Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.
ကလေးကဗျာပေါင်းချုပ် စာအုပ်မျက်နှာဖုံး

စာရေးသူ              – မင်းသုဝဏ်

စာအုပ်အမည်       – ကလေးကဗျာပေါင်းချုပ်

အမျိုးအစား          – ကဗျာ

ပထမခေတ်သစ်ကလေးကဗျာဆရာအဖြစ် အသိအမှတ်ပြုခံရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ကလေးကဗျာစုစည်းမှုစာအုပ်ဖြစ် ပါတယ်။

ဒီစာအုပ်မှာ ၁၉၃၁ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ နှစ်ပေါင်း ၇၀ နီးပါးရေးဖွဲ့ခဲ့ ကဗျာ ၁၉၈ ပုဒ်ကို ပန်းချီမုတ်သုန်ရဲ့သရုပ် ဖော်ပုံပေါင်းများစွာနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။ ဆရာမောင်ခင်မင် (ဓနုဖြူ) က `ဆရာကြီးသည် သစ်ပင်ပန်းမန် ရေမြေ တို့၏အလှကို ကလေးများသတိပြုတတ်အောင် ထိုမှတဆင့် နှစ်သက်လာအောင် ခြယ်မှုန်းရေးဖွဲ့ပြသည်။

ကလေးများ၏ရင်တွင် ကျေးငှက်တိရစ္ဆာန်ကလေးများကိုချစ်ခင်စိတ်၊ သနားစိတ်များ၊ ပေါ်လာအောင်ခြယ်မှုန်း ရေးဖွဲ့ပြ သည်။ ကလေးများအသိအလိမ္မာတိုးပွားစရာ အမူအရာအဖြစ်အပျက်များကို ရေးဖွဲ့လျက် သိမ်မွေ့စွာ ဆုံးမပြောဆိုသည်။ သံချိုသာပြေပြစ်သောကဗျာကလေးများကို ရွတ်ဆိုရင်း နှစ်သက်ပျော်ရွှင်လာအောင် ရေးဖွဲ့ထားသောကလေးများအတွက် လက်ဆောင်မွန်များဖြစ်သည်`လို့ ဆိုပါတယ်။

the key collection က တန်ဖိုး ၆၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ကမ္ဘာ့စာပေတစေ့တစောင်းနှင့်ကမ္ဘာ့ဝတ္ထုအညွန်း စာအုပ်မျက်နှာဖုံး

စာရေးသူ              – နတ်နွယ်

စာအုပ်အမည်       – ကမ္ဘာ့စာပေတစေ့တစောင်းနှင့် ကမ္ဘာ့ဝတ္ထုအညွန်း

အမျိုးအစား          – စာပေ

ရနံ့သစ်၊ အိပ်မက်ဖူး၊ စာပေဂျာနယ်နဲ့ရွှေမဂ္ဂဇင်းတွေမှာ ဆရာနတ်နွယ်ရေးသားခဲ့တဲ့နိုင်ငံတကာ ဝတ္ထုတွေကို စုစည်းထုတ် ဝေလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စိတ်အလျဉ်ရေးဖွဲ့နည်းသမိုင်းနောက်ခံ၊ ဖော့ကနားမိတ်ဆက်၊ အကြောင်းအရာသစ်ပုံစံသစ် ဂျွန်ဒါစပါဆာ၊ အိုင်းရစ်မားဒေါ့၏ ကွန်ရက်ထဲဝယ်၊ မစ်ချနာစုဆောင်းသောပန်းချီကားများ၊ ဂျော့စတိန်းဂါဒါ၏ဆိုဖီ၏ကမ္ဘာ၊ ပေါသီရူး၏ ခရီးသွားဝတ္ထုများ၊ ဂိုးဗီဒယ်နှင့်တွေ့ဆုံမေးမြန်းခြင်း၊ အာစကင်ကောဒွဲနှင့်အမေးအဖြေ၊ ပွတ်ရှကင်၏ ယူဂျင်းအော်ညီဂင်၊ ဂျွန်မီလတန်၏ကောင်းကင်ဘုံပျောက်ဆုံးခြင်း၊ မတ်တွိန်း၏စွန့်စားခန်းများစတဲ့ ကမ္ဘာ့စာပေအကြောင်းတွေနဲ့ ဒေါက်တာ ဖော့စတပ်၊ ဖောက်စ်၊ နောက်ဆုံးမိုဟီကန်များ၊ မိုဗီဒစ်၊ ကာရာမာဇော့ညီအစ်ကိုများ၊ ပင်ဂွင်ကျွန်း၊ ဟောင်းဝပ်အင်း၊ အနုပ ညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ၊ ဝိုင်စဘတ်အိုဟိုင်ယို၊ ခရစ္စတင်လက်ဗရင်ဒက်တာ၊ ပဉ္စလက်တောင်၊ တရားခွင်၊ ရဲတိုက်၊ ဖရန့်ကပ်ဖကာ၊ အထီးကျန်ဝံပုလွေ၊ လှိုင်းများ၊ ကွယ်လွန်သူဂျော့အက်ပလီ၊ အော့နှလုံး၊ တန်ခိုးအာဏာနှင့် ဂုဏ်သိက္ခာ၊ ဒေါက်တာ ဖော့စတပ်၊ မတွေ့မြင်နိုင်သူ၊ အော်ဂီမတ်၏စွန့်စားခန်းများ စတဲ့ကမ္ဘာ့ဝတ္ထုအညွန်းတွေကို မူရင်းစာရေးသူ ဓာတ် ပုံ၊ စာအုပ်မျက်နှာဖုံးဓာတ်ပုံတွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။

စိတ်ကူးချိုချိုက တန်ဖိုး ၄၅၀၀ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

မီးခဏခဏလာတာ `ရပ်`နှင့် အရပ်သားကာတွန်းများ စာအုပ်မျက်နှာဖုံး

စာရေးသူ              – မောင်မောင်ဖောင်တိန်

စာအုပ်အမည်       – မီးခဏခဏလာတာ `ရပ်`နှင့် အရပ်သားကာတွန်းများ

အမျိုးအစား           – ကာတွန်း

ခေတ်ကို သရော်ဝေဖန်ထားတဲ့ ကာတွန်းမောင်မောင်ဖောင်တိန်ရဲ့ကာတွန်းလက်ရာများ စုစည်းမှုစာအုပ်ဖြစ်ပါတယ်။ ဒီ စာအုပ်မှာအရီးရဲ့နွားက မဆွဲနိုင်သလို တွဲလာတဲ့နွားကလည်း နွားကပ်ဗျ…၊ တစ်ကျောင်းတစ်ဂါထာ၊ တရွာတစ်ပုဒ်ဆန်း ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ပြောတာရှင့်..၊ အရင်အစိုးရလက်ထက်တုန်းက မီးခဏ ခဏပျက်ခဲ့တာကွ၊ အမလုပ် ချင်တာကြပြောပြီး ကျနော်တို့ လုပ်ချင်တာပြောတော့ စိတ်ဆိုးတယ်နော်..အပါအဝင် စိတ်ကူးကောင်း၊ လက်ရာကောင်း ကာတွန်းပေါင်းများစွာကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။

ကာတွန်းတွေနဲ့ပတ်သက်လို့ ဆရာချစ်ဦးညိုက ` ရပ်တည်မှု မှန်ကန်ခြင်းတည်းဟူသောအချက်ပင်ဖြစ်သည်။ ရပ်တည် မှုမှန်ကန်ခြင်း ဆိုရာမှာလည်း ပြည်သူ့ဘက်၊ ဒီမိုကရေစီအစိုးရဘက် မည်ကာမတ္တမဟုတ်ပါ။ အဓမ္မကို ဆန့်ကျင်သော ဓမ္မ ဘက်ဖြစ်လေသည်` လို့ အမှာစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်လမ်းမများစာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ပျိုမေတို့အလှအပ ဂမ္ဘီရပညာနှင့် တစ်သက်တာရာသီခွင် ဟောစာတမ်း စာအုပ်မျက်နှာဖုံး

စာရေးသူ              – စကြာလုလင်

စာအုပ်အမည်       – ပျိုမေတို့အလှအပ ဂမ္ဘီရပညာနှင့် တစ်သက်တာရာသီခွင် ဟောစာတမ်း

အမျိုးအစား           – ဗေဒင်

ဗေဒင်ပညာရှင် စကြာလုလင်ရဲ့ ဒုတိယအကြိမ်ထုတ် ပျိုမေတို့အလှအပ ဂမ္ဘီရပညာနှင့် တစ်သက်တာ ရာသီခွင်ဟောစာ တမ်းများအမည်ရတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်မှာ ရာသီခွင်အကြောင်း၊ ရတနာအဆောင်ကိစ္စ၊ ပြိဿရာသီဖွား၊ မေထုန်ရာသီဖွား၊ ကာရကဋ်ရာသီဖွား၊ သိဟ်ရာ သီ ဖွား၊ ကန်ရာသီဖွား၊ တူရာသီဖွား၊ ဗြိစ္ဆာရာသီဖွား၊ ဓနုရာသီဖွား၊ မကာရ ရာသီဖွား၊ ကုံရာသီဖွား၊ မိန်ရာသီဖွား၊ အရောင်နိ မိတ်နဲ့ အချစ်စိတ်ကို စုံစမ်းမယ်စတဲ့ ဗေဒင်အဟောများ ပါဝင်ပါတယ်။

စကြာလုလင်ကိုယ်တိုင် အမှာစာရေးထားပြီး အမှာစာတွင် “မိမိတို့အတွက် ဒီစာအုပ်လေးဟာ တစ်စုံတစ်ခုသော အတိုင်းအ တာ အထိ အသုံးတည့်ခဲ့မယ်ဆိုရင် ကျမ်းစာအုပ်ပေါင်းများစွာထုတ်ဝေခဲ့ကြတဲ့ ဆရာကြီးများကို ကျေးဇူးတင်ပါ။ ထုတ်ဝေ ပေးတဲ့ စာအုပ်တိုက်ကလေးကို ကျေးဇူးတင်ပါ။ဘာမှ အသုံးမတည့်ဘူးဆိုရင်တော့ ကျွန်တော့်ကို အပြစ်တင်ပါ။”လို့ ဆိုထား ပါတယ်။

စိတ်ကူးချိုချိုစာပေကနေ တန်ဖိုး ၁၇၀၀ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ပါသီနွန် စာအုပ်မျက်နှာဖုံး

စီစဉ်သူ               – the key collection

စာအုပ်အမည်       – ပါသီနွန်

အမျိုးအစား           – ရှေးဟောင်းယဉ်ကျေးမှု

ဂရိနိုင်ငံကကမ္ဘာကျော် ပါသီနွန်ဝတ်ကျောင်းကြီးရဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ဖြတ်သန်းမှု သမိုင်းမှတ်တိုင်တွေကို ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာအခန်း ၁။ တောက်ပလင်းလတ်သော အခါသမယ၊ လူထုမြတ်နိုးသော ခေါင်းဆောင်၊ အခန်း ၂။ လုပ်ဖော်ကိုင် ဖက်များ၊ အခန်း ၃။ အတိုင်းထက်အလွန် ကောင်းမွန်ပြည့်စုံသော၊ အခန်း ၄။ တစ်မူထူးခြားသော မွေးဖွားသည့်နေ့၊ အခန်း ၅။ ကြီးကျယ်ခမ်းနားသောပြိုင်ပွဲကြီးတစ်ခုအခန်း ၆။ ဖြေရှင်း၍မရသောသေးသော ပဟေဠိတစ်ခု အခန်း ၇။ ဧရာမအေသီ နာ၊ အခန်း ၈။ ပါသီနွန်နှင့်အခြားအခန်း ၉။ ပျက်စီးယိုယွင်းမှု များအခန်း ၁၀။ လက်ရှိပါသီနွန် စတဲ့အခန်းများကို သရုပ်ဖော် ပုံများနဲ့အတူ ဖတ်ရှုရမှာပါ။

`လက်ရှိသက်ရှိထင်ရှားရှိနေကြသူတွေက အံ့သြချီးကျူးပြောဆိုကြသလို အနာဂတ်မျိုးဆက်တွေကလည်း ကျွန်တော်တို့ကို တအံ့တသြ ချီးမွမ်းပြောဆိုကြလိမ့်မယ်`အေသင်မြို့၏ခေါင်းဆောင် ပီရိကလိပြောခဲ့သလို သန်းနဲ့ချီတဲ့ကမ္ဘာလှည့်ခရီးသွား တွေ က ပါသီနွန်ကို နှစ်စဉ်သွားရောက်ကြပါတယ်။

the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading