Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
မြန်မာ့နက္ခတ်ပညာရှင်ကြီးများ၏ ပြောပြချက်များ စာအုပ်မျက်နှာဖုံး

စာရေးသူ        –  စကြာလုလင်

စာအုပ်အမည်  –  မြန်မာ့နက္ခတ်ပညာရှင်ကြီးများ၏ ပြောပြချက်များ

အမျိုးအစား     –  ဗေဒင်

မြန်မာ့နက္ခတ်ပညာရှင်ကြီးတွေရဲ့အင်တာဗျူးတွေကို စုစည်းထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဆရာစံ-ဇာဏီဘိုက ` ဗေ ဒင်မေးတဲ့လူက ထပြန်ချင်ပေမယ့်လည်း ခဏနေဦး၊ အရေးကြီးတဲ့အချက် ဟောဦးမယ်လို့ ဆိုလိုက်တာမျိုး၊ လက်ဖက်ရည် တိုက်ပြီး တစ်မျိုးနဲ့အမုန်းကို ဟောတာဗျို့`လို့ သူ့ရဲ့ ဗေဒင်ဆရာဘဝအစ အတွေ့အကြုံတွေကို ပြောပြထားပါတယ်။

ဒီစာအုပ်မှာ ဆရာမိုးတားဦးထွန်းရှိန်၊ ဆရာစံတင်အောင်(ရွှေဘို)၊ ဆရာဒေါက်တာဒဂုန်၊ ဆရာဦးမြကြီး၊ ဆရာစံ-ဇာဏီဘို၊ ဆရာကာလာစန်၊ ဆရာမြတ်စောလင်း၊ ဆရာမင်းသိန်း၊ ဆရာဒေဝ၊ ဆရာမင်းဓူဝံ၊ ဆရာမဒေါ် လှလှစိန်၊ ဆရာမင်းဇယ၊ ဆ ရာဦးဆန်းလှိုင်၊ ဆရာဦးသန်းဝင်း(ညောင်ဦး)၊ ဆရာကံလင်းအောင်တို့ရဲ့ဘဝဖြတ်သန်းမှုတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါ တယ်။

ဆရာစကြာလုလင်က မျိုးဆက်သစ်နက္ခတ်ဗေဒင်ပညာရှင်များနဲ့ ဗေဒင်ဝါသနာရှင် စာဖတ်ပရိတ်များအတွက် ရည်ရွယ် တယ်လို့ ဆိုပါတယ်။

စိတ်ကူးချိုချိုက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ငါ ဟဲ့ ဆို တဲ့ ဖား ခုံ ညင်း ဖား စာအုပ်မျက်နှာဖုံး

စာရေးသူ           – စိုးနိုင်

စာအုပ်အမည်     –  ငါ ဟဲ့ဆိုတဲ့ ဖား ခုံညင်းဖား

အမျိုးအစား        –  အနုပညာ

မိုက်ခရိုဖုန်းရတဲ့ ဓမ္မာရုံလူကြီးလိုဟန်ပန်နဲ့ ရေးသားထားတဲ့ ပန်းချီစိုးနိုင်ရဲ့စာစုတွေဖြစ်ပါတယ်။ ဒီစာစုတွေထဲမှာ ငါဟဲ့ ဆို တဲ့ ဖားခုံ ညင်း ဖား၊ မြန်မာပန်းချီဆရာ၊ ကိုရွှေတို့၊ လောကနတ်ပန်းချီပြခန်း ရဲ့real time ပန်းချီကားများ၊ မြန်မာ့ကဗျာဆ ရာများ၊ စိုင်းဆိုင်း၊ ကိုအောင်ဆိုတာ ဖြူဖြူသန့်သန့်လေးမဟုတ်လား၊ ပန်းချီရေးခြင်းဆိုတာ၊ သြဂုတ်လတစ်ရက်နေ့၊ မေ တ္တာ၊ ကရုဏာ၊ မုဒိတာ၊ အသေဝနာစဗာနံ၊ ရာပြည့်၊ စိုးနိုင်၊ မင်းကို မုန်းတယ်၊ မင်းနာမည် မင်းပြောနေတာဟာ အပေါစား ဆန်တယ်၊ ခင်မောင်ရင်၊ ထွေလီကာလီ၊ စာမေးပွဲစတဲ့  အတွေးအမြင်စာစုတွေကို ပန်းချီစိုးနိုင်ရဲ့ရွံ့စေးရုပ် (Clay work) ရုပ်ပုံတွေကို ကြည့်ရှုရင်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

`ဇာတ်လမ်းတွဲရိုက်ဖို့တဲ့ ပန်းချီကား လာဌားတယ်။ ဘယ် အခန်းမှာလဲဆိုတော့ မင်းသမီးက ချစ်သူနဲ့ကွဲ ခံစားရတဲ့အခန်းမှာ မင်းသမီးရူးရေးတဲ့ ပန်းချီကားအနေနဲ့ ရူးသွပ်နေတဲ့အခန်းမှာ ထည့်သွင်းရိုက်ဖို့တဲ့ဗျာ` လို့ ပန်းချီစိုးနိုင်က ဖွင့်ဟထားပါတယ်။

the key collection က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ခြစ်ရာများ စာအုပ်မျက်နှာဖုံး

စာရေးသူ         –  မင်းသုဝဏ်

စာအုပ်အမည်   –  ခြစ်ရာများ

အမျိုးအစား      –  အတ္ထုပ္ပတ္တိ

ဆရာကြီးမင်းသုဝဏ်ရဲ့စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ ဟောပြောချက်၊ ဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဝန်ကြီးဖြစ်လျက် တော်လှန်ဝံ့သူ၊ သခင်ကိုယ်တော်မှိုင်းသာလျှင် စာမဆိုခဲ့သော်၊ သခင်ကိုယ်တော်မှိုင်း၏က ဗျာ တစ်ပုဒ်၊ ကျွန်တော်သိသော ဆရာမှတ်ကျောင်း၊ ကျွန်တော်တို့၏ဆရာကြီး၊ ဆရာကြီးဦးဖေမောင်တင်၊ ခေတ်စမ်းစာပေ ပေါ် စက၊ ဘမော့်ကျေးဇူး၊ ဝိုးတိုးဝါးတား မှတ်မိပါသေးသည်၊ ဆရာဇော်ဂျီနှင့် အင်္ဂလန်မှာ ခဏတာ၊ ဗိုလ်ချုပ်ဆန္ဒနှင့် ဆရာ့ ဝါသနာ၊ သိပ္ပံမောင်၀ (ခေါ်) အိုင်စီအက်ဦးစိန်တင်၊ ဦးခင်ဇော်နှင့်မဟာဂီတ၊ ကြီးပွားရေးမဂ္ဂဇင်းနှင့် ဦးလှ၊ ကျွန်တော် မှတ် မိ သော ဆရာဦးကျော်ဝင်း၊ စာပန်းချီ ၂ ကွက်၊ မြန်မာစာပေတွင် ပါသော မဟတ္တမဂန္ဒီ၊ လူရွှန်း၊ လူရွှန်းနှင့် ၎င်း၏စာပေ၊ လူ ရွှန်း ထွန်းပြောင်စေခဲ့သောလမ်းစဉ်၊ ရှိတ်စပီယား၏ကဗျာအသစ်တစ်ပုဒ် စတဲ့စာစုတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

the key collection က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

မိုးတစိမ့်စိမ့် စာအုပ်မျက်နှာဖုံး

စာရေးသူ        –  မောင်သာနိုး

စာအုပ်အမည်   –  မိုးတစိမ့်စိမ့်

အမျိုးအစား      – ကဗျာ

`ကဗျာမြတ်နိုးသူတစ်ဦးအဖို့ ဘဝမှာ ကြည်နူးစရာ အကောင်းဆုံးအချိန်ဟာ ကဗျာစာအုပ်တစ်အုပ်ကို ဖတ်နေရတဲ့ အချိန် ပါ ပဲ။ ကဗျာစာအုပ်တစ်အုပ် မရတတ်ရင်လည်း ကဗျာတစ်ပုဒ်နဲ့ပဲ လုံလောက်ပါ တယ်။ တစ်ခုတော့ရှိတယ်၊ ကဗျာက ကဗျာ ကောင်းတော့ ဖြစ်ရပေလိမ့်မယ်။`လို့ ဆရာမောင်သာနိုးက ဆိုပါတယ်။

ဒီစာအုပ်မှာ ကဗျာအရသာ၊ နှစ်ဦးလက်ဆောင်၊ မိုးတစိမ့်စိမ့် (၁)(၂)(၃)(၄)၊ ဆောင်းမီးဖိုနံဘေး၊ လွမ်းမတတ် စံကားဝါအငူ မှာ၊ ယုဂန်လှည့်သွား လရထားနှင့်၊ လက်တွန်းလှည်းနီနီ၊ မီးပုံးပျံလ၊ မိုးတစိမ့်စိမ့် (၅)(၆)၊ ညဉ့်သုံး ယံခါလေပြည်လာ၊ တေး ဘုမ္မာ၊ မြောက်လေချိုပျ၊ သွန်းချ မြောက်ဖြန်း၊ တောမြိုင်ခြေလမ်း၊ မှုန်မှုန်ငွေနှင်း (၁)(၂)(၃)၊ ကဗျာဆရာလောင်း၊ နှင်းယွင်း ဝသန်မြေ၊ မြိုင်စောင်းမှာတူစုံမောင်နှံ၊ သူငယ်ချင်းငယ်ကောင်း၊ တစ်ကိုယ်ရေတစ်ကာယ၊ ရေပွက်ပမာ၊ ဘုရားတိုင် ကဗျာ နှစ် ပုဒ်၊ အမေဖို့ကဗျာ၊ အမြတ်ခွန်ဝန်ထောက်နဲ့ ကဗျာအကြောင်းဆွေးနွေးခြင်း၊ နှစ်သစ်မင်္ဂလာစတဲ့ စံပယ်ဖြူမဂ္ဂဇင်းပါ ဆောင်း ပါးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ကွမ်းခြံလမ်းစာပေက တန်ဖိုး ၄၅၀၀ နဲ့ ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading