Lifestyle

အင်းလျားကန်အလှနဲ့ LOTTE ဟိုတယ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အင်းလျားကန်အလှကို မြင်နေရတဲ့ LOTTE Hotels & Resorts Yangon ကို စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်မိတ်ဆက်ခဲ့ပါတယ်။

LOTTE ဟိုတယ်က ရန်ကုန်မြို့ရဲ့အကြီးဆုံး ကြယ်ငါးပွင့်အဆင့်ဟိုတယ်တွေထဲမှာ တခုအပါအဝင် ဖြစ်ပြီး ဟိုတယ်မှာ ခမ်းနားတဲ့ Lobby၊ မင်္ဂလာပွဲ၊ ပွဲအခမ်းအနားများကျင်းပရာ Grand Ballroom၊ စီးပွားရေးလုပ်ငန်း အစည်းအဝေးများ၊ Press Conference များ ကျင်းပရာ Functional Junior Ballroom များနဲ့ စီးပွားရေးသမားများအတွက် Business Center တခုတို့ ပါဝင်ပါတယ်။

“ဟိုတယ်မှာ ဘယ်လို Event, Activity တွေ ပြုလုပ်လေ့ရှိလဲဆိုတော့ ကျမတို့ ဟိုတယ်အနေနဲ့ ကတော့ လစဉ် ပုံမှန် Seasonal Event တွေ ပြုလုပ်ဖို့ရှိပါတယ်။ ဥပမာ- Valentine’s Day၊ Christmas, New Year တို့၊ သင်္ကြန်တို့၊ Chinese New Year အဲ့လိုပွဲတွေ ဟိုတယ်မှာ ပုံမှန် လုပ်သွားမယ်။ တခြား Event တွေ Activity ကတော့ ကုမ္ပဏီတွေ ဘက်ကနေ လာအပ်တဲ့ ပွဲတွေ လည်း ပြုလုပ်ပေးပါတယ်” လို့ LOTTE ဟိုတယ်ရဲ့ Assistant Marketing Manager မဝိုင်းဝိုင်းချစ်က ဧရာဝတီကို ပြောပါတယ်။

ဟိုတယ်ရဲ့ အတွင်း Decoration အပိုင်း၊ ဖွဲ့စည်းပုံ၊ ဆောက်လုပ်ထားတဲ့ ထူးခြားတဲ့ ဒီဇိုင်းကိုတော့ နိုင်ငံတကာနဲ့ ဥရောပမှ ဒီဇိုင်းပညာရှင်များ အားလုံးပူးပေါင်းပြီး ရေးဆွဲ ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။

“ဟိုတယ်မှာ လာရောက်တည်းကြသူတွေ အများစု အဓိက ကြိုက်ကြတာတော့ ဟိုတယ်ရဲ့ ဆောက်လုပ်ထားတဲ့ Facilities တွေကို ကြိုက်ကြတယ်။ ပြီးတော့ အဓိကက View (မြင်ကွင်း)ပေါ့။ ဘယ်အခန်းကပဲ ကြည့်ကြည့် အင်းယားကန်ရဲ့ မြင်ကွင်းအလှကို မြင်ရတယ်။ ပြီးတော့ ဟိုတယ်ရဲ့ Decoration အလှကို ကြိုက်ကြတယ်။ Lobby ဆိုရင်လည်း လှလို့ ဆိုပြီး လာတည်းကြတဲ့ ဧည့်သည်တွေ လူငယ်တွေက ဓာတ်ပုံတွေရိုက်ပြီး တင်ကြတယ်” လို့ မဝိုင်းဝိုင်းချစ်က ဆိုပါတယ်။

ဟိုတယ် တည်းခိုခ တညကို အမေရိကန်ဒေါ်လာ ၁၅၀ ကနေ ၃၈၀ ကျော်ကြား အစားစားရှိပြီး LOTTE Hotels & Resorts ဟာ အထပ် ၁၄ ထပ်နဲ့ အခန်းပေါင်း ၃၄၃ ခန်းပါဝင်ပါတယ်။

ဟိုတယ်မှာ လာရောက် အနားယူ၊ တည်းခိုသူများအတွက် ချွေးထုတ်ခန်း ပါဝင်တဲ့ Gym ခန်းမ၊ Indoor Swimming Pool နဲ့အတူ အင်းယားကန်အလှကို တဆက်တည်း မြင်နေရတဲ့ Lakeside Infinity Pool, Pool-side Bar, Jacuzzi, Spa နဲ့ နိုင်ငံတကာ စားသောက်ဆိုင်များ ပါဝင်ပါတယ်။

“ဟိုတယ်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကတော့ ကိုရီးယားအစားအစာတွေ ရရှိနိုင်တဲ့ “Mugunghwa” စားသောက်ဆိုင်၊ ၁၄ လွှာမှာ တရုတ်ရိုးရာအစားအစာတွေရရှိနိုင်တဲ့ “Toh Lim” တရုတ်စားသောက်ဆိုင်၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အနောက်တိုင်းအစားအစာများ International Buffet စားသုံးနိုင်တဲ့ “La Seine” Restaurant၊ ဥရောပအစားအစာတွေနဲ့ ပေါင်မုန့်၊ ကိတ်မုန့် ကြိုက်သူများအတွက် “Delica-Hans” စားသောက်ဆိုင်တွေ ရှိပါတယ်” လို့ မဝိုင်းဝိုင်းချစ်က ဧရာဝတီကို ပြောပါတယ်။

LOTTE ဟိုတယ်နဲ့ ကပ်လျက် Serviced Apartments မှာတော့ အထပ် ၂၉ ထပ်နဲ့ အခန်းပေါင်း ၃၁၅ ခန်း ပါဝင်ပါတယ်။ Serviced Apartment အပိုင်းမှာတော့ Long-stay နေထိုင်လိုသူများအတွက် ငှားရမ်းပေးတာဖြစ်ပြီး ဝန်ဆောင်မှုအနေနဲ့ Fitness Center တခု၊ Library တခုနဲ့ ကလေးငယ်များ ဆော့ကစားရာ နေရာ Kid Corner တို့ ပါဝင်တယ်လို့ သိရပါတယ်။

LOTTE Hotels & Serviced Apartments ဟာ တောင်ကိုရီးယားနိုင်ငံမှ လာရောက်ဖွင့်လှစ်တဲ့ ဟိုတယ်လုပ်ငန်းစု ကုမ္ပဏီကြီးတခု ဖြစ်ပြီး ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်းလျားကန် နံဘေးမှာ တည်ရှိပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading