အခု ပြောပြချင်တာကတော့ Preschool အရွယ် ကလေးတွေကို အိမ်မှာပဲ ဖြစ်စေ၊ Preschool ကျောင်းမှာပဲ ဖြစ်စေ အ ကောင်းဆုံး လေ့ကျင့်သင်ကြားပေးသင့်တဲ့ အခြေခံပညာလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ဂဏန်းပိုင်ဆိုင်ရာ လေ့လာသင်ယူမှု
ဘဝအတွက် စီးပွားရေးတွက်ချက်မှုတွေရော သိပ္ပံဆိုင်ရာမှာပါ အရေးပါတဲ့ ကိန်းဂဏန်းဆိုင်ရာ လေ့လာသင်ယူမှုတွေကို လုပ် ဆောင်သင့်ပါတယ်။
ဒီနေရာမှာ Preschool အရွယ် ကလေးတွေဖြစ်တာကြောင့် ဂဏန်းပိုင်းဆိုင်ရာ လေ့လာမှုအပိုင်းမှာ အခြေခံကိန်းဂဏန်းတွေ ဖြစ်တဲ့ ၁၊ ၂၊ ၃၊ ၄ အစရှိသဖြင့် မှတ်သားစေခြင်း၊ ရေတွက်ခြင်းဆိုင်ရာ လွယ်ကူပေါ့ပါးသော တွက်ချက်ခြင်းမျိုးကို လေ့လာ စေခြင်း၊ ပေါင်း၊ နုတ်၊ မြှောက်၊ စား လက္ခဏာများ သင်ယူစေခြင်းများ လုပ်ဆောင်သင့်ပါတယ်။
ဒီနေရာမှာ ရေတွက်ခြင်းအတွက် သင်ကြားမှုမှာ အံစာတုံးပေါ်က အရေအတွက်များ၊ ကြီးစဉ်ငယ်လိုက်၊ ငယ်စဉ်ကြီးလိုက် စီ စဉ်မှုဆိုင်ရာ လေ့လာမှုပုံစံများနဲ့ သင်ကြားပေးသင့်ပါတယ်။
(၂) ပုံသဏ္ဌာန်ဆိုင်ရာ လေ့လာသင်ယူမှု
ဒီအပိုင်းကတော့ စက်ဝိုင်း၊ တြိဂံ၊ လေးထောင့် အစရှိတဲ့ ပုံပန်းသဏ္ဌာန်တွေကို သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ သ င်္ချာသုံး အဆိုပါ ပုံသဏ္ဌာန်တွေကအစ အလွယ်တမ်း ရေးဆွဲသော ပန်းပုံ၊ တိရစ္ဆာန်ပုံများ အပါအဝင် အသည်းပုံ၊ လပုံများ ထိ အောင်ပါ ရေးဆွဲစေခြင်း ဖြစ်စေ၊ အပိုင်းတခုချင်းစီကို ပန်းပုံ၊ အိမ်ပုံ ရရှိအောင် စီစဉ်စေခြင်းမျိုးဖြစ်စေ သင်ကြားပေးသင့်ပါ တယ်။
(၃) အရောင် လေ့လာသင်ယူမှု
အရောင်သင်ကြားခြင်းအပိုင်းမှာတော့ ကနဦး အစမှာ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၊ တိရစ္ဆာန်များရဲ့အရောင်တွေကို ဥပမာ ခိုင်းနှိုင်းပြခြင်းမျိုးနဲ့ အခြေခံ အဖြူ၊ အမည်း အရောင်တွေကို မှတ်မိလွယ်အောင် သင်ကြား လေ့လာစေပြီးတော့ နောက်ပိုင်း မှာမှ အရောင် အသေးစိပ်ကို မှတ်သားစေခြင်း၊ မေးခွန်းများ မေးမြန်းပြီး အရောင်ကို ခွဲခြား သိရှိစေခြင်း၊ အရောင်ခြယ် ရေး ဆွဲစေခြင်း၊ အထက်မှာ သင်ကြားခဲ့တဲ့ ပုံသဏ္ဌာန်လေ့လာမှုတွေနဲ့အတူ နေပုံ၊ လပုံ၊ သစ်ပင်ပုံများကို ရေးဆွဲစေပြီး တပါ တည်း ဆေးရောင်ခြယ်စေခြင်းတွေပါ သင်ကြားပေးသင့်ပါတယ်။
သင်ထောက်ကူပြုအနေနဲ့ အရောင် တခုစီ ပါရှိတဲ့ စာရွက်ငယ်လေးတွေအပေါ်မှာ အရောင်အမည်ကို ရေးသားပြီး မြင်လွယ် တဲ့ နံရံမှာ ကပ်ထားခြင်း၊ အရောင်တခုစီ ပါရှိတဲ့ အသီး၊ အစေ့များကို တမျိုးစီ ခွဲခြားစေခြင်းစသော သင်ကြားပြသခြင်းများ လုပ်ဆောင်သင့်ပါတယ်။
(၄) စာလုံးများဆိုင်ရာ လေ့လာသင်ယူမှု
Preschool တော်တော်များများမှာ မှားယွင်းတဲ့သင်ကြားမှုတခုကတော့ အထက်မှာ ပြောခဲ့တဲ့ သင်ကြားမှုတွေကို မလုပ် ဆောင်ခင်မှာ စာလုံးတွေကို ဦးစွာ သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။
အမှန်က အထက်မှာ ပြောခဲ့တဲ့ သင်ကြားမှုတွေ လုပ်ဆောင်ပြီးခါမှ အခုလိုမျိုး စကားလုံးဆိုင်ရာ သင်ကြားမှုကို စတင် သင့် ပါတယ်။
မိဘအများစုကလည်း Preschool ထားလိုက်ပြီး ရက်အနည်းငယ်အတွင်း မိမိရဲ့ကလေးငယ် စာလုံး သိတတ်လာမှု၊ ရေး တတ်လာမှုတွေအတွက် သဘောကျကြပါတယ်။ ဒါပေမယ့် သင်ကြားခံရသူ ကလေးငယ်မှာတော့ စိတ်ပေါ့ပါးတဲ့ သင်ကြား မှုထက် သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ ချက်ချင်း အပြေးလေ့ကျင့်သလို ပင်ပန်းမှုဖြစ်စေပါတယ်။
ကနဦး ကလေးငယ်တွေကို ပေါ့ပါးတဲ့ အထက်ပါ သင်ကြားမှုမျိုး စတင် ပေးပြီးမှ အခုလို စကားလုံး သင်ကြားမှုကို လုပ် ဆောင်ပေးပါ။
ဒီလို စကားလုံး သင်ကြားရေးမှာလည်း ရေးခြင်း၊ ဖတ်ခြင်းကို စတင် သင်ကြားခြင်းထက် ကလေးငယ်တွေ စိတ်ပါဝင်စား မယ့် အရောင်ပိုင်းဆိုင်ရာ ပါရှိတဲ့ ချစ်စဖွယ်စာလုံးတွေကို ပြသ မှတ်သားစေခြင်း၊ အရေးသင်ကြားမှု မသင်ခင်မှာ မြင်တာနဲ့ သိရုံ၊ မှတ်မိစေရုံပဲ သင်ကြားခြင်းမျိုး အရင် လုပ်ဆောင်ပါ။
အရေး၊ အဖတ် သင်ကြားမှု စတင်ချိန်မှာလည်း Preschool ကလေးတွေအနေနဲ့ အချိန်ရတာကြောင့် မဖြစ်မနေ အတတ်သင် ကြားမှုမျိုး လုပ်ဆောင်ခြင်းက ရှောင်ကြဉ်ပါ။
ဆိုလိုရင်းက ဒီနေ့အတွက် A ရေးသားမှု သင်ခန်းစာ ပြီးမြောက်မှ အိမ်ပြန်ရမယ်၊ ဆော့ခွင့်ရမယ်၊ ထမင်းစားနားရမယ် စတဲ့ သင်ကြားမှု ပုံစံမျိုး ဖြစ်ပါတယ်။
(၅) ပူးပေါင်း ကစားစေမှုဆိုင်ရာ လေ့လာမှု
ကလေးငယ်တွေကို စုပေါင်းကစားချိန် သတ်မှတ်ပြီး ကစားခွင့် ပေးပါ။ အဆိုပါ စုပေါင်းကစားချိန်မှာ ကစားရမယ့်နည်းလမ်း ကို သင်ပြသူက ပြောပေးပြီး ကစားနည်းအတွင်း ဝင်ရောက် ကစားခြင်း မပြုဘဲ သူတို့ကိုယ်တိုင် ကစားပါစေ။ ခိုက်ရန် မဖြစ် စေဖို့ဘဲ ဘေးနားမှာ နေပေးပါ။
အခုလို စုပေါင်းကစားစေခြင်းဟာ စည်းလုံးမှုကို တိုးတက်စေသလို စုပေါင်း လုပ်ဆောင်တတ်မှုကို ဖြစ်လာစေပါတယ်။ ဒါ အပြင် ကစားနည်းအတွင်း အချင်းချင်း ညှိနှိုင်းကစားမှုကို လုပ်ဆောင်တတ်လာပါတယ်။
ဆိုလိုရင်းကတော့ ဘောလုံးကစားနည်းကို ကစားပုံပြောပေးလိုက်ပြီး သူတို့ကိုယ်တိုင်ပဲ ကစားစေခြင်းက ဂိုးစည်းကို ဘယ် လောက် အကျယ်ထားမယ်၊ ဂိုးစည်း၊ ဘေးစည်းစတဲ့ သတ်မှတ်ချက်တွေကို သူတို့ ကိုယ်တိုင် တိုင်ပင်လုပ်ဆောင်တတ်လာ ပါလိမ့်မယ်။
ဒါဟာ စုပေါင်း လုပ်ဆောင်တတ်မှုကို သင်ကြားပေးရာ ရောက်သလို စိတ်ကူးစိတ်သန်း ထွက်ပေါ်မှုကိုလည်း အားကောင်း လာစေမှာဖြစ်ပါတယ်။
(၆) လက်ချောင်းများဆိုင်ရာ လေ့လာသင်ယူမှု
လက်မောင်းတခုလုံးစာ လေ့လာသင်ယူမှုအတွက် မဟုတ်ဘဲ လက်ချောင်းများဆိုင်ရာ သန်မာကျင့်သားရအောင် လေ့လာစေ မှု ဖြစ်ပါတယ်။
ဆန့်ကျင်ဘက် အဖျား နှစ်ခုမှာ အရောင် တရောင်စီ ပါရှိတဲ့ တုတ်ချောင်းများကို စီစီရီရီ စီစေခြင်း၊ လှိုင်းပုံစံ လိုင်းကြောင်း တလျှောက် ဆေးရောင်ခြယ်စေခြင်း၊ ခွက်ငယ်လေးတွေထဲကို အရောင်စေ့လေးတွေ ခွဲခြား ထည့်သွင်းစေခြင်း၊ အရောင်ကွင်း လေးတွေကို ကြိုးနဲ့ သီစေခြင်း၊ လက်ဖြစ် မုန့်လုပ်တမ်းကစားစေခြင်း၊ အပေါက်ငယ်ပါရှိတဲ့ ဘူးငယ်လေးထဲကို ပဲစေ့တွေ ထည့်စေခြင်း၊ အရောင်စေ့များ သီစေပြီး ပန်းသဏ္ဌာန် ပုံဖော်စေခြင်း စတဲ့ သင်ကြားမှုတွေက လက်ချောင်းတွေကို အကောင်း ဆုံး သန်မာမှု ရှိလာစေမှာ ဖြစ်ပါတယ်။
(၇) ကိုယ်ခန္ဓာဆိုင်ရာ လေ့လာသင်ယူမှု
ဒီတချက်ကတော့ အားကစားတခုခု ပြင်းပြင်းထန်ထန် မကစားနိုင်သေးတဲ့အရွယ်မှာ ကလေးကစားစရာ ဘောလုံးများနဲ့ က စားစေခြင်း၊ ကလေးတယောက်ကို အရုပ်ပေါ် ထိုင်စေပြီး အခြား ကလေးတယောက်ကို တွန်းစေခြင်း၊ ခုန်နိုင်၊ မြှောက်နိုင် သော ကစားစရာများနဲ့ ဆော့ကစားစေခြင်းတွေက ကိုယ်ခန္ဓာဆိုင်ရာ ကြံံ့ခိုင်မှုကို အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာ ပါ။
လှေခါးထစ်လေးများ တက်စေခြင်း၊ ပိုက်လုံးစီးစေခြင်း၊ တွယ်တက်စေခြင်း ကစားနည်းများလည်း ကစားစေနိုင်ပါတယ်။
(၈) လူမှုဆက်ဆံရေးဆိုင်ရာ လေ့လာသင်ယူမှု
ဒီအတွက်ကတော့ ပျော်ရွှင်စရာ ကာတွန်းပုံလေးတွေနဲ့ပဲ ဖြစ်စေ၊ ကလေးငယ်တွေရဲ့ပုံနဲ့ပဲ ဖြစ်စေ မျက်နှာအနေအထား အ ပေါ်ကို မူတည်ပြီး စိတ်ဆိုးနေခြင်း၊ ပျော်ရွှင်နေခြင်း၊ စဉ်းစားနေခြင်း၊ စိတ်လှုပ်ရှားနေခြင်းစတဲ့ ပုံသဏ္ဍာန်တွေကို ပုံနဲ့အတူ စာပါ တပါတည်း ရေးသားမှတ်သားစေခြင်း ဖြစ်ပါတယ်။
ဒါဟာ သင့်ကလေးငယ်ကို လူမှုဆက်ဆံရေးအပိုင်းမှာ အကောင်းဆုံး ဆက်ဆံတတ်မှုနဲ့ သိတတ်မှုကို ဖြစ်လာစေမှာပါ။ နောက်ဆက်တွဲအနေနဲ့ စိတ်ဆိုးနေသူတယောက်အတွက် ရယ်ရွှင်ပြရန်၊ ပျော်ရွှင်နေသူနဲ့အတူ ရယ်မောတတ်ရန်၊ စတဲ့ နောက် ဆက်တွဲ သင်ကြားမှုတွေ ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
Ref: www.b-inspiredmama.com