• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မြို့မအတွက်ရေးပေးခဲ့တဲ့ မြို့မငြိမ်းသီချင်း အသင်းကသာ ပိုင်ဆိုင်ဟု ဆို

by သဲသဲ
6 September 2017
in Lifestyle
A A
၂၀၁၇ ခုနှစ် မန္တလေးမြို့သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့တော်ဝန်မဏ္ဍပ်နဲ့အတူ မြို့မငွေငန်း / ဇော်ဇော် / ဧရာဝတီ

၂၀၁၇ ခုနှစ် မန္တလေးမြို့သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့တော်ဝန်မဏ္ဍပ်နဲ့အတူ မြို့မငွေငန်း / ဇော်ဇော် / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

နှစ်ပေါင်း ၉၀ ကျော်ကြာ မြို့မတူရိယာအသင်းနဲ့ ဂီတမှူးတေးရေးဆရာ မြို့မငြိမ်းရဲ့ တေးသီချင်းတွေဟာ ခွဲခြားမရနိုင်သလို မြို့မအသင်းအတွက် ရေးစပ်ပေးခဲ့တဲ တေးသီချင်းများကို အသင်းကသာ ပိုင်ဆိုင်ကြောင်း မြို့မအသင်းရဲ့ ဒုဥက္ကဌဖြစ်သူ ဦးကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

မြို့မငြိမ်းရဲ့သားဖြစ်သူ ဦးရွှန်းမြိုင်ကို ငွေကြေးသုံးစွဲမှုကိစ္စရပ်များအပါအဝင် အချက် ၆ ချက်ဖြင့် မြို့မအသင်းရဲ့ ပညာရေး ဥက္ကဌ တာဝန်၊ ဂီတမှူးတာဝန်များ၊ အသင်းတိုက်တွင် သင်ကြားနေတဲ့ သင်တန်းအားလုံး ပိတ်သိမ်းရန် မြို့မအသင်း နာယကများနဲ့ အလုပ်အမှုဆောင်များက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ် မြို့မငြိမ်းရဲ့ မိသားစုဝင်တဦးဖြစ်သူ ဦးရွှန်းမြိုင်က မြို့မအသင်းတွင် လက်ရှိ ဦးဆောင်လမ်းညွှန်နေတဲ့ နာယကများနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တာဝန်ယူနေသမျှ ကာလပတ်လုံး မြို့မငြိမ်းရေးသားခဲ့တဲ့ သီချင်းများကို လုံးဝအသုံးမပြုရန် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များအရ မန္တလေးနေ့စဉ်သတင်းစာမှတဆင့် တရားလွှတ်တော် ရှေ့နေဖြင့် တားမြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်ဝင်း က ပြန်လည်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
46
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
929

“မြို့မဆိုတဲ့ အသင်းတည်ထောင်ပြီးမှ မြို့မငြိမ်းက သီချင်းရေးဆရာတယောက်အနေနဲ့ သီချင်းရေးကောင်းလို့ မြို့မနဲ့ မြို့မငြိမ်းဟာ တခါတည်းတွဲပြီး ဖြစ်ပေါ်လာတဲ့ စာရေးဆရာ သီချင်းရေးဆရာတယောက်ပါ။ ဒီတော့ မြို့မငြိမ်းက အသင်းအတွက် ရေးပေးတာ။ အသင်းပိုင်သီချင်းလို့ တချို့နားလည်တဲ့သူတွေ သိပြီးသားပါ။ အသင်းအတွက်ကို ပေးလိုက်တာပါ။ နှစ်ပေါင်း ၉၀ ကျော် မြို့မနဲ့ မြို့မငြိမ်းဆိုတာ ခွဲခြားမရတာကို သူတို့မိသားစုတွေက နှစ်ပေါင်း ၉၀ ကျော်တည်လာတဲ့ အဖွဲ့အစည်းတခုကို ကန့်ကွက်တားမြစ်လိုက်တာက ရုပ်ဆိုး အကျည်တန်ပြီး ဝမ်းနည်းစရာ ကောင်းပါတယ်”

“နှစ်ပိုင်းရှိပါတယ်။ သူတို့ပိုင်ပေမယ့်လည်း အသင်းကိုပေးထားတဲ့အတွက် ဒီလိုလုပ်လို့မရပါဘူး။ တခြားသူအပေါ်မှာ လုပ်လို့ရတယ်။ အသင်းအပေါ်မှာ လုပ်လို့မရဘူး။ မန်းမြို့က ဂုဏ်သရေရှိ ဇနီးမောင်နှံကို လက်ဖွဲ့ဆိုပြီးတော့ မြို့မငြိမ်းက လက်ဝယ်ပေးခဲ့တဲ့ သီချင်းတွေရှိသလို မြို့မအတွက်လည်း တီးကြမှုတ်ကြပါဆိုပြီး လက်ဝယ် ပေးခဲ့တဲ့အတွက် အသင်းပိုင်ဆိုင်တဲ့ သီချင်းလို့ပဲ သတ်မှတ်ရမှာပေါ့။ သူပေးခဲ့တာကိုး” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

ဒီလို မြို့မငြိမ်းရဲ့ တေးသီချင်းများ မူပိုင်ခွင့်နဲ့ပတ်သက်လို့ မည်သူမည်ဝါဘက်က ပိုင်ဆိုင်သလဲဆိုတဲ့အပေါ် သားဖြစ်သူ ဦးရွှန်းမြိုင်ကို ဧရာဝတီက မေးမြန်းကြည့်တဲ့အခါ “အဲဒါကတော့ ကာကယံရှင်က ရေးတာပဲလေ။ ကာယကံရှင်က ပိုင်တာဖြစ်မှာပေ့ါ” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ထိုကဲ့သို့ မြို့မငြိမ်းရဲ့တေးသီချင်းများကို မြို့မအသင်းအနေနဲ့ ဆက်လက် အသုံးပြုခွင့်မရခြင်းနဲ့ ပတ်သက်လို့ မြို့မအသင်းအနေနဲ့ မတီးရဆိုလည်း တီးမှာမဟုတ်ကြောင်း၊ သို့ပေမယ့် မြို့မကို ချစ်မြတ်နိုးတဲ့ ပရိသတ်များ၊ မြို့မအသင်းနဲ့မှ မြို့မငြိမ်းသီချင်းများကို နားဆင်ချင်ကြတဲ့ ပရိသတ်များက တောင်းဆိုလာရင်တော့ တီးခတ်သွားမှာဖြစ်ကြောင်း၊ ဒါကိုမှ တရားစွဲမယ်ဆိုပါက တရားခွင်မှာပဲ ရှင်းလင်းသွားမှာဖြစ်ကြောင်း ဦးကျော်ဝင်းက ဆိုပါတယ်။

ဒီအပေါ် ဦးရွှန်းမြိုင်က “ဘာမှ ပြောစရာမရှိပါဘူး။ ရေးထားတဲ့အတိုင်း အပိုအလိုမရှိပါဘူး။ အဲ့ဒါကို သူ့တို့ဘက် ကလည်း ဆက်လုပ်စရာရှိတာ လုပ်ပါလိမ့်မယ်။ ကျနော်သဘောထားက ရှေ့နေ့ကနေ ပြောထားတဲ့ အတိုင်းပဲ။ ရှေ့နေက သူ လုပ်စရာရှိတာ လုပ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

“မြို့မငြိမ်းဆိုတာ ရတနာသေတ္တာကြီးပါပဲ။ ဒီ ရတနာသေတ္တာကြီးက စကတည်းက မြို့မဆိုတဲ့ အခန်းကဏ္ဍမှာ တလျှောက်လုံးရှိခဲ့တာ။ ဒီတော့ ဒီသေတ္တာကြီးကို မြို့မဆိုတဲ့ အခန်းကဏ္ဍမှာ တန်ဖိုးရှိတဲ့ တန်ဖိုးသိတဲ့သူတွေက ထိန်းသိမ်းစောင့်ရှောက်တယ်။ ဒီ ရတနာသေတ္တာထဲက ဂီတဆိုတဲ့ ရတနာတွေကို သုံးတယ်၊ စွဲတယ်။ ဘာပြဿနာမှ မရှိဘူး။ တန်ဖိုးရှိမှန်းသိတဲ့သူတွေက ထိန်းသိမ်းထားလို့လေ။ တန်ဖိုးရှိတဲ့သူတွေရဲ့ ထိန်းသိမ်းမှုမဟုတ်ဘဲ တန်ဖိုးမရှိတဲ့ သူတွေရဲ့ ထိန်းသိမ်းမှုလက်ထဲမှာ ဒီသေတ္တာကြီးရောက်နေတာကို မိသားစုက ဆုံးရှုံးသွားမှာစိုးလို့ ခဏပြန်သိမ်းထားတာ ဒါပါပဲ။ ဒီ မြို့မဆိုတဲ့ ကဏ္ဍမှာ နောက်ထပ်တန်ဖိုးကို သိတဲ့သူတွေ ရောက်လာရင် ဒီသေတ္တာကြီးက ပြန်ရောက်လာမှာပါ” မြို့မအသင်းတွင် အသင်းသားတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာ ဆူးငှက် က သုံးသပ်ပြောဆိုလိုက်ပါတယ်။

၁၉၂၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ မြို့မတူရိယာအသင်းတွင် အလင်္ကာကျော်စွာ မြို့မငြိမ်းက အသင်းတည်ထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ရေးစပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Your Thoughts …
Tags: မြို့မငြိမ်း
သဲသဲ

သဲသဲ

ဧရာဝတီ

Similar Picks:

မုန်လာဥ

မုန်လာဥ

by ရွာစား စိန်တင်ဟန်
30 September 2023
1k

တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း ထိုင်သုံးနေသည်”... တချို့ကျပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ မပူတဲ့သူ”ဟု ဆိုကြပြန်သည်။

ဂီတပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ မြို့မကိုပေါ

မြို့မကိုပေါပြောတဲ့ မြို့မငြိမ်းနှင့် မြို့မ

by ကိုရွှေအောင်
30 August 2022
4.5k

မန္တလေးမြို့ မြို့မတေးဂီတအဖွဲ့က တေးဂီတပညာရှင် မြို့မကိုပေါဟာ သြဂုတ် ၂၈ ရက်ညက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။

ဂီတပညာရှင် ဆရာကြီးမြို့မငြိမ်း

“တူးပို့ တူးပို့” သီချင်းကို ရေးသားခဲ့သူ ဂီတပညာရှင် ဆရာကြီး မြို့မငြိမ်း

by ညီညီသူ
10 April 2019
14.7k

ဆရာကြီးကို ၁၉၀၉ ခုနှစ်မှာ မန္တလေးမြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ ၁၉၃၁ ခုနှစ်ကနေစတင်ပြီး သီ ချင်းတွေကို ရေးစပ်သီကုံးခဲ့ပြီး မြို့မငြိမ်းဆိုတဲ့ ဂီတစာဆိုနာမည်ကို ခံယူခဲ့ပါတယ်။

Next Post
ဧရာဝတီတိုင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းတခု  / ဆလိုင်းသန့်စင် / ဧရာဝတီ

တိုင်း ၄ တိုင်းရှိ ရေဘေးဒုက္ခသည် ၇ သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ရှိနေဆဲ

ပုပ္ပါးတောင်ကို အမြဲစိမ်းလန်းစေချင်တယ် (ရုပ်/သံ)

ပုပ္ပါးတောင်ကို အမြဲစိမ်းလန်းစေချင်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 hours ago
8.3k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate