• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားများ

by Sid
6 September 2017
in Lifestyle
A A
ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားများ
31.4k
VIEWS
Share on FacebookShare on Twitter

အခု ပြောပြမှာက ကမ္ဘာ့ လက်ဝှေ့သမိုင်းတလျှောက် အကောင်းဆုံး လက်ဝှေ့သမားတွေနဲ့ လက်ရှိ ထိုးသတ်နေဆဲ လက်ဝှေ့ အကျော်အမော်တွေ အကောင်းဆုံး အတော်ဆုံးသူတွေ အကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.1k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
847
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
590

(၁၀) Willie Pep ။ ။ Featherweights တန်းမှာ ထိုးသတ်ကစားတဲ့ လက်ဝှေ့သမား တဦးပါ။ ထိုးသတ်ဟန် ပေါ့ပါး သွက်လက်မှုကို ဦးစားပေး ကစားပါတယ်။ ကစားသမား သက်တမ်းတလျှောက် ပွဲပေါင်း ၂၂၉ ပွဲထိ ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ ၆၅ ပွဲထိအောင် အနိုင်ရဖူးထားသူ ဖြစ်ပါတယ်။ လက်ရှိ ကစားနေတဲ့ မက်နီပက်ကွီအို နဲ့ အိုင်ဗန်ကယ်ဒီရွန် တို့လို ကစားဟန်နဲ့ ဆင်ပါတယ်။ မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်း ကစားသမားဘဝက အနားယူသွားခဲ့သလို ၂၀၀၆ ခုနှစ်၊ အသက် ၈၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

(၉) Julio Cesar Chavez ။ ။ မက္ကဆီကို လက်ဝှေ့အကျော်အမော် ဖြစ်ပြီး ၁၉၈၀ ကနေ ၂၀၀၅ခုနှစ်ထိအောင် ကစားသမား ဘဝကို ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ အဆိုပါ အချိန်က နာမည်ကျော် လက်ဝှေ့သမားတွေ ဖြစ်တဲ့ အော်စကာဒီလာဟိုရာ၊ မယ်ဒရစ်တေလာနဲ့ ဟက်တာကမာချိုလို ကစားသမားတွေ ထိုးသတ်ဖူးတာလည်း တွေ့ရပါတယ်။

သူနဲ့ ပတ်သတ်တဲ့ ထူးခြားချက် တခုကတော့ ကစားသမား သက်တမ်းတလျှောက် ၁၃ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၈၇ ပွဲဆက် ရှုံးပွဲ မရှိ ထိုးသတ် အနိုင်ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၄ ခုနှစ် အတွင်း ဝိတ်တန်း ၃ တန်းမှာ ကမ္ဘာ့အဆင့် ခါးပတ်ပေါင်း ၆ ခုထိအောင်လည်း ရယူနိုင်ခဲ့သူပါ။ အခုတော့ သူ့ရဲ့ သားဖြစ်သူ ချာဗက်ဂျူနီယာရဲ့ နည်းပြ အဖွဲ့မှာ ပါဝင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

(၈) Bernard Hopkins ။ ။ အသက်အရွယ်နဲ့ မလိုက်လောက်အောင် အလေးချိန် အကြီးတန်း ကစားသမားတွေကို အကောင်းဆုံး ယှဉ်ပြိုင် ထိုးသတ်နိုင်သူပါ။ ၁၉၆၅ ခုနှစ်မှာ မွေးဖွားပြီး အခု သူ့ အသက် ၅၂ နှစ် ရှိပါပြီ။ ကစားသမား ဘ၀ Middleweight မှာ ထိုးသတ်နေတဲ့ အချိန် Light Heavyweight တန်းထိအောင် စိန်ခေါ်ထိုးသတ် အနိုင်ယူနိုင်ခဲ့သူပါ။

ဒါကြောင့်လည်း သူ့အရင် George Foreman တင်ထားတဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို အသက်အကြီးဆုံး အရွယ်နဲ့ ယူထားနိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ Ring မဂ္ဂဇင်းရဲ့ အလေးချိန်တူ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ခံရသူလည်း ဖြစ်ပါတယ်။

(၇) Joe Frazier ။ ။ နာမည်ကျော် ကစားသမား မိုဟာမက်အလီရဲ့ အကောင်းဆုံး ပြိုင်ဖက် အဖြစ် လူသိများပါတယ်။ Joe ကတော့ အိုလံပစ် ရွှေတံဆိပ်ဆု ရယူထားနိုင်သူ တဦး ဖြစ်ပြီး Heavyweight တန်းမှာ ခါးပတ်အကြိမ်ကြိမ် ရယူထား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Smokin Joe အဖြစ် လူသိများပါတယ်။ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ အမေရိကန် လက်ဝှေ့သမား Joe က ပွဲပေါင်း ၃၇ ပွဲ ထိုးသတ်ခဲ့ဖူးပြီး ၃၂ ပွဲထိအောင် အနိုင်ရခဲ့ သလို ၄ ပွဲပဲ ရှုံထားဖူးတာ တွေ့ရပါတယ်။

(၆) Roberto Duran ။ ။ Hands of Stone အဖြစ် လူသိများပါတယ်။ Lightweight တန်းမှာ ထိုးသတ်သူ ဖြစ်ပြီး ခါးပတ် အကြိမ်ကြိမ် ရခဲ့သူပါ။ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ Welterweights တန်း ကစားသမားတွေ ထဲက အကောင်းဆုံး ၄ ဦးစာရင်းဝင်လည်း ဖြစ်ပါတယ်။ Lightweight ကနေ Middleweight အတွင်းရှိ အလေးချိန်တန်း ၄ ခုအတွင်း ကစားပွဲပေါင်း များစွာ ဝင်ရောက် ထိုးသတ်သူလည်း ဖြစ်ပါတယ်။ သူက ကစားသမား သက်တမ်းကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ထိအောင် ထိုးသတ်ခဲ့လို့ ဆယ်စုနှစ် ၅ စုထိအောင် ထိုးသတ်ခဲ့သူ ဒုတိယမြောက် လက်ဝှေ့သမား အဖြစ် မှတ်တမ်းဝင် နေသူလည်း ဖြစ်ပါတယ်။

(၅) Mike Tyson ။ ။ Heavyweight တန်းဝင်တွေထဲမှာတော့ ထိုးချက် အားအပြင်းဆုံး ကစားသမား တယေက် အဖြစ် နာမည်ကျော် လူသိများပါတယ်။ ထိုးသတ်ချက်တွေ မြန်ဆန်တယ်၊ ထိုးချက်ပြင်းထန်တယ်၊ ကမ္ဘာ့ အသက် အငယ်ဆုံး Heavyweight ခါးပတ်ကို ရယူထားနိုင်တဲ့ စံချိန် တင်ထားတယ်၊ ၁၉၈၆ ခုနှစ် အတွင်း Trevor Berbik ကို ၂ ချီအတွင်း အနိုင်ရပြီး အသက်အငယ်ဆုံး ခါးပတ်ပိုင်ရှင် ဖြစ်လာခဲ့တာပါ။ ၁၉၉၆ ခုနှစ်မှာ ဟိုလီဖီးနဲ့ ထိုးသတ်ပြီး ၁၁ ချီမှာ ရှုံးတယ်၊ နောက်ထပ် ပြန်ထိုးတဲ့ ပွဲမှာ ဟိုလီဖီးရဲ့ နားရွက်ကို ကိုက်ခဲ့လို့ နာမည်ပျက်ခဲ့ သလို ထပ်ပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရ ပြန်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားယူခဲ့ပါတယ်။


(၄) Sugar Ray Robinson ။ ။ အလေးချိန်တူ ထိုးသတ်နိုင်သူတွေထဲမှာ အကောင်းဆုံးလို့တောင် သတ်မှတ်နိုင် ပါတယ်။ တကယ်လို့ အခုစာရင်း ကလည်း အလေးချိန်တူ ထိုးသတ်သူတွေထဲက အကောင်းဆုံး လက်ဝှေ့သမားတွေကို ပြောနေတာ ဆိုရင် Sugar က နံပတ် ၁ လို့ သတ်မှတ်နိုင်မယ့် သူပါ။ အပျော်တမ်း ကစားသမား ဘဝမှာ ၈၅ ပွဲ ထိုးတယ်။ ရှုံးပွဲ လုံး၀ မရှိဘူး။ ကစားသမား သက်တမ်းတလျှောက် ပွဲပေါင်း ၂၀၀ ထိုးတယ်၊ ၁၇၃ ပွဲနိုင်တယ်၊ အဲဒီထဲမှာ တဆက် တည်း အနိုင်ရပွဲ ၉၁ ပွဲ ရှိသေးတယ်။ နိုင်ပွဲ အားလုံးထဲမှာ ၁၀၈ ပွဲက ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

(၃) Manny Pacquiao ။ ။ အာရှရဲ့ ကျားတကောင်းပါ။ ဖိလစ်ပိုင်သားက သီချင်းလည်း ဆိုတယ်၊ နိုင်ငံရေးလည်း လုပ်တယ်။ မင်းသားလည်း လုပ်သေးတယ်။ အလေးချိန်တန်း များစွာမှာ ဝင်ရောက် ထိုးသတ် အနိုင်ရလို့ နာမည်ကျော်သူ ပါ။ အလေးချိန်တန်း ၈ ခုမှာ ခါးပတ်ပေါင်း ၁၀ ခုထိအောင် ရထားသူလည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Light flyweight တန်းမှာ စတင်ထိုးသတ်ခဲ့တာပါ။ နောက်တော့ Ring မဂ္ဂဇင်းရဲ့ အလေးချိန်တူ ထိုးသတ်နိုင်တဲ့ အကောင်းဆုံး လက်ဝှေ့ ကစားသမား ဖြစ်လာပါတယ်။ နောက်ပိုင်း အမေရိကန်မှာ နာမည်ကျော် ဘာရီရာ၊ မိုရာလက်၊ မာ့ကွစ်၊ ဒိုင်ယာ့လို ကစားသမားတွေကို အနိုင်ရပြီး နာမည်ကြီးလာ ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းကတော့ ကြည့်ရှုခွင့်တင် ဒေါ်လာ ၄ ဒသမ ၄ သန်း လောက်ရခဲ့တဲ့ မေဝယ်သာနဲ့ ပွဲမှာ ရှုံးထားခဲ့တာ တခုပဲ ကြီးမားတဲ့ ရှုံးပွဲ တွေ့ထားဖူးသေးသူ ပါ။

(၂) Joe Louis ။ ။ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်ထိအောင် ကမ္ဘာ့ Heavyweight ခါးပတ်ကို ထိန်းထားနိုင်သူပါ။ ထိုးသတ်မှု အပိုင်းမှာ သန့်သန့်ရှင်းရှင်း ကစားတယ်၊ မျှတတယ်။ ဒီအတွက် သူ့ကို လူကြိုက်များပါတယ်။ အာဖရိက-အမေရိက ကပြားကစားသမား တဦး အနေနဲ့ ပထမဆုံး အမေရိကန် အတွက် ခါးပတ်ရယူပေးနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီဝါဒ ဆန့်ကျင်သူ အဖြစ်လည်း လူသိများပါတယ်။

ကစားသမား ဘဝကနေ အနားယူပြီးသည့် တိုင်အောင် အခွန်တွေ ပေးဆောင်စရာ ရှိလို့ အကြွေး ဒေါ်လာ ၅ သိန်း အတွက် လက်ဝှေ့ပွဲ ပြန်လည် ထိုးသတ်ခဲ့ရပြီး အဆိုပါ ထိုးပွဲတွေထဲမှာ နာမည်ကျော် မာစီယာနိုကို အနိုင်ယူခဲ့နိုင်တာလည်း တွေ့ရပါ တယ်။

(၁) Muhammad Ali ။ ။ အခုချိန်ထိအောင် ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့သမားဘယ်သူလဲ ဆိုတဲ့ နေရာမှာ အလီကို ဖယ်ထုတ်နိုင်သူ၊ မဲမပေးချင်သူ မရှိလောက်အောင် ကောင်းပါတယ်။ နာမည်ကျော် ဖရေဇာနဲ့ ဖိုးမန်းလို ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့သူပါ။ သူဟာ ဘာသာရေးကို ယုံကြည် ဦးစားပေးတဲ့ ကစားသမား တဦး ဖြစ်ပါတယ်။

ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ အတွက်ရော ပွဲအတွက် ဖျော်ဖြေမှု ကောင်းကောင်းပါ ပေးနိုင်သူလည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသား အလီက ကစားသမား ဘဝတလျှောက်မှာ ၆၁ ပွဲထိအောင် ထိုးသတ်ခဲ့ပြီး ၅ ပွဲပဲ ရှုံးခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ မွေးပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၃ ရက်နေ့က အသက် ၇၄ နှစ်မှာ ကွယ်လွန်ပါတယ်။

Ref: www.wonderlist.com

Your Thoughts …
Tags: ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားများ
Sid

Sid

...

Similar Picks:

No Content Available
Next Post
မောင်တောဒေသရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ / မိုးမြင့် / ဧရာဝတီ

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပြောင်းအလဲပြုလုပ်မည်

မီးလောင် ပျက်စီးသွားသည့် လူနေအိမ်များ / မိုးမြင့် / ဧရာဝတီ

ARSA များ၏ တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ ၂၆၀၀၀ ကျော်နေရပ်စွန့်ခွာ

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate