ယွန်းလက်ရာများ ခင်းကျင်းပြသသွားမည် ဖြစ်ပြီး ယွန်းပညာရှင်များ၏ ဟောပြောဆွေးနွေးပွဲများ လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၆။ လက်ခတ်သံ မြန်မာ့ရိုးရာ ရက်ကန်းထည်ဆိုင်ရာ ပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက်တွင် ၅.၉.၂၀၁၇ မှ ၁၀.၉.၂၀၁၇ အထိ ပြသသွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် ရက်ကန်းထည် ပြကွက်များနှင့် ပညာရှင်များ၏ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၇။ မြန်မာနာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ပြပွဲနှင့် အရောင်းမြှင့်တင်ပွဲ ၂၀၁၇ ကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် ၈.၉.၂၀၁၇ မှ ၁၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ကံစမ်းမဲ အစီအစဉ်များ၊ အထူးလျှော့ဈေးများ၊ ဟောပြောပွဲများ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီ အောင်မြင့်ရဲ့ Expedition ပန်းချီပြပွဲကို ဘိုကလေးဈေးလမ်းရှိ Myan/art အနုပညာပြခန်းတွင် ၈.၉.၂၀၁၇ မှ ၁၈.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာ့ မော်ဒန်ပန်းချီလောက၏ ဒုတိယ မျိုးဆက် အနုပညာရှင် တဦး ဖြစ်သည့် ပန်းချီ အောင်မြင့် ဖန်တီးထားသော အနုပညာလက်ရာ အသစ်များ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဆရာ ၅ ဦးပါဝင်သည့် မဟာပုဂံ ပန်းချီပြပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီပြခန်းတွင် ၁၀.၉.၂၀၁၇ မှ ၁၄.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပုဂံဒေသမြင်ကွင်း လက်ရာစုံ ပန်းချီကား ၃၀ ကျော် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီစိုးနိုင်၏ Dancing ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ဘက်ခြမ်း) ရှိ OK Gallery တွင် ၉.၉.၂၀၁၇ မှ ၁၃.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီစိုးနိုင်၏ မော်ဒန်ပန်းချီကား ၄၀ ခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။